.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Tuesday, August 2, 2011

ထိုင်းရဟတ်ယာဉ် ပျက်ကျမှုများကို ရဲက အစပြန်ဖော်


ပုံကြီး ချဲ့ကြည့်ပါ။ အနီရောင်နေရာက ပထမ တစင်း ပျက်ကျတဲ့နေရာ၊ အဝါရောင်နေရာက ဒုတိယတစင်းဖြစ်တဲ့ ဘလက်ဟော့ခ် ပျက်ကျတဲ့နေရာ။ ကွင်းပြောင်ပြောင်ဖြစ်နေတဲ့ နေရာ ၃ ခုက သံသယဖြစ်တဲ့ နေရာတွေပါ။

ဇူလိုင်လ ၁၆ ရက်နဲ့ ၁၉ ရက်တို့မှာ ထိုင်းစစ်တပ်က ရဟတ်ယာဉ် ၂ စင်း ပျက်ကျတဲ့ နေရာအနီး မသင်္ကာဖွယ်ရာ နေရာတွေကို ဂြိုလ်တု ပုံတွေထဲမှာ မြင်ရတာကြောင့် အဲဒီ နေရာတွေက ဘာတွေလဲဆိုတာ စုံစမ်းစစ်ဆေး ဖော်ထုတ်ဖို့ ထိုင်းရဲချုပ် Wichean Potephosree က ညွှန်ကြားလိုက်ပါတယ်။

ပျက်ကျသွားတဲ့ ရဟတ်ယာဉ်တွေက သေဆုံးသူတွေကို ရှာဖွေရာမှ ထိုင်းနယ်ခြားစောင့် ရဲတွေကလည်း ပူးပေါင်းပါဝင်ခဲ့တယ်၊ ဒါကြောင့် ဒီကိစ္စကို အလေးထားတာ ဖြစ်တယ်လို့ ရဲချုပ်က ပြောပါတယ်။

ထိုင်းစစ်တပ်ကတောင် ဘာမှ မပြောဘဲ ငြိမ်နေတုန်း ရဲဘက်က ထပြောတာကို အကြောင်းပြချင်ပုံ ရပါတယ်။

ထိုင်းရဲ့ ပထဝီ အချက်အလက်နှင့် အာကာသ နည်းပညာ ဖွံ့ဖြိုးရေး အေဂျင်စီ (Gistda) က ထုတ်ပြန်တဲ့ ပုံတွေအပေါ် မူတည်ပြီး ရဲချုပ်က စုံစမ်းစစ်ဆေးဖို့ စိတ်ဝင်စားနေတာပါ။

ဘာလို့လဲဆိုတော့ ဒီရဟတ်ယာဉ်တွေဟာ အမည်မသိအုပ်စုတခုရဲ့ ပစ်ချခြင်း ခံရတာလို့ ယုံကြည်သူတွေ ရှိနေလို့ပါ။

ထိုင်းစစ်တပ်ကတော့ ဒီပျက်ကျမှုတွေဟာ မတော်တဆမှုတွေ ဖြစ်တယ်လို့ တချိန်လုံး ဘူး ခံနေပါတယ်။

ဇူလိုင် ၁၆ ပျက်ကျမှုမှာ ၅ ဦး၊ ဇူလိုင် ၁၉ ပျက်ကျမှုမှာ ၉ ဦး သေဆုံးခဲ့ပါတယ်။ ဂြိုလ်တုဓာတ်ပုံတွေအရ ပထမ ပျက်ကျတဲ့ ရဟတ်ယာဉ်က မြန်မာဘက် နယ်စပ်မှာ ဖြစ်ပြီး နောက်ထပ် ပျက်ကျတဲ့ ဘလက်ဟော့ခ်ကတော့ မြန်မာနယ်ထဲ အတော်ရောက်နေတာ မြင်ရပါတယ်။

ဂြိုလ်တု ပုံတွေအရ နယ်စပ် မြန်မာဘက်အခြမ်း တောထူထူထဲက တောင်တလုံးရဲ့ ထိပ်မှာ အဆောက်အဦးတချို့ တွေ့နေရပါတယ်။ အဲဒီဟာက မြန်မာ တိုင်းရင်းသား ကျေးရွာတခုနဲ့ မတူဘူးလို့ တနင်္ဂနွေနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးထားပါတယ်။ ဒါက ပထမ တနေရာပါ။
ပုံကြီး ချဲ့ကြည့်ပါ။ အနီရောင်နေရာက ပထမ တစင်း ပျက်ကျတဲ့နေရာ၊ အဝါရောင်နေရာက ဒုတိယတစင်းဖြစ်တဲ့ ဘလက်ဟော့ခ် ပျက်ကျတဲ့နေရာ။ ကွင်းပြောင်ပြောင်ဖြစ်နေတဲ့ နေရာ ၃ ခုက သံသယဖြစ်တဲ့ နေရာတွေပါ။

သံသယရှိတဲ့ ဒုတိယ တနေရာက အဲဒီ အဆောက်အဦးစုကနေ အနောက်ဘက် မီတာ ၂၀၀ အကွာမှာ ရှိပါတယ်။ တောထူထူကြားထဲမှာ ကွက်လပ်ဖြစ်နေတာ မြင်ရပြီး ဘာအဆောက်အဦမှတော့ မရှိပါဘူး။ ပထမနေရာနဲ့ ဒုတိယနေရာကို ဆက်သွယ်ထားတဲ့ လမ်း ရှိပါတယ်။

သံသယရှိတဲ့ တတိယနေရာကတော့ ဒုတိယနေရာရဲ့ အနောက်မြောက်ဘက် မီတာ ၁၀၀ အကွာ တောင်ထိပ်ပေါ်မှာရှိတဲ့ ကွင်းပြင်ကျယ်ဖြစ်ပါတယ်။ အဲဒီနေရာဟာ ဘလက်ဟော့ခ် ပျက်ကျတဲ့နေရာနဲ့ အနီးဆုံးဖြစ်ပါတယ်။

ထိုင်းဘက်အခြမ်း အမျိုးသားဥယျာဉ်၊ တောရိုင်းတိရိစ္ဆာန်နှင့် အပင် ထိန်းသိမ်းရေးဌာနက အဲဒီ အဆောက်အဦးနဲ့ နေရာတွေဟာ မြန်မာဘက်အခြမ်းက မြန်မာပိုင်တွေ ဖြစ်တယ်လို့ အတည်ပြုပြောကြားပါတယ်။

အဲဒီသံသယဖြစ်ဖွယ် နေရာတွေဟာ မြန်မာ စစ်အခြေစိုက်စခန်းဖြစ်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ထိုင်းစစ်ဘက် သတင်းရပ်ကွက်ကတော့ အဲဒီ သံသယဖြစ်တဲ့ နေရာ ၃ နေရာဟာ ဒု ဗိုလ်မှူးကြီး သန်းနိုင်ဝင်းရဲ့ အမှတ် ၁၀၁ ခြေလျင်တပ်ရင်းက ဗိုလ်ကြီး ဇော်သက်အောင် ဦးစီးတဲ့ တပ်ခွဲ ၃ ထိန်းချုပ်ထားတဲ့ နေရာ ဖြစ်ကြောင်း၊ အဆောက်အဦးတွေကြားထဲမှာ အမြောက်တွေ ရှိကြောင်း ဆိုပါတယ်။

အဲဒီနေရာတွေဟာ “အကဲဆတ်တဲ့ ဇုန်” ဖြစ်ပြီး ထိုင်း ရဟတ်ယာဉ်တွေဟာ မြန်မာပိုင်နက်ထဲ ရောက်နေကြကြောင်း၊ ထိုင်းစစ်တပ်နဲ့ ရဲက ပျက်ကျတဲ့ ရဟတ်ယာဉ်တွေ ရှာဖွေရာမှာ မြန်မာစစ်တပ်ရဲ့ အကူအညီကို ယူခဲ့ရကြောင်း ထိုင်းသတင်းရပ်ကွက်က ပြောပါတယ်။

အဲဒီဒေသ အခြေစိုက် ထိုင်းစစ်တပ်ကတော့ မြန်မာဘက်အခြမ်းက အခြေစိုက် စစ်တပ်နဲ့ သူတို့ဟာ ခင်မင်တဲ့ ဆက်ဆံရေးရှိကြောင်းနဲ့ မြန်မာစစ်တပ်က ထိုင်းရဟတ်ယာဉ်တွေကို ပစ်ချတယ်လို့ မယုံကြည်ကြောင်း ပြောထားပါတယ်။

Source: Bangkok Post

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ