Published on July 28, 2011 by ဒီဗွီဘီ · 5 Comments
ကျနော်တို့ဒေသမှာက
စပါး၊ ပြောင်း၊ နှမ်း၊ စကားဝါနဲ့ သစ်ကြမ်းတွေ ထွက်ရှိရာဒေသလည်း ဖြစ်ပါတယ်။
ကျနော်တို့ရွာဟာ လိုင်ဇာမြို့နဲ့ ၃ နာရီလောက် သွားရတဲ့ခရီး ဖြစ်ပါတယ်။

ဒါကို
နားလည်မပေးတဲ့အပြင် လယ်စိုက်ပျိုးရန်အတွက် တာဝန်ချ ခံထားရတယ်ဆိုပြီး
အမြောက်တပ် ၃၇၀၊ ခမရ ၃၈၇၊ ခလရ ၂၁၊ မဆရ ၁၁၊ ခမရ ၃၁၉၊ ခမရ ၄၃၈ တပ်တွေက
တပ်ဖွဲ့ဝင်တွေဟာ သက်ဆိုင်ရာ တပ်ရင်းတွေရဲ့ တပ်ရင်းမှူးကြီးတွေက တရားဝင်
အခကြေးငွေ ကောက်ခံခိုင်းတယ်ဆိုပြီး အနိုင်ကျင့် ခြိမ်းခြောက်
ငွေကောက်ခံနေပါတယ်။
ဒါ့ပြင်
သခင်အားရကျွန်ပါးဝဆိုတဲ့အတိုင်း သူတို့ သတင်းပေးတွေကလည်း သူတို့ဆရာတွေ
မရှိရင် သူတို့မှာ
တာဝန်တွေ ပေးအပ်ခံထားရတယ်ဆိုပြီး အနိုင်ကျင့်နေပါတယ်။
ဒီကိစ္စကို
ကျနော်တို့မှာ သမ္မတကြီးကို တိုင်ရမှာလား၊ ကချင်ပြည်နယ် ၀န်ကြီးချုပ်ကို
တိုင်ရမှာလားဗျာ၊ တိုင်ရင်ကော ဘာထူးလာမှာလဲ၊ အရပ်ဝတ်ဝတ်ပြီး သူ့တပ်တွေက
တောင်းနေမှတော့ သမ္မတကြီးကိုယ်တိုင် ခိုင်းထားတာလားမှ မသိတာဗျာ။
အဲ့ဒီအဖွဲ့တွေထဲမှာက အမြောက်တပ် ၃၇၀ က ဒုအရာခံ နဲ့ သူ့တပည့် တွေက
ပိုတောင်ဆိုးပါသေးတယ်။
ဂျာအင်ယန်ကျေးရွာသားတဦး
No comments:
Post a Comment