.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Friday, August 5, 2011

KIA ရဲ. ပစ်ခတ်မှု.ကြောင့် သေဆုံးသွားရသူများ

တာပိန်ရေအားလျှပ်စစ်စက်ရုံမှာ လေအေးပေးစနစ်များ ပြုပြင်ပြီးပြန်လာတဲ့ မော်တော်ယာဉ်ကို သြဂုတ်လ ၂ ရက်နေ့မှ ကေအိုင်အေတပ်ဖွဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လူ ၇ ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရခဲ့တဲ့ သတင်းကို ဖော်ပြထားပါတယ်။ သေဆုံးသွားသူတွေထဲမှာ ဒုရဲအုပ်တစ်ဦးပါဝင်ပြီး ကျန်တဲ့ သူများဟာ အရပ်သား ပညာရှင်များ၊ယာဉ်မောင်းများနဲ့ တရုတ်စကားပြန်တစ်ဦးဖြစ်ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး သြဂုတ်လ ၃ ရက်နေ့ ဘီဘီစီသတင်းမှာတော့ ကေအိုင်အေထောင်ထားတဲ့မိုင်းကို နင်းမိတာ ဖြစ်တယ်လို့ ဆိုတဲ့ ကေအိုင်အေရဲ့ပြောကြားချက်ကို ထုတ်လွှင့်သွားခဲ့ပါတယ်။
အစိုးရထုတ်ပြန်ချက်မှာတော့ မိုင်းနင်းပေါက်ကွဲတာမဟုတ်ဘဲ လက်နက်ငယ်များနဲ့ ၀ိုင်းပစ်ခဲ့တာဖြစ်ပါတယ်။ ကေအိုင်အေ က ဘီဘီစီကတဆင့်လိမ်ညာထုတ်လွှင့်သွားတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။  ဖော်ပြထား တဲ့ဓာတ်ပုံများအရလည်း ကားပျက်စီးမှုမရှိတာ၊ သေဆုံးသူတွေဟာ ပေါက်ကွဲမှုကြောင့် ကိုယ်အစိတ်အပိုင်းတွေထိခိုက်တာ မတွေ့ရတဲ့အတွက် မိုင်းထိတာမဟုတ်ဘဲ ကားကိုလက်နက်ငယ်များနဲ့ ၀ိုင်းပစ်ထားတယ်ဆိုတာထင်ရှားပါတယ်။
အခုဖြစ်စဉ်ဟာ နှစ်ဘက်ကြားအပစ်အခတ်ရပ်ဆိုင်းရေးအတွက်ဆွေးနွေးနေချိန်မှာဖြစ်ပါတယ်။ နောက်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းဖြစ်တဲ့တဲ့ ရထားလမ်း၊ ကားလမ်းမိုင်းခွဲမှု၊ စစ်တပ်ယာဉ်တန်းများကို တိုက်ခိုက်မှုများဟာ ကေအိုင်အေနယ်မြေထဲ မှာဖြစ်နေတာမဟုတ်ဘဲ အစိုးရထိန်းချုပ်တဲ့ဒေသတွေမှာဖြစ်ပွားနေတာဖြစ်ပါတယ်။ အစိုးရဘက်ကတော့ ဇွန်လ ၁၈ ရက် နောက်ပိုင်းထဲက စစ်တပ်ဘက်က စမပစ်ဖို့၊ ကေအိုင်အေကပစ်လာမှ ပြန်ပစ်ဖို့ ညွှန်ကြားထားတယ်ဆိုပြီး ကေအိုင်အေ ကို အကြောင်းကြားထားတယ်လို့ဆိုပါတယ်။
အခုလို အရပ်သားတွေကိုတိုက်ခိုက်မှုကြောင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုအပေါ်ထိခိုက်မှုရှိမရှိတော့မသိရသေးပါဘူး။



  • ပိတောက်မြေ

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ