.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Monday, May 30, 2011

ကမ္ဘာ့ဘာသာရေးအဖွဲ့ကြီးများအကြောင်းအကျဉ်း (ဗုဒ္ဗဘာသာ)




"All that we are is the result of what we have thought: it is founded on our thoughts, it is made up of our thoughts. If a man speaks or acts with a pure thought, happiness follows him, like a shadow that never leaves him."   Gautama Buddha, Dhammapada







 သမိုင်းအကျဉ်း
  1. သိဒ္ဓတ္ထဂေါတမ  - (about 560 – 480 BC) ဗုဒ္ဗဘာသာကို စတင်တည်ထောင်သူဖြစ်ပြီး အိန္ဒိယ နိုင်ငံအရှေ့မြောက်အရပ်ရှိ ယနေ့ နီပေါ နိုင်ငံတွင်မွေးဖွါးကြီးပြင်းခဲ့သည်။
  2. ဒလိုင်းလားမား - တိဘက်နိုင်ငံ ဗုဒ္ဗဘာသာအဖွဲ့ချုပ်၏ ၀ိညာဉ်ရေးခေါင်းဆောင်
  3. အရိမ္မေတ္တေယျ - နောင်အနာဂါတ်တွင်ပွင့်မည့် ဘုရား။
ယနေ့ ကမ္ဘာတွင် ဗုဒ္ဗဘာသာကိုးကွယ်ယုံကြည်သူ သန်းပေါင်း ၃၂၅ မှ သန်းပေါင်း ၄၀၀ ခန့်ရှိမည်ဟု ခန့်မှန်းရပြီး ခရစ်ယာန်၊ အစ္စလမ် နှင့် ဟိန္ဒူဘာသာ နောက်တွင် စတုထ္ထအကြီးဆုံးသောဘာသာရေး အဖွဲ့ကြီးဖြစ်သည်။

ဂေါတမမြတ်စွာဘုရားသည် ဘုရင့်နန်းတွင်း တော်ဝင်မင်းသားတစ်ပါးအဖြစ်မွေးဖွါးကြီးပြင်းလာခဲ့သည်။ တစ်နေ့  မိဘများမရှိခိုက် နန်းတွင်းမှခိုးထွက်ပြီး အပြင်လောကကိုစနည်းနာ လေ့လာရန် ထွက်သွားသည်။ သူ၏ တစ်သက်လုံးတွင် ပထမဦးဆုံးအနေဖြင့် လောကသားတို့၏ အိုခြင်း၊ နာခြင်း၊ သေခြင်း တည်းဟူသောဆင်းရဲ ဒုက္ခများ၊ သက်ကြီးရွယ်အိုများတို့၏ ဒုက္ခများ၊ ရောဂါဆိုးများတို့နှင့် သေခြင်းတရား တို့ကိုမြင်တွေ့ခဲ့ရသည်။ အပြင်လောကတွင် ကြုံတွေ့ရသော ဤ ဒုက္ခ ဆင်းရဲခြင်းအမျိုးမျိုး တို့မှလွတ်မြောက်ရာ လမ်းကိုရှာရန် စိတ်ပိုင်းဖြတ်ပြီး နန်းတွင်းစည်းစိမ်အားလုံး အနစ်နာခံ စွန့်လွတ်ကာ ထွက်ခွါသွားသည်။



ထွက်ခွါသွားပြီး ခြောက်နှစ်မြောက်တွင် ဂေါတမ မြတ်စွာဘုရားသည်  (Ganges) ဂင်္ဂါ မြစ်ကမ်းတစ်နေရာရှိ ဗေါဓိညောင်ပင် ကြီးတစ်ပင်အောက်တွင် တရားကျင့်ထိုင်နေစဉ်တွင် မြတ်သောမှန်ကန်ခြင်းတရားတော် လေးပါးကိုရရှိခဲ့သည်။ ထိုတရားတော်လေးပါးမှာ -
  1. ဘ၀အားလုံး ဆင်းရဲဒုက္ခနှင့်ပြည့်သည် (ဒုက္ခဆင်းရဲ/ဆင်းရဲခြင်းအမှန်)
  2. ဤဒုက္ခဆင်းရဲများဖြစ်ပွါးရခြင်း၏ အခြေခံအကြောင်းရင်းသည် လိုအင်ရမ္မက် သို့မဟုတ်လောကကြီးနှင့် ပတ်သက်ခြင်းကြောင့်ဖြစ်သည်။ (သမုဒ္ဒယသစ္စာ)
  3. လိုအင်ရမ္မက်ကို ချုပ်တီးခြင်း(၀ါ) မရှိစေခြင်းသည် ဒုက္ခဆင်းရဲအားလုံးကိုပျောက်ကင်းစေခြင်းတရားဖြစ်သည်။ (နိုရောဓသစ္စာ)
  4. တရားတော် (နိပါတ်တော်) ကျင့်စဉ်များကို ကျင့်ခြင်းအားဖြင့် လိုအင်ရမ္မက်များကို ချုပ်တီး (၀ါ) ပျောက်ကင်းစေနိုင်သည်။ ( မိမိ၏လိုအင်ဆန္ဒများကို အစွန်းမရောက်ရန်ထိမ်းသိမ်းချုပ်တည်းပြီး မိမိကိုယ်ကို မိမိငြင်းပယ်ခြင်းတရား) (မဂ္ဂသစ္စာ)
ဤတရားတော်လေးပါး အားဖြင့် ဂေါတမကို ဗုဒ္ဗမြတ်စွာဘုရားပွင့်တော်မူခြင်းအဖြစ် ဗုဒ္ဗဘာသာဝင်တို့က ယုံကြည်လက်ခံသည်။ ထို့နောက် သံဃာတော် များကိုဖွဲ့စည်းပြီး ဆယ်စုနှစ် လေး ခုတိုင်တိုင် သူတွေ့မြင် ကြုံတွေ့ခဲ့ရသော အမှန်တရား၊ တရားတော်များ ကို ဟောပြောသွန်သင်ခဲ့သည်။ သူပျံလွန်တော်မူသော အခါ အလောင်းတော်ကို မီးင်္သဂြိုလ်ခြင်းအမှုကို ပြုလုပ်ကာ ဓါတ်တော် (ပြာ) များကို stupa သို့မဟုတ် စေတီပုထိုး များတွင်ထားသည်။

ဗုဒ္ဗမြတ်စွာဘုရား ပျံလွန်တော်မူပြီး နှစ်ပေါင်း ၂၀၀ ခန့်အထိ ဗုဒ္ဗဘာသာ သည် အိန္ဒိယနိုင်ငံအပြင် အခြားနိုင်ငံများသို့ ရောက်ရှိပျံ့နှံ့ခြင်းမရှိသေးချေ။ နောက်ပိုင်းတွင် စစ်မှုရေးရာများဖြင့် ပင်ပန်းနွမ်းနယ်သော အိန္ဒိယနိုင်ငံ၏ ဘုရင် အာသောက မင်းသည် ဗုဒ္ဗဘာသာအဖြစ်သို့ ကူးပြောင်းပြီး ဗုဒ္ဗသာသနာ ပြန့်ပွါးရန် သာသနာပြုများကို နေရာ အနှံ့စေလွှတ်သည်။ ဤအချိန် (BC 250) တွင်ပင် ဗုဒ္ဗဘာသာဝင် အတွင်းတွင် ကွဲပြားသော ယုံကြည်ခြင်းများလည်းစတင်ဖြစ်ပေါ်လာသည်။

အခြေခံယုံကြည်ချက်များ
  • ရတနာသုံးပါး - (၁) ဘုရား (၂) တရား (၃) သံဃာ
  • ဗုဒ္ဗမြတ်စွာဘုရား၏တရားတော်မြတ် လေးပါး (၁) ဒုက္ခဆင်းရဲ ခြင်းသည်ဘ၀တွင် ရှောင်လွဲမရသောအရာဖြစ်သည်။ (၂) ဒုက္ခဆင်းရဲခြင်းသည် လူသားတို့၏လိုအင် ရမ္မက်များကြောင့်ဖြစ်ပေါ်သည်။ (၃) Nirvana နိဗ္ဗန် မရောက်မချင်း လိုအင်ရမ္မက် ကိုမချုပ်တည်းနိုင် (၄) တရားတော်ကျင့်စဉ် ၈ နည်းအားဖြင့်သာ Nirvana နိဗ္ဗန်ရောက်နိုင်သည်။
  • နိဗ္ဗန်ရောက်ကြောင်းကျင့်စဉ် ၈ ပါးသီလ။ (1) မှန်စွာမြင်ခြင်း (2) မှန်စွာတွေးခေါ်ခြင်း (3)မှန်စွာပြောခြင်း (4)မှန်စွာပြုလုပ်ခြင်း (5)မှန်စွာအသက်မွေးခြင်း (6)မှန်စွာအားထုတ်ခြင်း (7)မှန်စွာသတိရခြင်း  (8)မှန်စွာစူးစိုက်တည်ကြည်ခြင်း
  • (၁၀) ပါးသီလ၊ ၁ မှ ၅ အထိသည် ဗုဒ္ဗဘာသာဝင်တိုင်းလိုက်နာရန်ဖြစ်ပြီး၊ သံဃာတော်များသည် အချက် ၁၀ ချက် စလုံးကို လိုက်နာရန်ဖြစ်သည်။ (၁)အသက်မသတ်ရ (၂)မခိုးရ (၃)သူတစ်ပါးသားမယားကိုပြစ်မှားခြင်းမပြုရ (၄)မလိမ်ညာရ (၅)မူးယစ်သောက်စားခြင်းမပြုရ (၆)နေ့လွဲမွန်းတိမ်းမစားရ (ရ)တေးသီချင်း၊ ကခုန်ခြင်းတို့အားဖြင့် အပျော်လွန်ကျူးခြင်း မပြုရ (၈)ပန်းမန်အမွေးနံ့သာ များကို အလွန်အကြွံမမက်မောရ၊ မသုံးဆောင်ရ (၉)မြင့်သောနေရာ၊ မြတ်သောနေရာတွင်မနေ မထိုင်ရ၊ မသာယာရ (၁၀)ရွှေ၊ ငွေ ရတနာများကို မပိုင်ဆိုင်ရ။

ခရစ်ယာန်ဘာသာတွင် အခြေခံယုံကြည်ချက်အပေါ်မူတည်ပြီ ဂိုဏ်းဂဏ များကွဲပြားသကဲ့သို့ ဗုဒ္ဗဘာသာ တွင်လည်း အဓိက ဂိုဏ်း ၂ ခုရှိပါသည်။ ထေရ၀ါဒ ဗုဒ္ဗဘာသာ (Theravada) နှင့် မဟာရန ဗုဒ္ဗဘာသာ (Mahayana) တို့ဖြစ်သည်။
  •  ထေရ၀ါဒ ၏အဓိပ္ပါယ်သည် သက်ကြီး/လူကြီးလမ်းစဉ် ဟုအဓိပ္ပါယ်ရပြီး၊ နဂို ဟိနယန ဗုဒ္ဗဘာသာ (Hinayana) ဟုခေါ်သည်။ မဟာရန ၏အဓိပ္ပါယ်သည် “မဟာယဉ် the great vehicle” ဟုအဓိပ္ပါယ်ရသည်။
  •  ထေရ၀ါဒ သည် ကနဦး ဗုဒ္ဗဘာသာ ဖြစ်ပြီး မဟာရန သည် ခရစ်တော်မွေးဖွါးသည့် အချိန်ခန့်တွင် ဖြစ်ပေါ်လာသည့် ဗုဒ္ဗဘာသာဖြစ်သည်။
  •  ထေရ၀ါဒတွင် ဂေါတမဗုဒ္ဗသည် သူတော်စင် ဥာဏ်ပညာအမြော်အမြင်နှင့်ပြည့်စုံသောဆရာ ဖြစ်ပြီး မဟာရန တွင် ဂေါတမဗုဒ္ဗသည် အကြင်နာတရားနှင့်ပြည့်ဝသောကယ်တင်ရှင်ဖြစ်သည်။
  •  ထေရ၀ါဒကို ရှေးရိုးဝါဒီ ဗုဒ္ဗဘာသာဝင်များအဖြစ်မှတ်ယူနိုင်ပြီး မဟာရနကို အမြင်ကျယ်ပြီး လွတ်လပ်စွာတွေးခေါ်ကျင့်သုံးသော ဗုဒ္ဗဘာသာ အဖြစ်မှတ်ယူနိုင်သည်။
  •  ထေရ၀ါဒကို အရှေ့တောင်အာရှိ နိုင်ငံများ (သိရိလင်္ကာ၊ မြန်မာ၊ ယိုးဒယား၊ လော နှင့် ကမ္ဘောဒီးယား) နိုင်ငံများ တွင်ကျင့်သုံးပြီး၊ မဟာရန ကို တရုတ်၊ နီပေါ၊ တိဘက်၊ ကိုးရီးယား၊ ဗီယက်နမ် နှင့် ဂျပန်နိုင်ငံများတွင် ကျင့်သုံးသည်။
မဟာရန အတွင်းမှာပင် Zen, Nichiren, Tendai နှင့် Pure Land ဟူသော ထပ်ဆင့် ဂိုဏ်းခွဲလေးများ ရှိသေးသည်။ နောက် အခြားဂိုဏ်းတစ်ခုမှာ အေဒီ ၇၀၀ ခန့်တွင် စတင်သည့် တိဘက် ဗုဒ္ဗဘာသာ ဖြစ်ပြီး Tantric Buddhism ဟုလည်းခေါ်သည်။ နတ်ကိုးကွယ်ခြင်းနှင့် ရှေးတိဘက်နတ်ဘုရားများကို ကိုးကွယ်ခြင်းတို့ နှင့်ရောယှက်သည့် ဗုဒ္ဗဘာသာဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် Noble Peace Prize ကို ဆွတ်ခူးရရှိသော ဒလိုင်းလားမားသည် ဤအဖွဲ့၏အကြီးအကဲဖြစ်သည်။

ဘုရားသခင်အပေါ်ခံယူချက်
ဗုဒ္ဗဘာသာဝင်များသည် မျက်ဝါးထင်မမြင်ရသည့် လောကကြီးကိုဖန်ဆင်းသောတန်ခိုးကြီးသော ဘုရားသခင်၊ ဖန်ဆင်းရှင်၊ နေရာတိုင်းတွင် တစ်ပြိုင်တည်းရှိနေသော အရှင်တစ်ပါးရှိခြင်းကို မယုံကြည် လက်မခံပါ။ ဗုဒ္ဗဘာသာ ကျင့်စဉ်များတွင်လည်း ထိုသို့သော တန်ခိုး အနန္တာကြီးမားသော အရှင်သခင်နှင့် ဆက်သွယ်ခြင်း၊ သဟာရပြုခြင်း အမှုတစ်စုံတစ်ရာမျှမရှိပါ။ ဗုဒ္ဗဓမ္မပညာအဖွဲ့ (Buddha Dharma Education Association) မှ ထုတ်ပြန်သောစာတမ်းတစ်ခုတွင် အောက်ပါအတိုင်းဖော်ပြထားသည်။
“ဗုဒ္ဗဘာသာတွင် တန်ခိုးကြီးသောဘုရားသခင်ဟူ၍ မရှိပါ၊ တရားစီရင်ခြင်းနေ့ရက်နှင့် ထိုနေ့တွင် ဆုပေးခြင်း၊ အပြစ်ပေးခြင်း အမှုတို့ကို ဆောင်ရွက်ခြင်းအရာမရှိပါ။ ဗုဒ္ဗဘာသာ သည် တန်ခိုးကြီးသည့်အရှင်ကို သစ္စာရှိခြင်း ယုံကြည်ကိုးကွယ်ခြင်း တို့ကို ကျင့်သုံးသောဘာသာရေးအဖွဲ့မဟုတ်ပါ”
“There is no almighty God in Buddhism. There is no one to hand out rewards or punishments on a supposed Judgment Day. Buddhism is strictly not a religion in the context of being a faith and worship owing allegiance to a supernatural being”
ဗုဒ္ဗဘာသာတွင် ဘာသာတရားကိုင်းရှိုင်းသောသူသည်၊ မိမိကိုင်းရှိုင်း လိုက်နာနိုင်သည့် အလျောက် ခံစားရမည်ဖြစ်သောကြောင့်၊ အပြစ်နှင့် အပြစ်၏အခ သေခြင်းဆိုသောတရားများ၊ ဘုရားသခင်၏ခွင့်လွတ်ခြင်းတရားများ နှင့် ဘုရားသခင်၏ ကျေးဇူးတော်သက်သက် ဆိုသည့် တရား၊ အတွေးအခေါ် တို့သည် ဗုဒ္ဗဘာသာဝင်များအတွက် နားမလည်နိုင်သော အတွေးအခေါ် (၀ါ) တရားများဖြစ်သည်။

ကျမ်းစာများ
Tripitaka ပိဋကတ် သုံးပုံ သည်ထေရ၀ါဒ ဗုဒ္ဗဘာသာဝင်များအတွက် ဗုဒ္ဗကျမ်းဂန် ဖြစ်ပြီး မူရင်းတိုက်ရိုက် အဓိပ္ပါယ်မှာ ခြင်းသုံးခြင်း (Three baskets) ဖြစ်သည်။ ပထမ ပိဋကတ် သည် Discipline Basket ဖြစ်ပြီး သံဃာတော်များကျင့်သုံးရမည့် စည်းမျဉ်းစည်းကမ်း ကျင့်ထုံးများပါဝင်သည်။ Vinaya Pitaka ၀ိနည်း ပိဋကတ် ဟုလည်းခေါ်သည်။  ဒုတိယ ပိဋကတ် သည် Teaching Basket  ဖြစ်ပြီး Sutta/ Sutra Pitaka သုတ္တံပိဋကတ် ဟုခေါ်သည်။ တတိယ ပိဋကတ် သည် Metaphysical Basket ဖြစ်ပြီး ဗုဒ္ဗမြတ်စွာဘုရား၏ ကိုယ်ရေးရာဇ၀င်ကိုရေးသားထားကာ Abhidhamma Pitaka အဘိဓမ္မာ ပိဋကတ် ဟုခေါ်သည်။

တိဘက်ဗုဒ္ဗဘာသာတွင် The Tibetan Book of the Dead ကို အသုံးပြုပြီး၊ မဟာရနဗုဒ္ဗဘာသာဝင်များသည် Sutra သုတ္တံ (collections of rules of teachings) ဟုအမည်ရသော စည်းမျဉ်းစည်းကမ်းနှင့် သွန်သင်ခြင်း များကို စုစည်းရေးသားသည့် မြောက်များလှသော စာအုပ်များကို အသုံးပြုသည်။ အဓိကအရေးကြီးဆုံးသော သုတ္တံကျမ်းများမှာ Lotus Sutra,  the Heart Sutra, နှင့် Diamond Sutra တို့ဖြစ်သည်။

အရေးကြီးသည့်နေ့ရက်များ
  • Kathina ရှင်ပြုသည့်နေ့  - ဗုဒ္ဗဘာသာဝင် အမျိုးသားတိုင်း အသက် ၂၀ မပြည့်ခင် သာသနာဘောင်ထဲ သို့ခေတ္တ၀င်ရောက်ခြင်း။ အသက် ၂၀ ကျော်ပြီးသူအမျိုးသားများအတွက် မူ ရဟန်းဝတ်သည်ဟုခေါ်သည်။ ရှင်ပြုရန်အတွက် မိဘများ၏ခွင့်ပြုချက်လိုအပ်သည်။ 
  • Losar (ဖေဖော်ဝါရီ လဆန်းပိုင်း) တိဗက် ဗုဒ္ဗဘာသာဝင်တို့၏ နှစ်သစ်ကူးနေ့။
  •  Parinirvana (ဖေဖော်ဝါရီ လလယ် ) မဟာရန ဗုဒ္ဗဘာသာဝင်များ၏ ဗုဒ္ဗမြတ်စွာဘုရား ပျံလွန်တော်မူပြီ နိဗ္ဗန်ရောက်ခြင်းကို အစွဲပြု၍ ကျင်းပသည့်နေ့။
  •  Sangha Day ( မတ်လအတွင်း လပြည့်သည့်နေ့) သံဃာတော်များနေ့
  •  Wesak/Vesak (မေလ ပထမ လပြည့်နေ့) ညောင်ရေသွန်းပွဲ
  • နှစ်သစ်ကူး (င်္သကြန်) (ဧပြီလ ဒုတိယပတ်) နှစ်ဟောင်းမှ အညစ်အကြေးများအားလုံးကိုဆေးကြောသည့်အနေဖြင့် မိဘ၊ သက်ကြီးရွယ်အိုများကို ဦးခေါင်းဆေးပေးခြင်း၊ အချင်းချင်း ရေလောင်းခြင်းဖြင့် နှစ်သစ်ကိုကြိုဆိုသည်။
  •  Dhamma Day (ဂျုလိုင်လ လပြည့်နေ့) ၀ါဆိုလပြည့်နေ့။ ခရစ်ယာန်တို့၏ Lent အချိန်အခါ နှင့်ဆင်တူသည်။ ဤရာသီတွင်ဗုဒ္ဗဘာသာဝင်များ အိမ်ထောင်ပြုခြင်း ကိုမပြုလုပ်ကြပါ။ သီတင်းကျွတ် အထိဖြစ်သည်။

သောင်းနိုး


မှတ်ချက်။   ။ Len Woods ရေးသားသော Handbook of World Religions (A bible-based review of 50 World faiths) စာအုပ်မှ ကိုးကားတင်ပြထားပါသည်။ အချို့သော ပါဠိ အသုံးအနှုံးများကို အတတ်နိုင်ဆုံး ဘာသာပြန်ထားသော်လည်း အမှားအယွင်းရှိလျှင် စာရေးသူ၏ ပါဠိအသုံးအနှုံးမပြည့်စုံမှုသာဖြစ်ပါသည်။ အမှားအယွင်းများရှိခဲ့လျှင်လည်းစာရေးသူထံ(thawngno@yahoo.com) အချိန်မရွေး စောဒကတက်နိုင်ပါကြောင်းအသိပေးအပ်ပါသည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ