.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Monday, November 7, 2011

မြစ်ကြီးနား -ဆဒုံး-ကန်ပိုက်တီ လမ်းပိုင်းသို့ မြန်မာအစိုးရတပ် စစ်ကြောင်းထိုး

by Jade Land on Tuesday, November 8, 2011 at 3:10pm

ဆဒုံး-ကန်ပိုက်တီ လမ်းကြောင်းမှ စစ်ကြောင်းထိုးတက်လာနေသော မြန်မာစစ်ကြောင်း
-
ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ အား
စစ်ရေးအရအနိုင်ယူတိုက်ခိုက်နိုင်ရန်ရည်ရွယ်ချက်ဖြင့် မြန်မာအစိုးရ စစ်တပ်တို့ သည် စစ်မျက်နှာပေါင်းစုံဖွင့်လျက် ကေအိုင်အေ တပ်မတော်အားအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေရာ ယခုအခါ ဆဒုံး ( Sadung ) ကန်ပိုက်တီ ( KamPai Ti ) လဖိုင်( Lahpai ) လမ်းးပိုင်း ဘက်မှထိုးစစ်ဆင်တိုက်ခိုက်ရန်ပြင်ဆင်သည့်အနေဖြင့် အဆိုပါဒေသသို့ စစ်အင်အားအလုံးအရင်းပို့ ဆောင်လျက်ရှိနေပါသည်။
-

-

-
လွန်ခဲ့သော တနင်္ဂနွေနေ့ ည ( ၉)နာရီခန့် က ၀ိုင်းမော်မြို့ ခလရ(၅၈)တပ်ရင်းတွင် ရောက်ရှိနေသော တပ်မ(၈၈)မှတပ်ဖွဲ့ ဝင်အင်အား ( ၁၅၀-၂၀၀)ခန့် သည် ညအမှောင်ကို အကာအကွယ်ယူကာ ဆဒုံး-ကန်ပိုက်တီဒေသ သို့ စစ်ကြောင်းထိုး ချီတက်သွားကာ တနလာင်္မနက်ပိုင်းတွင်လည်း ထပ်မံ၍ နောက်ထပ် စစ်အင်အား အယောက် ( ၃၅၀-၄၀၀)ခန့် အဆိုပါဒေသသို့ ထပ်မံချီတက်သွားကြောင်းသိရှိရသည်။ စစ်ကြောင်းနှင့်အတူ ရိက္ခာ လက်နက်ခဲယမ်း သယ်ဆောင်သော စစ်ကားတန်းများ၊ ၀န်တင်သော မြင်း ၊ လား များ အကောင် (၅၀)ခန့် ပါရှိကြောင်းသိရှိရသည်။
အဆိုပါ စစ်ကြောင်းထိုးတက်သွားပြီး နောက် စစ်ကြောင်းချီတက်ရာလမ်းကြောင်းပေါ်ရှိ ၀ါးရှောင်- ဂေါ်ဆက်ယန် ကျေးရွာ အထက်ဘက်ရှိ ဘွမ်တောမ် ( Bum Tawng) ဒေသတွင် တိုက်ပွဲများ စတင်ဖြစ်ပွားရာ နိုဝင်ဘာ(၆-၇)နှစ်ရက်ဆက်ကာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်းသိရှိရသည်။ ၄င်းတိုက်ပွဲ အသေးစိတ်သတင်းအား မသိရှိရသေးပါ..
-

-
။ထို့ အပြင် ယခုအခါ မြစ်ကြီးနား-ကန်ပိုက်တီ ကားလမ်းကို လည်းပိတ်ပစ်လိုက်ပြီး ဖြတ်သန်းသွားလာခွင့်မပြုတော့ကြောင်းသိရှိရသည်။အဆိုပါစစ်ကြောင်းမှအရပ်သား တစ်ဦးအားလည်း ကေအိုင်အေ သူပုန်အဖြစ်စွပ်စွဲကာ သုံ့ ပန်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းထပ်မံသိရှိရသည်။

Source ( Jinghpawkasa )

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ