.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Tuesday, May 31, 2011

အဓိက ကားလမ်း မပြုပြင်ပေးလို့ ခရီးသွားတွေ ကုန်သည်တွေ အကြပ်တွေ့

2011-05-31
စစ်ကိုင်းတိုင်း အတွင်း ချင်းတွင်းဒေသ တလျှောက် ကူးသန်း ရောင်းဝယ်ရေးနဲ့  ခရီးသည် ပို့ ဆောင်ရေးမှာ အထူးအားထားရတဲ့ ကလေးဝ - ယာကြီး အဝေးပြေးလမ်းဟာ ပျက်စီးနေတာကို မပြင်ဘဲ ထားတာကြောင့် ခရီးသွား ပြည်သူတွေ အခက်အခဲ ကြီးစွာ ကြုံတွေ့ နေကြရတယ်လို့ သိရပါတယ်။
မုံရွာတဖက်ကမ်း ယာကြီးကနေ ကလေးဝမြို့ အထိ ဖေါက်လုပ်ထားတဲ့ ၁၁၅ မိုင် အရှည်ရှိ ကားလမ်းသစ်ဟာ ယခင် အသုံးပြုလေ့ရှိတဲ့ မဟာမြိုင်တောကို ဖြတ်ဖေါက်ထားတဲ့ ရေဦး-ကလေးဝ လမ်းဟောင်းနဲ့ စာရင် မိုင်ခြောက်ဆယ် လျော့နဲပြီး၊ ရွာစဉ်ဆက် မပြတ်တဲ့ အတွက် လူသုံးများတဲ့ လမ်းဖြစ်ပါတယ်။ ဒီနှစ် သင်္ကြန် အပြီး ရက်ပိုင်းတွေမှာ မိုးများပြီး လမ်းပျက်စီးခဲ့လို့  ကားတွေ ဗွက်နစ်တဲ့ အခါမျိုးမှာ ခရီးသည်တွေ လမ်းမှာ နှစ်ည လေါက်ထိ အိပ်ပြီး စောင့်ကြရတယ်လို့ ဒေသခံ တဦးက ပြောပြပါတယ်။ "မိုးတွင်းအခါကျတော့ လမ်းက မချောမွေ့တော့ဘူးဗျ။ ဒီကြားထဲ ကတ္တရာက မရှိတော့ ပိုဆိုးရော။ ကားတွေ ဗွက်နစ်လို့ တောက်ရှောက်ကြီး ပိတ်ဆို့သွားတာ။ အဲဒီတော့ မိုးချောက်တဲ့ အခါအထိ စောင့်ပြီးတော့မှ နောက်ဆုတ်လို့ရတဲ့ ကားက နောက်ဆုတ်၊ ရှေ့ဆက်သွားလို့ရတဲ့ ကားက ရှေ့ဆက်သွား၊ အဲလိုလုပ်ရတာ။ ကျွဲနဲ့ဆွဲတဲ့အခါ သူတို့ဗွက်တခုလွတ်ဖို့ ဆွဲရင် ၅ ထောင်လောက်ပေးရတယ်။ တကယ်လို့သာ မိုးများလာပြီဆိုရင် လုံးဝကို မသွားနိုင်တော့ဘူး။ ဆိုင်နဲ့နီးတဲ့ ကားတန်းတွေကတော့ ဆိုင်တန်းတွေမှာ အိပ်ကြရတယ်။ ရွာတွေက သိပ်မဝေးတော့ ရွာတွေမှာ အိပ်ကြရတယ်ဗျ။" အခုလို လမ်းတွေ ပျက်စီးရတာဟာ ကားလမ်း ထိမ်းသိမ်းရေး ဆောင်ရွက်တဲ့ ကုမ္ပဏီတွေရဲ့ တာဝန်ပေါ့ ချို့ ယွင်းမှုကြောင့် ဖြစ်ကြောင်း အဆိုပါ ဒေသခံ က ပြောပြပါတယ်။ "လမ်းကို မပြင်တာဗျ။ လူကြီးလာတဲ့အခါ ဟန်ပြဖြစ်အောင် လမ်းကို မြေဖို့လိုက် ကျောက်နဲ့ လမ်းကြိတ်စက်နဲ့ ကြိတ်လိုက် ဒီလောက်လေးလုပ်တာ။ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်ကတော့ တော်တော်ကောင်းခဲ့တာ။ ဒီဖက်ပိုင်းမှာတော့ လုပ်သမျှ ကုမ္ပဏီတွေ ခိုးသွားကြတာ။ ကျောက်ကျင်းတွေ ထုတ်သုံးပြီး အိတ်ထဲ ထဲ့သွားကြတာ။ သူတို့တိုင်းမှူးတွေ လာတဲ့အခါ၊ နိုင်ငံတော် အကြီးအကဲတွေလာမဲ့အခါ ကြိုတင်ပြီးတော့ ပြုပြင်ထားတာ။ ဒါပေမဲ့ မြေသားဘဲ ဖို့ထားတာ၊ ခိုးတာတွေများသွားတာပေါ့ဗျာ။ ဥပဒေကလည်း မစိုးမိုး ဆိုတော့လေ။ တိုင်တော့လည်း တိုင်တန်းတဲ့သူတွေကဘဲ တရားခံ ဖြစ်ဖြစ်သွားတော့ မတိုင်ရဲကြဘူးလေ။ ဘေးကဘဲ ပွစိပွစိ ပြောကြတယ်။" ကလေးဝ-ယာကြီးလမ်း ဟာ နယ်စပ် ကုန်သွယ်ရေးအတွက် ကုန်တင်ပို့ ရာ မုံရွာ တမူး လမ်းကြောင်းမှာ အဓိက ကျတဲ့ လမ်းပိုင်း ဖြစ်တယ်လို့ လည်း သိရပါတယ်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ