.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Friday, July 22, 2011

မတရားရောင်းစားခံရသည့်မြေကိစ္စ အုပ်ချုပ်ရေးရုံးက အရေးမယူ

၂၀-၇-၂၀၁၁
ကရင်ပြည်နယ် ဘားအံမြို့နယ်ထဲက ရွာသားပိုင် မြေလွတ်မြေရိုင်းတွေကို ဒီကေဘီအေ တပ်မှူးတချို့နဲ့ ဒေသခံအာဏာပိုင်တွေ ပူးပေါင်းပြီး ရောင်းချခဲ့တဲ့ကိစ္စမှာ နစ်နာကြေးတွေ ပြန်ရဖို့အတွက် ရွာသားတွေက အုပ်ချုပ်ရေးရုံးမှာ အဆင့်ဆင့်တိုင်ကြားခဲ့ပေမယ့် ဒီကနေ့အထိ အရေးယူဖြေရှင်းပေးတာ မရှိသေးဘူးလို့ ရွာသားတွေက ပြောပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၇ ကနေ ၂၀၁၀ ခုနှစ် အတွင်းမှာ နောင်လုံအခြေစိုက် ဒီကေဘီအေ တပ်မဟာ ၉၉၉ တပ်ရင်း ၄ က ဗိုလ်ကျော်ရွှေ၊ ဗိုလ်ကြာဝင်း၊ ရွာသား ဦးကြာဟဲနဲ့ ပြည်နယ်မြေစာရင်းဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးစောသန်းစိန်၊ မြေတိုင်းစာရေး ဦးစ၀င်းထွန်း၊ ဦးပါပီိတို့က ပူးပေါင်းပြီးတော့ ဘားအံမြို့နယ် နတ်ထိပ် ကျေးရွာ အရှေ့ဘက်နဲ့ တောင်ဘက်ခြမ်း မှာရှိတဲ့ မြေလွတ်မြေရိုင်း ဧကပေါင်း ၃ ထောင်ကျော်ကို အကွက်ရိုက်ပြီး ပြည်တွင်းပြည်ပစီးပွားရေး လုပ်ငန်းရှင်တွေကို ရောင်းချပေးခဲ့ပါတယ်။
မြေတကွက်ကို ကာလပေါက်ဈေး ကျပ်ငွေသိန်းနဲ့ချီပြီး ရခဲ့ပေမယ့် ရွာသားတွေအတွက် ဘာမှ
အကျိုးခံစားခွင့် မရှိခဲ့ပါဘူး။
ဒီကိစ္စကို အရေးယူပေးဖို့ ဒေသခံရွာသားတွေဟာ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် မေလတုန်းက ကျေးရွာအေးချမ်း သာယာရေးဥက္ကဋ္ဌကနေ မြို့နယ်အေးချမ်းသာယာရေးဥက္ကဋ္ဌ အဆင့်ထိ တရားဝင် စာရေးတောင်းဆိုပေမယ့် ဘာမှအရေးတယူ ဖြေရှင်းပေးတာ မရှိခဲ့ဘူး။
ဒါကြောင့် ဒီနှစ်မေလထဲမှာ ကရင်ပြည်နယ် အုပ်ချုပ်ရေးရုံးထိကို တက်ပြီး တိုင်ကြား ခဲ့ပေမယ့် ဒီကနေ့ထိ ဘာမှ အရေးယူပေးတာ မရှိသေးဘူးလို့ ပြောပါတယ်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ