.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Sunday, May 29, 2011

စစ်ပြန်တွေ အောက်မေ့ဖွယ် အခမ်းအနား ၀ါရှင်တန်မှာ ကျင်းပ

Memorial Day အထိမ်းအမှတ် Rolling Thunder ဆိုင်ကယ်သမားအုပ်ကြီး စီတန်း လှည့်လည် မောင်းနှင်နေစဉ်။
ဓာတ်ပုံ AP
Memorial Day အထိမ်းအမှတ် Rolling Thunder ဆိုင်ကယ်သမားအုပ်ကြီး စီတန်း လှည့်လည် မောင်းနှင်နေစဉ်။ မေ ၂၉၊ ၂၀၁၁။

ဒီတပတ် ရုံးပိတ်ရက်ဟာ အမေရိကန်မှာ စစ်အတွင်း ကျဆုံးသွားသူတွေအတွက် ရည်ရွယ်ထားတဲ့အတွက် အောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားတွေ၊ အလှပြ ချီတက်ပွဲတွေကို မြို့တော်အပါအဝင် နိုင်ငံအနှံ့မှာ ကျင်းပနေကြပါတယ်။
မေလရဲ့ နောက်ဆုံးသီတင်းပတ် တနင်္လာနေ့ကို Memorial Day အောက်မေ့ဖွယ်နေ့အဖြစ် သတ်မှတ်ပြီး နိုင်ငံအတွက် အသက်ပေးသွားကြတဲ့ စစ်သား စစ်သမီးတွေကို ဂုဏ်ပြုကြတာပါ။
ဝါရှင်တန်ဒီစီ (Washington DC) မြို့တော်မှာရှိတဲ့ အထင်ကရ အာလင်တန် (Arlington) စစ်သင်္ချိုင်း
အပါအဝင် နိုင်ငံတဝန်းမှာရှိတဲ့ စစ်သင်္ချိုင်းတွေက အုတ်ဂူတွေမှာ တချို့သူတွေက အမေရိကန် အလံတွေကို အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် ကိုယ့်သဘောနဲ့ကိုယ် လာပြီး စိုက်ထူကြပါတယ်။
ဗွီအိုအေရုံးနဲ့ သိပ်မဝေးတဲ့ အမျိုးသားရင်ပြင်မှာ အောက်မေ့ဖွယ် စင်တင် ဂီတဖျော်ဖြေပွဲကို ပြုလုပ်နေပါတယ်။ ဒီပွဲမှာ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကောလင်း ပါဝဲလ် (Colin Powell) အပါအဝင် တာဝန်က အနားယူသွားကြတဲ့ ဗိုလ်ချုပ်ကြီးတွေနဲ့ တခြား ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေကို ဂုဏ်ပြုမှာ ဖြစ်ပါတယ်။
တနိုင်ငံလုံးက ထောင်နဲ့ချီတဲ့ မော်တော်ဆိုင်ကယ်သမားတွေ စုပေါင်းထားတဲ့ Rolling Thunder ဆိုင်ကယ်သမား အုပ်ကြီးကလည်း စစ်ပြန် စစ်မှုထမ်းတွေရဲ့အရေး၊ ရှေ့တန်းမှာ ပျောက်ဆုံးသွားသူတွေရဲ့ အရေးကို မမေ့ကြဖို့ အသိပေးတဲ့ အနေနဲ့ ၀ါရှင်တန်မြို့တော်မှာ လာရောက်စုဝေးကြပြီး ဆိုင်ကယ်တွေကို စီတန်းမောင်းနှင် လှည့်လည်ကြပါတယ်။ ဒီဆိုင်ကယ်သမား အုပ်စုကြီးကို ကာကွယ်ဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) နဲ့ ပူးတွဲစစ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ခ် မူလန် (Mike Mullen) ကလည်း မိန့်ခွန်းပြောကြားဖို့ ရှိနေပါတယ်။
ဒီနေ့ တနင်္လာနေ့အထိ ၃ ရက်ဆက်တိုက် ရုံးပိတ်တဲ့ အောက်မေ့ဖွယ် အထိမ်းအမှတ် ရုံးပိတ်ရက်မှာ ပျော်ပွဲစားထွက်ကြသူတွေ၊ ပင်လယ်ကမ်းခြေသွား အနားယူကြသူတွေလည်း ရှိတာမို့ ဒီရုံးပိတ်ရက်မှာ ကျဆုံးသွားသူတွေကို အမှတ်ရဖို့ထက် အပန်းဖြေကြတဲ့ဘက်ကို ပိုရောက်သွားမှာ စိုးရိမ်နေကြသူတွေလည်း ရှိပါတယ်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ