.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Thursday, July 21, 2011

ဧရာဝတီတိုင်း​တွင် ဆည်​ရေ​ဖောက်ချသဖြင့်​ လယ်ဧကနှစ်​သောင်း​ဝန်း​ကျင် ​ရေနစ်မြုပ်

Published on July 21, 2011 by ​အေး​နိုင်   ·(DVB မှကူးယူဖော်ပြသည်)
ဧရာဝတီတိုင်း ​ဒေသကြီး​တွင်း​မှာ ဆည်​ရေ​ဖောက်ချလိုက်တဲ့​အတွက် ဆည်က​နေကျဆင်း​လာတဲ့​ရေ​တွေ​ကြောင့်​ ပန်း​တ​နော်မြို့​နယ်တွင်း​ ​ကျေး​ရွာအုပ်စု (၉) ခုက လယ်ဧက (၂) ​သောင်း​ဝန်း​ကျင် ​ရေနစ်မြုပ်​နေသလို ရခိုင်ပြည်နယ်က မြို့​နယ်တချု့​မှာလည်း​ မိုး​သည်း​ပြီး​ လယ်ကွက်​တွေ ​ရေနစ်မြုပ်​နေတယ်လို့​ ပန်း​တ​နော်မြို့​ ရပ်မိရပ်ဖတဦး​က ​ပြောပါတယ်။
ပြီး​ခဲ့​တဲ့​ ​မေ၊​ ဇွန်လပိုင်း​မှာ မိုး​သည်း​ထန်ပြီး​ ကျုံ​ပျော်မြို့​နယ်ထဲမှာ လယ်ဧက ၃ ​ထောင်​လောက် ​ရေနစ်မြုပ်ခဲ့​တာကို လယ်သမား​တွေက သက်ဆိုင်ရာ မြို့​နယ်ခရိုင် တိုင်း​ဒေသကြီး​အဆင့်​ဆင့်​ အုပ်ချုပ်​ရေး​ အာဏာပိုင်ကို တင်ပြခဲ့​ကြတယ်လို့​ ဆိုပါတယ်။
ဧရာဝတီတိုင်း အတွင်းရှိ လယ်ကွက်တခု (ဓာတ်ပုံ - ဒီဗွီဘီ)
ကျုံ​ ပျော်မြို့​က လယ်​တွေ ​ရေမြုပ်တာဟာ ပန်း​တ​နော်နဲ့​ ကျုံ​ပျော်နယ်စပ်မှာ ရှိတဲ့​ ​ကော်သလဲ တာတမံခံ​နေတာ​ကြောင့်​ ဖြစ်ရမယ်လို့​ ယူဆပြီး​ ဆည်​မြောင်း​ဌာနက တာဝန်ရှိသူ​တွေရဲ့​ တား​မြစ်တဲ့​ကြား​က ဆည်​ရေ​ဖောက်ချဖို့​ သက်ဆိုင်ရာက ဆုံး​ဖြတ်ခဲ့​ပါတယ်။
ဒီ​နောက် ဧရာဝတီတိုင်း​ဒေသကြီး​ စိုက်ပျိုး​ရေး​နဲ့​ ​မွေး​မြူ​ရေး​ဝန်ကြီး​ ဦး​တင်စိုး​ကိုယ်တိုင် ဆင်း​လာပြီး​ အခုလ
၅ ရက်​နေ့​မှာ ဆည်​ဖောက်ချလိုက်ပြီး​တဲ့​နောက် လယ်ဧက ၂ ​သောင်း​ကျော် ​ရေနစ်မြုပ်ကုန်တယ်လို့​ ပန်း​တ​နော်မြို့​ ရပ်မိရပ်ဖတဦး​က ​ပြောပါတယ်။
“ဦး​တင်စိုး​ သူကိုယ်တိုင် ဆင်း​လာပြီး​ ဝန်ကြီး​ချုပ်အမိန့်​နဲ့​ ဆိုပြီး​တော့​ ​နေ့​လယ် ၁ နာရီခွဲ​လောက်မှာ ဆည်ချိုး​ချလိုက်​တော့​ ကျုံ​ပျော်က​ရေ အကုန်လုံး​က ​ကျေး​ရွာအုပ်စု ၉ အုပ်စုကို ဒီတရက်နှစ်ရက်တည်း​နဲ့​ပဲ ​ရေလွှမ်း​သွား​တာ​ပေါ့​။ အဲဒါ ဧက ၂ ​သောင်း​ ​ကျော်တယ်။ တာ​တွေ ခံထား​တော့​ ဘာပဲ​ပြော​ပြော မြစ်​ရေ​တော့​ မတက်ဘူး​ပေါ့​ဗျာ။ ဒါ​ပေမယ့်​ ဒီနှစ်က မိုး​ကများ​တော့​ ​ရေက ဘယ်မှာမှ ထွက်လမ်း​သိပ်မရှိဘူး​ ဖြစ်​နေတယ်။”
လယ်သမား​တွေရဲ့​ အခက်အခဲ​တွေကိုလည်း​ သူက အခုလို ​ပြောပတယ်။
“မိုး​ရေကလည်း ​ အခုက မိုး​က ​တော်​တော်များ​လာတယ်။ ​နောက်ထပ် ကြဲဖို့​စိုက်ဖို့​ကလည်း​ အရင်း​အနှီး​ကလည်း​ သိပ်မရှိဘူး​။ မျိုး​စပါး​တွေကလည်း​ ၂ လခွဲ ၃ လမျိုး​တွေ။ ရှာ​တော့​ ရှာတယ်။ ဒါ​ပေမယ့်​ ​တောင်သူ​တွေက​တော့​ ဟန်ပဲ ရှိ​တော့​တယ်ဗျ။ ဒီ ​နွေတုန်း​ကလည်း​ ဆုံး​ထား​တာက ​နောက် ပဲ​ဈေး​တွေကလည်း​ အခုထက်ထိ က​မောက်ကမ အ​ကြွေး​တော့​ တင်​နေပြီ။”
ကျုံ​ ပျော်မြို့​က ​ဒေသခံ တဦး​ကလည်း​ ဒီလ ၆ ရက်​နေ့​က ဆည်ချိုး​ချတဲ့​ ​ရေဟာ အလျား​ပေ ၂၀ ​လောက်သာ ဖြန့်​ချလိုက်​ပေမယ့်​ ၁၀ ရက်​လောက် အကြာမှာ ​ပေ ၁၀၀ အထိ ကျယ်ပြန့်​သွား​တာ ဖြစ်တယ်လို့​ ​ပြောပါတယ်။
ပန်း​တ​ နော်ဘက်က လယ်​မြေ​တွေ၊​ အင်း​တွေ ​ရေမြုပ်ကုန်အပြီး​မှာ တိုင်း​ဒေသကြီး​ဝန်း​ကြီး​ချုပ် ဦး​သိန်း​အောင်ကို တိုင်ကြား​ခဲ့​ပြီး​နောက် ဆည်ကို ချက်ချင်း​ ပြန်ပိတ်ခိုင်း​ခဲ့​တယ်လို့​ ဆိုပါတယ်။
အခုအခါမှာ သက်ဆိုင်ရာက ​ကျေး​ရွာ အုပ်စု​တွေအလိုက် ​ငွေ​ကြေး​ကောက်ခံပြီး​ တ​နေ့​ကို ကျပ် ၂ ​ထောင်နှုန်း​နဲ့​ ဆည်ပြန်လည်ဖို့​ရေး​ကို လုပ်​ဆောင်​နေတယ်လို့​ ​ပြောပါတယ်။
“ကျ​နော်တို့​ ​ပြောတုန်း​က ၃ ​ထောင်ဆိုပြီး​ ​ပြောတာ​လေ။ တကယ်ရတဲ့​ လူ​တွေကို ​မေး​ကြည့်​တော့​ ၂ ​ထောင်ပဲ ရတယ်။ သူတို့​ ​ကောက်သွား​တဲ့​ ပိုက်ဆံ​တွေ ရှိတယ်​လေ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​က​နေပြီး​တော့​ ​ပေး​တာ။”
ဧရာဝတီတိုင်း​ အတွင်း​မှာ လယ်ဧက​သောင်း​ချီ ​ရေမြုပ်​နေသလို ရခိုင်ပြည်နယ် ဘက်က မြို့​နယ်တချို့​မှာလည်း​ ​ရေနစ်မြုပ်​နေတယ်လို့​ ရခိုင်ပြည်နယ် စစ်​တွေမြို့​က ရပ်မိရပ်ဖ တဦး​က အခုလို ​ပြောပါတယ်။
“ပုဏ်ဏား​ ကျွန်း​၊​ ​ကျောက်ဒို၊​ ​မြောက်ဦး​ဘက်မှာ ​တော်​တော်​လေး​ကို ​ရေကြီး​နေတယ်။ ​ကျောက်ဒိုနဲ့​ ​မြောက်ဦး​ကြား​မှာ ဆိုလို့​ရှိရင် မဟာမြတ်မုနိ ဘုရား​မှာ ​တော်​တော်​လေး​ကို အဲဒီလမ်း​တွေမှာ ​ရေလွှမ်း​မိုး​နေတယ်။ ထမင်း​တောင် သွား​ပို့​ရတယ်လို့​ ကျ​နော်​တော့​ အဲဒီလို ကြား​ရတယ်​လေ။ ​မြောက်ဦး​မြို့​နယ် ဘက်မှာလည်း​ ဆိုး​နေတယ်။ မင်း​ပြား​ ဆိုရင်လည်း​ ​ရေလွှမ်း​မိုး​နေတယ်။ စစ်​တွေမြို့​မှာ လည်း​ မိုး​ကြီး​တာ ၅ ရက်​လောက် ရှိသွား​ပြီဗျ။”
အဲဒီ ​ရေနစ်မြုပ်တဲ့​ ​ဒေသက လယ်ကွင်း​တွေရဲ့​ အ​ခြေအ​နေကိုလည်း​ သူက အခုလို ​ပြောပါတယ်။
“လယ်က​တော့​ တချို့​ဟာ​တွေကလည်း​ စိုက်ပြီး​သွား​ပြီ တချို့​ဟာ​တွေကလည်း​ မစိုက်ရ​သေး​ဘူး​လေ။ အဲဒီအချိန်အခါမှာကျ​တော့​ ကျ​နော်တို့​ ​တောင်သူလယ် သမား​တွေက အကုန်လုံး​ ရပ်ထား​ရတာ​ပေါ့​ဗျာ။ ​ရေကြီး​နေ​တော့​ ဘယ်လိုမှ ထွန်လို့​ မရဘူး​။ တချို့​တချို့​ ကန်သင်း​ရိုး​တွေ​တောင် မမြင်ရဘူး​ အဲဒီလို ဖြစ်​နေတယ်။ ဘာမှာ အာဏာပိုင်အဖွဲ့​အစည်း​တွေကလည်း​ လှည့်​မကြည့်​ဘူး​။”

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ