.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Thursday, August 4, 2011

PT-91M Main Battle Tank


ပိုလန်နိုင်ငံမှ ဇက်အမ်ဘူးမား-လာဘီဒီ (ZM Bumar-Labedy) က နောက်ဆုံးပေါ် တိုက်ပွဲဝင်တင့်ကား ပီတီ-၉၁ပီ ကို မိမိ၏ပြည်ပပို့ကုန်အဖြစ် ရေင်းချရန် ပီးရူးနိုင်ငံ၌ ကျင်းပသော (SITDEF 2009)လက်နက်ပြပွဲတွင် ထုတ်ဖော်ပြသခဲ့သည်။ပုဂ္ဂလိက လုပ်ငန်းမှ ထုတ်လုပ်ထားသော ပီတီ-၉၁တွာဒီ တင့်၏ ပုံပေါ်တွင် အခြေခံကာဒီဇိုင်းရေးဆွဲ ထုတ်လုပ်သည်ဟုဆိုသည်။
ပိုလန်ထုတ် ပီတီ-၉၁ပီ ပင်မတိုက်ပွဲဝင်တင့်ကား

ဤတိုက်ပွဲဝင်တင့်ကားသည် ပီရူးနိုင်ငံ ကြည်းတပ်အတွက် ဝယ်ယူရန်ဖြစ်နိုင်ချေရှိသော တင့်ကားဖြစ်သည်။ပီရူးကြည်းတပ်သည် ပင်မတိုက်ပွဲယင်တင့်ကား ၁၀၀ မှ ၁၄၀ ထိလိုအပ်နေသည်။ဝယ်ယူမည့်တင့်ကားသည် လက်ရှိ အသုံးပြုနေသော တီ-၅၅ အမ်၁/အမ်၂ လီယွန် တင့်ကားများနှင့် အေအမ်အိတ်-၁၃ ပီအေ၃ အက်စ်ကော်ပီယန် (AMX-13 PA2 ESCORPIAN) အပေါ့စားတင့်ကားများနေရာတွင် အစားထိုးသွားမည်ဖြစ်သည်။
အေအမ်အက်စ်-၁၃ အပေါ့စားတိုက်ပွဲဝင်တင့်ကား

ဤသို့ တင့်ကားသစ်များဝယ်ယူလိုက်ခြင်းဖြင့် ပီးရုးနိုင်ငံ၏ စစ်ရေးစွမ်းဆောင်ရည်သည် အိမ်နီးချင်း ချီလီနိုင်ငံမှ ဝယ်ယူထားသော တစ်ပတ်ရစ် ပျာမန်ကြည်းတပ်သုံး လက်ပတ်၂အေ၄ (Leopard 2A4) တိုက်ပွဲဝင်တင့်များနှင့် ယှဉ်လာနိုင်မည်ဟု ဆိုသည်။ပီတီ-၉၁ပီ ပင်မတိုက်ပွဝြင်တင့်ကားသည် မလေးရှားနိုင်ငံလုပ် ပီတီ-၉၁အမ် ပင်မတိုက်ပွဲဝင်တင့်ကားထက် ခေတ်မှီမှု အနည်းငယ်လျော့နည်းသော်လည်း ဖောက်သည်ဖြစ်လာနိုင်သည့် ပီးရူးနိုင်ငံအတွက် ပူးတွဲထုတ်လုပ်နိုင်သော အဆင့်တွင် ရှိသည်ဟုဆိုသည်။
မလေးရှားလုပ် ပီတီ-၉၁အမ်

ပီတီ-၉၁ပီ တင့်ကားတွင် ဒရာဝါ-တီဂျီ (Drawa-TG) ပစ်ခတ်မှု ထိန်းသိမ်းရေးစနစ်သစ် ပူးတွဲပါရှိသည်။ထို့ပြင် ပီတီ-၉၁ပီ တင့်ကားတွင် ချားဒက်စ်-၂ (CHERDES 2) ဓာတုဗေဒနှင့် ရေဒီယို သတ္တိကြွမှု သတိပေးစနစ်ကို တွဲဖက်ပေးထားသည်။ပီရူးသည် စောစောပိုင်းက ရှရုားလုပ် တီ-၈၀ ပင်မတိုက်ပွဲဝင်တင့်ကားကို စိတ်ဝင်စားခဲ့သည်။တီ-၈၀ ပင်မတိုက်ပွဲဝင်တင့်ကားတွင် အရီးနား ချက်ချင်းတုံ့ပြန်ကာကွယ်ရေးစနစ် (the Arena Active Protection System) တပ်ဆင်ထားသည်။ပီးရူးစစ်တပ်၏ ကာကွယ်ရေး ဘတ်ဂျက်ကြောင့် ခေတ်မှီမှု အနည်းငယ် လျော့နည်းသော တီ-၇၁အမ်၁ နှင့် ပိုလန်လုပ် ပီတီ-၉၁ပီ တင့်ကားများဘက် လည့်လာသည်ဟုဆိုကြသည်။
ပီးရူးအတွက် အခြားရွေးချယ်စရာတင့်ကားမျာလည်းရှိသေးသည်။ယင်းတို့မှာ ယူကရိန်းထုတ် တီ-၈၄ သို့မဟုတ် အိုပလော (Oplot) ဆားဘီးယား နိုင်ငံလုပ် အမ်-၈၄ နှင့် တရုပ်နိုင်ငံလုပ် အမျိုးအစား-၉၉-၁ နှင့် အမျိုးအစား-၉၆ တိုက်ပွဲဝင်တင့်ကားများဖြစ်သည်။ယခုအချိန်တွင်မှု တရုပ်နိုင်ငံလုပ် အမ်ဘီတီ-၂၀၀၀ ပင်မတိုက်ပွဲဝင်တင့်ကားကို ဝယ်ယူအသုံးပြုနေပြီးဖြစ်သည်။
တရုပ်နိုင်ငံမှ ဝယ်ယူလိုက်သော အမ်ဘီတီ-၂၀၀၀ (အမျိုးအစား-၉၀-၂) ပင်မတိုက်ပွဲဝင်တင့်ကား

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ