.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Friday, July 22, 2011

မြန်မာဘက်ပို့မည့် လက်နက်များ မဲဆောက်တွင်မိ

E-mail Print
မြန်မာပြည်ဘက်သို့ သွားရောက်ပို့ဆောင်မည့် လက်နက်များကို ထိုင်းရဲများက ယမန်နေ့ ညနေပိုင်းတွင် မဲဆောက်မြို့၌ ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးရမိသည့် လက်နက်များမှာ M 16 အမျိုးအစား သေနတ်တလက်၊ မောင်းပြန် ရိုင်ဖယ် ၅ လက်နှင့် ကျည်ဆန်များ၊ ဆက်စပ်ပစ္စည်းများဖြစ်ကြောင်း သိရသည်။

Arms_News
ယင်း လက်နက်များကို ဖိဆန်နုလွတ်ခရိုင်မှတဆင့် ထိုင်းနိုင်ငံသား နိုင်နလုလုံး ဘူဆလာခန်က သယ်ယူလာစဉ် မဲဆောက်အနီးရှိ ဟွေ့ယာအု စစ်ဆေးရေးဂိတ်တွင် အဖမ်းခံရခြင်းဖြစ်သည်။

ဘူဆလာခန်က “ဒီပစ္စည်းတွေက မဲဆောက်-မြ၀တီနယ်စပ်က လူတွေဆီ သွားပို့ပေးဖို့ အခကြေးငွေ ဘတ် ၂ ထောင်နဲ့ ဒီပစ္စည်းတွေကို သယ်လာတာပါ” ဟု ထိုင်းရဲထံတွင် ထွက်ဆိုခဲ့သည်။

သတင်းထောက်များ၏ အသေးစိပ် မေးမြန်ချက်များကိုမူ ဘူဆလာခန်က ဖြေကြားရန် ငြင်းဆိုခဲ့သည်။

၎င်း၏ ထွက်ဆိုချက်များနှင့် ပတ်သက်၍ အမှုကွင်းဆက်များ အသေးစိပ်ရရှိရန်
ဆက်လက်စစ်ဆေးမှုများ ပြုလုပ်သွားရမည်ဟု မဲဆောက်ရဲတပ်ဖွဲ့မှ ရဲဗိုလ်မှူးကြီး ဒေချာဝထနဖနုံ က ဒေသခံသတင်းထောက်များကို ပြောသည်။

၎င်းက “ဒီလက်နက်တွေက မြန်မာဘက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဆီ သွားပို့ကြတာများတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ဆက်လက်ဖော်ထုတ် စစ်ဆေးသွားမှာဖြစ်တယ်။ အခုဖမ်းမိတဲ့ လက်နက်တွေက ထိုင်းစစ်တပ်နဲ့ တခြားလက်နက်ကိုင် တပ်ဖွဲ့တွေက ပျောက်ဆုံးသွားတဲ့ လက်နက်တွေ ဟုတ်မဟုတ်လည်း စစ်ဆေးသွားမှာ ဖြစ်တယ်” ဟု ပြောသည်။

ကရင်ပြည်နယ် မြ၀တီအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုမှ အမည်မဖော်လိုသည့် တာဝန်ရှိသူတဦးက “မြ၀တီနယ်စပ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ရှိတယ်။ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို ဟိုဘက်ကမ်း (ထိုင်း) ကပဲ ၀ယ်ရတယ်။ ကျနော်တို့အဖွဲ့လည်း ဒီလိုပါပဲ။ အခုလို အဖမ်းခံရတဲ့ ပြဿနာအများစုက သူတို့အချင်းချင်း ပြန်ပြီး အတို့အထောင်လုပ်လို့ ဖြစ်တာများတယ်” ဟု ဆိုသည်။

မြန်မာဘက်သို့ လက်နက်ပွဲစားများ လာရောက်ပို့ဆောင်သည့် လက်နက်ခဲယမ်းများမှာ အသုံးပြုပြီးသား တပတ်ရစ်များ ဖြစ်သော်လည်း လိုအပ်ချက်အရ တန်ဖိုးငွေ အဆမတန်ပေး၍ ၀ယ်ယူ အသုံးပြုနေရသည်ဟုလည်း ၎င်းက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ လက်နက်ပွဲစားတဦးက “မြ၀တီအပါအ၀င် မြန်မာနယ်စပ်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခွဲတွေကများတော့ ၀ယ်အားနဲ့ ရောင်းအားမှာ ၀ယ်အားက များတယ်” ဟု ပြောသည်။

M 16 သေနတ် တပတ်ရစ်၊ အရည်အသွေး ၅၀ ရာခိုင်နှုန်းကောင်းသေးလျှင် တလက် ထိုင်းဘတ် ၂ သောင်းကျော် (ကျပ် ၅ သိန်းကျော်)၊ ယင်းကျည်ဆန် တတောင့်လျှင် ၁၃ ဘတ် (၃၃၀ ကျပ်ခန့်)၊ AK 47 သေနတ် အရည်အသွေး ၅၀ ရာခိုင်နှုန်း ကောင်းသေးလျှင်လည်း ဘတ် ၂ သောင်းကျော်နှင့် ယင်းကျည်ဆန် တတောင့်လျှင် ၁၅ ဘတ် (၃၈၀ ကျပ်ခန့်)၊ M 79 ကျည်မှာ တလုံးကို ဘတ် ၁ ထောင်ကျော် (ကျပ် ၂ သောင်းခွဲကျော်) ဈေးပေါက်ကြောင်း အဆိုပါ လက်နက်ပွဲစားက ရှင်းပြသည်။

၎င်းက ဆက်လက်၍ ထိုင်း-မြန်မာနယ်စပ်ရှိ လက်နက်ရောင်းဝယ်ဖောက်ကားသည့် ဈေးကွက်သည် သာမန်လူများ လုပ်ကိုင်၍ရသည့် လုပ်ငန်းမဟုတ်ကြောင်းလည်း ပြောကြားသည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ