.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Friday, July 22, 2011

ဒီ​ကေဘီ​အေစခန်း​ကို နယ်ခြား​စောင့်​နှင့်​အစိုး​ရပူး​ပေါင်း​တပ် လက်နက်ကြီး​ဖြင့်​ပစ်

Published on July 22, 2011 by နော်နိုရင်း   · (DVB မှကူးယူဖော်ပြသည်)
ကရင်ပြည်နယ် လှိုင်း​ဘွဲမြို့​နယ်မြိုင်ကြီး​ငူ​ဒေသနဲ့​ ၄-၅ မိုင်အကွာမှာ အ​ခြေစိုက်တဲ့​ ဒီ​ကေဘီ​အေစခန်း​ကို နယ်ခြား​စောင့်​နဲ့​အစိုး​ရ ပူး​ပေါင်း​တပ်​တွေက လက်နက်ကြီး​တွေနဲ့​ ဆက်လက်ပစ်ခတ်​နေပါတယ်။
ဒီကေဘီအေ တပ်စခန်းတခု (ဓာတ်ပုံ - ဒီဗွီဘီ)
ပြီး​ခဲ့​ ဇူလိုင် ၂၀ ရက်ကစပြီး​ မြိုင်ကြီး​ငူရဲ့​အ​ရှေ့​ဘက် ၅ မိုင်အကွာ ဝါကလယ်​တောင်မှာရှိတဲ့​ ဒီ​ကေဘီ​အေတပ်စခန်း​ကို ဗိုလ်ချုပ်ဖား​နွံဦး​ဆောင်နဲ့​ နယ်ခြား​စောင့်​နဲ့​အစိုး​ရ ပူး​ပေါင်း​တပ်​တွေက စတင် ထိုး​စစ်ဆင်တာဖြစ်ပါတယ်။
မ​နေ့​ကလည်း​ တိုက်ခိုက်​နေပြီး​ ဒီ​နေ့​မှာလည်း​ မြိုင်ကြီး​ငူရဲ့​အ​ရှေ့​တောင်ဘက် ၄ မိုင်​လောက်အကွာမှာရှိတဲ့​ ထီး​လာနဲ ရွာကို အဆိုပါ ပူး​ပေါင်း​တပ် ​တွေက လက်နက်ကြီး​နဲ့​ လှမ်ပစ်​နေတယ်လို့​ ကရင်အမျိုး​သား​အစည်း​အရုံး​ ဘား​အံခရိုင် ဥက္ကဋ္ဌ ပဒို​စော​အောင်​မောင်​အေး​က ​ပြောပါတယ်။
“ဒီ​နေ့​က​ တော့​ မြိုင်ကြီး​ငူနား​မှာ ရှိတဲ့​ ထီး​လာနဲရွာကို ဘီဒီအက်ဖ် တပ်ရင်း​ ဗိုလ်ချုပ်ဖား​နွံဦး​ဆောင် ဦး
ဆောင်တဲ့​အဖွဲ့​နဲ့​ လိုက်သိန်း​အဖွဲ့​တွေက လက်နက်ကြီး​တွေနဲ့​ ​တောကြို​တောင်ကြား​ထဲမှာ လိုက်ပြီး​တော့​ လှမ်း​ထုတာ ရှိတယ်​နော်။ ကန်ညီ​နောင်ဘက်မှာ ရှိတဲ့​ ဒီ​ကေဘီ​အေ​တွေကို လှမ်း​ပစ်တာ။ သူတို့​က နီး​နီး​ကပ်ကပ် မပစ်ရဲ​တော့​ သံသယရှိတဲ့​ ​နေရာ​တွေကို လက်နက်ကြီး​နဲ့​ လှမ်း​လှမ်း​ပြီး​ထုတာ စခန်း​အထိ​တော့​ မကျဘူး​။”
ပူး​ပေါင်း​ တပ်​တွေက ဒီ​ကေဘီ​အေတပ်စခန်း​ရှိရာကို လက်နက်ကြီး​တွေနဲ့​ ခန့်​မှန်း​ပစ်ခတ်​နေပြီး​ ဒီ​ကေဘီ​အေတပ်ဘက်က​တော့​ ​ပြောက်ကျား​စနစ်နဲ့​ ပြန်လည်တိုက်ခိုက်မှု​တွေ လုပ်​နေတယ်လို့​ ပဒို​စော​အောင်​မောင်​အေး​က ​ပြောပါတယ်။
အခုတိုက်ခိုက်ခံရတဲ့ ​ ဒီ​ကေဘီ​အေတပ်ဖွဲ့​ဝင်​တွေဟာ ပြီး​ခဲ့​တဲ့​ ဇွန်လတုန်း​ကမှ နယ်ခြား​စောင့်​တပ်က​နေ ခွဲထွက်ပြီး​ ဒီ​ကေဘီ​အေတံဆပ် ပြန်လည်တပ်ဆင်တဲ့​ ဒု ဗိုလ်မှူး​ကြီး​ ဗိုလ်ဘိဦး​ဆောင်တဲ့​ တပ်ဖွဲ့​ဝင်​တွေဖြစ်ပါတယ်။
အစိုး​ရနဲ့​ နယ်ခြား​စောင့်​ ပူး​ပေါင်း​တပ်​တွေ သုံး​ရက်ဆက်တိုက် လက်နက်ကြီး​တွေနဲ့​ ပစ်ခတ်မှု​ကြောင့်​ အဲဒီ​ဒေသတဝိုက်မှာရှိတဲ့​ ရွာသား​တချို့​ မြိုင်ကြီး​ငူ​ဒေသကို ​ရွှေ့​ပြောင်း​လာကြတယ်လို့​ မြိုင်ကြီး​ငူ​ဒေသခံတဦး​က ​ပြောပါတယ်။
“မ​နေ့​ည ၄ နာရီ​ကျော်​ကျော်​လောက်က​နေ စပြီး​တော့​ ပစ်တယ်။ တညလုံး​ရယ်​တော့​ မဟုတ်ဘူး​ပေါ့​။ ကြာကြာတခါ ကြာကြာတခါ အဲဒီလိုပဲ ပစ်တယ်။ ရွာသား​တွေက​တော့​ ​လော​လောဆယ် မြိုင်ကြီး​ငူဘက် ​ပြောင်း​ရွှေ့​ကြတာ​ပေါ့​။”
ဒီပစ်ခတ်မှုအတွင်း​ နှစ်ဘက် ထိခိုက်ကျဆုံး​မှု ရှိမရှိကို​တော့​ အတိအကျမသိရ​သေး​ပါဘူး​။
ပြီး​ခဲ့​တဲ့​ ဇူလိုင် ၂၀ ရက်​နေ့​အ​စောပိုင်း​ကလည်း​ ကရင်ပြည်နယ် ပိုင်ကျုံမြို့​နယ်အတွင်း​ရှိ ထီး​ပယ်ရွာအနီး​မှာ နယ်ခြား​စောင့်​တပ်နဲ့​ ကရင်အမျိုး​သား​ လွတ်​မြောက်​ရေး​တပ်မ​တော်တို့​ တိုက်ပွဲဖြစ်ပွား​ပြီး​ နယ်ခြား​စောင့်​တပ်ဖွဲ့​ဝင် ၁ ဦး​ ကျဆုံး​သွား​တယ်လို့​ ပဒို​အောင်​မောင်​အေး​က ​ပြောပါတယ်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ