ထိုင်း မြန်မာ နယ်စပ်တွင် ရဟတ်ယာဉ် ၂ စီး ပျက်ကျ
မိုးမခအထောက်တော် အမှတ် ၀၀၅
ဇူလိုင် ၂၀၊ ၂၀၁၁
ယမန်နေ့က ပက်ချဘူရီခရိုင် နှင့် တနင်္သာရီတိုင်း နယ်စပ်တွင် ပျက်ကျသွားသည့် Black Hawk ရဟတ်ယာဉ်တွင် Surasi Task လေတပ်စခန်း တပ်ရင်းမှူး ဗိုလ်ချုပ် Tawan Ruangsri လည်း လိုက်ပါသွားသည် (ဓာတ်ပုံ-ဘန်ကောက်ပို့စ်)
စနေနေ့က ထိုင်း - မြန်မာနယ်စပ်တွင် ပျက်ကျခဲ့သော ရဟတ်ယာဉ်တွင် လိုက်ပါသွားသူ ၅ ဦးနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် ယမန်နေ့ နံနက်က သွားရောက်ခဲ့သည့် ထိုင်းစစ်တပ်၏ Black Hawk အမျိုးအစား ရဟတ်ယာဉ်တစီးသည် ရာသီဥတုဆိုးရွားမှုကြောင့် ပျက်ကျသွားသည်ဟု သိရသည်။
ထို ရဟတ်ယာဉ် ၂ စီးပေါ်တွင် လိုက်ပါသွားသူများနှင့် ပတ်သက်ပြီး အသေးစိတ် မသိရသေးကြောင်း ထိုင်းသတင်းဌာနများက ဆိုသည်။
ဒုတိယ ရဟတ်ယာဉ်တွင် Surasi Task လေတပ်စခန်း တပ်ရင်းမှူး ဗိုလ်ချုပ် Tawan Ruangsri လည်း လိုက်ပါသွားသည်။
ရဟတ်ယာဉ် ပျက်ကျမှုများမှာ မြန်မာစစ်တပ်၏ ပစ်ခတ်မှုများကြောင့် မဟုတ်ဘဲ တောင်ကြားဒေသတွင် လေပြင်းတိုက်သဖြင့် ဖြစ်ပွားခဲ့ရသည်ဟူသော
ထိုင်း အမှတ် ၁ စစ်တပ် ဦးစီးချုပ် ဗိုလ်ချုပ် Udomdet Seetabut ၏ ပြောဆိုချက်ကို ဘန်ကောက်ပို့စ်သတင်းစာတွင် ယနေ့ ဖော်ပြထားသည်။
ဒုတိယ
ရဟတ်ယာဉ် ပျက်ကျမှုမှာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သည်ဟု
ထိုဗိုလ်ချုပ်က ပြောကြားသည့်အကြောင်းကို ထိုင်းသတင်းများတွင် တွေ့ရသည်။
ပက်ချဘူရီခရိုင် နှင့် တနင်္သာရီတိုင်း နယ်စပ်၊ ထိုင်းနှင့် ၂ ကီလိုမီတာ အကွာတွင် ပျက်ကျခြင်း ဖြစ်သည်ဟု ဆိုသည်။
ထိုင်းအမှတ် ၁ စစ်တပ်က ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် မြန်မာစစ်တပ်ကို အကူအညီ တောင်းထားသည်ဟု သတင်းများက ဆိုသည်။
အကြိုက်များသော Posts
-
တစ်ချို. က တွေးကြမှာပါ ထိုင်းရောက်မြန်မာအလုပ်သမားတွေအနေနဲ. ကိုယ့်နိုင်ငံကို ကိုယ်ပြန်ပြီးလုပ်စားလဲရတာပဲ ၊ ဒီလောက် ခံနေရတာတောင် ဘာလို.ဆက်နြေ...
-
( ပရော်ဖက်ဆာဒေါက်တာကြွက် စာမျက်နာမှ ကူးယူဖော်ပြသည်) မိအေးအော်တာပဲ ပြမနေကြပါနဲ. ဂဏာန်းလှပ်တာလေးလဲမြင်အောင် ပြပေးကြပါ...... မြန်မာတွေ မြန...
-
စာချုပ်စာတမ်းနမူနာများ ...
-
ဇီဝဗေဒ Biology studies the variety of life (clockwise from top-left) E. coli , tree fern , gazelle , Goliath beetle ဇီဝဗေဒဘာသာရပ...
-
Written by Won Thar Nu ...
-
S Pass S Pass ဟာ ၂၀၀၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ EP Q2 ကို အစားထိုးခဲ့တဲ့ Pass အသစ်ဖြစ်ပါတယ်။ S Pass ရဲ့ အနက်အဓိပ္ပာယ်ကို သက်ဆိုင်ရာ Webs...
-
စစ်ခရာသံများ စစ်တက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး အောင်မျိုးမင်းသည် စစ်တက္ကသိုလ် ဗိုလ်လောင်းများအား စစ်ခရာသံများနှင့် ပတ်သက်၍ ကြာ...
-
[color=cyan]ဗုဒ္ဓဘာသာ website များ www.dhammadownload.com www.dhammanet.org www.edhamma.com www.mora.gov.mm www.dhammasearch.net မြ...
-
ထိုင်းတီဗီ 9 လိုင်းက အင်တာဗျူး ကောင်းတဲ့ တစ်ယောက်နဲ. ထိုင်းဘုရင့် သမီးတော်(တတိယ) စကားပြောကြတဲ့နေရာမှာ မှတ်သားလောက်တဲ့ စကားတစ်ခွန်း ကြား...
-
ဗန်းမော်တင်အောင် ( သို့မဟုတ် ) ပြည်သူ့ဘက်ကရပ်တည်ခဲ့သော စာရေးဆရာကြီး သိပ္ပံချစ်သူ ဧပြီ ၂၂၊ ၂၀၁၁ ပြည်သူ့ဘက်က ရပ်တည်၍ ပြည်သူကို ...
No comments:
Post a Comment