.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Sunday, July 17, 2011

၆၄ နှစ်မြောက် အာဇာနည်နေ့အတွေး

ပန်းချီ .. မောင်လူရှင်
ဘာလိုလိုနဲ့ ဗိုလ်ချုပ်တို့ကျဆုံးခဲ့တာ ၆၄ နှစ်တင်းတင်းပြည့်သွားပြီကော…
ကိုယ်တွေ့ သိမီလိုက်သူတွေအဖို့ မနေ့တနေ့က အဖြစ်အပျက်လို ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ် ထိရှကြေကွဲ ခံစားမှုကိုယ်စီ ရှိနေမှာအမှန်ပါ… မသိမမီလိုက်တဲ့ ကျနော်တို့အတွက်လည်း နှစ်စဉ်မပျက် အမှတ်တရရှိနေလျက်ပါပဲ..
ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်တွေထဲမှာ ဗိုလ်ချုပ်က အသက်အငယ်ဆုံး ရာထူးအမြင့်ဆုံး.. ကျဆုံးချိန်မှာ သူ့အသက်က ၃၂ နှစ်သာသာ.. ဆိုတော့.. သူမရှိတော့တဲ့ကာလဟာ သူ့အသက်နှစ်ပြန်တောင်ရှိပြီပေါ့..
ဒါပေမယ့် ဗိုလ်ချုပ်ရဲ့ သူရဲကောင်း စိတ်ဓာတ်နဲ့ မြတ်နိုးအတုယူဖွယ် ဂုဏ်သတင်းက ဗမာပြည်ရာဇ၀င်မှာ ကမ္ဘာတည် သရွေ့ မော်ကွန်းကမ္ဗည်းတင် ကျန်ရစ်နေမှာပါ၊ လတ်တလောမှာပဲ.. အာဇာနည်နေ့ နီးလာခိုက် ဗိုလ်ချုပ်အကြောင်း ရေးထားတဲ့ စာအုပ်တွေ၊ ဗိုလ်ချုပ်ဓာတ်ပုံပါတဲ့ သော့ချိတ်လေးတွေ အရောင်းသွက်လာတယ်၊ လက်ကားဈေးနှုန်း ၃၀၀ ကျပ် ပေါက်တဲ့ သော့ချိတ်တခုကို
လက်လီပြန်ရောင်းသူက ၁၀၀၀(တစ်ထောင်ကျပ်)နဲ့ ပြန်ရောင်းတာကို ဈေးမဆစ် ဘဲဝယ်သွားတဲ့ မြန်မာပြည်သူ တွေရဲ့ အပြုအမူကိုကြည့်ရုံနဲ့ပဲ ဗိုလ်ချုပ်အပေါ် ဘယ်လောက်ချစ်မြတ်နိုးကြသလဲ ဆို တာ ပေါ်လွင်နေပြီ။
ငယ်ငယ်က စာသင်ကျောင်းမှာ အာဇာနည်နေ့ အောက်မေ့ဖွယ် အမှတ်တရစကားပြောတဲ့ ဆရာကြီးရဲ့ မျက်ဝန်းထဲ မှာ ၀မ်းနည်းကြေကွဲမျက်ရည်စတွေ ပြည့်လျှမ်းလို့၊ ဆို့နင့်နင့်ခံစားမှုတွေက တိတ်ဆိတ် ငြိမ်သက်စွာ နားထောင်နေတဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့နှလုံးသားထဲအထိ တိုးဝင်ကူးစက်သွားတယ်၊ အာဇာနည်နေ့တိုင်း နံနက် (၁၀) နာရီ (၃၂) မိနစ်တိတိအချိန် ရေဒီယိုက  ပြိုင်တူပေါ်ထွက်လာတဲ့ ဥသြသံတွေနဲ့အတူ ကြေကွဲဝမ်းနည်းမှုကို ကျနော်တို့ ခံစားခဲ့ရဖူးပါတယ်။
ကျနော် တပ်ထဲကိုရောက်တော့ အခြေခံစစ်သင်တန်းမှာသင်ပေးတဲ့ စစ်သီချင်းတွေထဲက ကျနော်အကြိုက်ဆုံး သီချင်း စာသားတနေရာမှာ…
“အဖနိုင်ငံဂုဏ်ကို ကယ်တင်ခဲ့တဲ့ အောင်ဆန်းနော်.. ဗိုလ်ချုပ်နော်.. တေဇနော်.. တို့ပြည်သူများအတွက် ကမ္ဘာတည် အောင်ဇွဲသတ္တိနဲ့ စွမ်းဆောင်သူနော်.. ထွန်းလင်းတဲ့ဂုဏ်သတင်းနော်.. လွှမ်းမိုးလို့ ကမ္ဘာလုံးကျော်.. ပြိုင်ဘက်ကင်းတဲ့ ကောဠိအတွင်းဝယ် တဦးတည်းမင်းမဟော်… ရှည်ပါစေ.. ရှည်ပါစေ… ရှည်ပါစေ အသက်ရာကျော်….”
ကျနော်တို့တတွေ ကြက်သီးဖြန်းဖြန်းထအောင် သံပြိုင်ညီညီသီဆိုခဲ့တဲ့ အချိန်တွေကိုလည်း ပြန်လည်အမှတ်ရ နေမိပါ ရဲ့…..
တဆက်တည်းမှာ ဗိုလ်ချုပ်နဲ့အတူ ကျဆုံးသွားခဲ့ရတဲ့ တခြားသော အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ဘ၀ဖြစ်စဉ်၊ စိတ်ဓာတ်ခံယူချက်နဲ့ တွေးခေါ်မြော်မြင်မှုတရားတွေကို ဘယ်လောက်အထိ လေ့လာသိမြင်ထားသလဲ၊ ခေါင်းဆောင် ကြီးတွေအပေါ်မှာ ထိုက်ထိုက်တန်တန်ကြည်ညိုတတ်ပြီလား၊ မိမိကိုယ်တိုင်ကရော တိုင်းပြည်နဲ့ လူမျိုးအပေါ် မှန်မှန် ကန်ကန်ချစ်တတ်ပြီလား… ဘာတွေပေးဆပ်ပြီးပြီလဲ… စတဲ့.. စတဲ့ ခေါင်းထဲ ပေါ်ရာအတွေးများနဲ့ ကိုယ့်ကိုယ်ကို ဆန်ကာစစ်ကြည့်လိုက်မိတဲ့အခါ၊ ကျနော့ခေါင်းမှာ မကြည်လင်တော့.. ကျနော့လက်တွေ ဆက်ပြီး မရေးရဲတော့၊ ငါ သိလှပြီ၊ ငါဟုတ်လှပြီလို့ တလျှောက်လုံး ကိုယ့်ကိုယ်ကို အမှတ်ပေးခဲ့တဲ့ အတွေးဘ၀င် ထင်တလုံးဟာ.. လေပြေမှာ ရွေ့လျားနေတဲ့ တိမ်မျှင်တွေလောက်ပင် မခိုင်မြဲသေးပါလား…. ငါသိထားသမျှ အသိတွေဟာ ဗလာအတိမျှသာ ရှိ သေးပါလားရယ်လို့ အတွေးတစကို ရင်ဝယ်သိမ်းဆည်းထားရင်း….
ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို ဦးညွှတ်အလေးပြုလိုက်ပါ၏။ တိုင်းပြည်နဲ့ လူမျိုး ကောင်းရာ ကောင်းကြိုးအတွက် အုတ်တချပ်သဲတပွင့် ပါဝင်ထမ်းဆောင်ဖို့ အဓိဋ္ဌာန်ပြုပါ၏။ တဆက်တည်းမှာ မိမိနှင့် ယုံကြည် ချက်၊ ခံယူချက်တူညီသော တပ်မတော်သားများ ၊ ဒီမိုကရေစီရေးကြိုးပမ်းသူများကိုလည်း အတူလက်တွဲ ဆောင်ရွက် ဖို့ လက်ကမ်းဖိတ်ခေါ်လိုက်ပါရစေ….။
နေမင်းသူ

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ