.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Wednesday, November 9, 2011

စီအဲန်အေ နာမည်အလွဲသုံးစားလုပ်ပြီးငွေကောက်သူများအား မြန်မာစစ်တပ်က ဖမ်းဆီး


ချင်းအမျိုးသားတပ်မတော်(စီအဲန်အေ)နာမည်ကိုအလွဲသုံးစားလုပ်ပြီး ဒေသခံပြည်သူများအား ငွေကောက်နေသူ နှစ်ဦးထဲက တဦးအား နိုဝင်ဘာလ ၅ ရက်နေ့က မြန်မာအစိုးရ စစ်တပ်မှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ နှစ်ဦးသည်ချင်းပြည်နယ်ဖလမ်းမြို့နယ်၊Lente ကျေးရွာသားThangKim နှင့်ထန်တလန်မြို့နယ် မှောင်တလန်ကျေးရွာ မှ Suizathang တို့ဖြစ်ပြီး ကျီခါး မြို့ပေါ် အခြေစိုက် ခလရ ၂၇၄ တပ်ရင်းက ကျီခါးမြို့နယ်ခွဲ၊ ဟိုင်ကျင်း ကျေးရွာ တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“စီအဲန်အေက ပြည်တွင်းမှာ အခွန်ငွေကောက်တာတွေ မလုပ်ဘူး၊ အဲဒါကြောင့် စီအဲန်အေ မဟုတ်မှန်းသိလို့ စစ်တပ်ကို တိုင်တယ်၊ ဒါ ပေမဲ့ suizathang တော့ လွတ်သွားတယ်၊ Thangkim ကိုတော့ စစ်တပ်က ခေါ်သွားကြတယ်” ဟု ဒေသခံ တဦးက ပြောသည်။
Thangkim နှင့် Suizathang တို့နှစ်ဦးသည် စစ်ဆင်ရေးပြုလုပ်ရန်အတွက် ဆိုပြီး ဒေသခံဟိုင်ကျင်းရွာသားများအား တအိမ်လျှင် အနည်းဆုံး ရူပီး ၂၀၀ စီ ထည့်ဝင်ကြရန်  ပြောကြားခဲ့သဖြင့် ဒေသခံများမှ စစ်တပ်အား တိုင်ကြားခဲ့ရာမှ အဖမ်းခံခဲ့ကြခြင်းဖြစ်သည်ဟု သတင်းရရှိသည်။
Suizathang ဆိုသူသည် အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် သားမယားနှင့် နေထိုင်သူဖြစ်ပြီး မယားနှင့် ကွာရှင်းခဲ့သူဖြစ်ကြောင်း ဒေသခံများ အဆိုအရ မီဇိုရမ်ဖက်သို့ ပြန်လည် တိမ်းရှောင်ဘွယ်ရှိကြောင်း သိရသည်။
စီအဲန်အက်ဖ်သည် ၂၀၀၅ ခုနှစ်နောက်ပိုင်း အငတ်ဘေးဒါဏ် ကျရောက်ချိန်မှစပြီး ချင်းပြည်သူလူထုထံ အလှူငွေ ကောက် ခံခြင်းမရှိတော့ကြောင်း သိရ သည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ