.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Monday, May 30, 2011

ဟိန္ဒူ နှင့် ကိုးကွယ်ခြင်း သီအိုရီ


“ ဘုရားသခင်က လူတွေ ကို ဖန်ဆင်းသလား...
လူတွေ ရဲ့ကြောက်စိတ် ကြောင့် ပေါ်လာတဲ့ အတွေးက ဘုရားသခင်ကို ဖန်ဆင်းသလား ဆိုတာလေးကိုပါ...

” God Never Create The Men....
Men Only Create The God ”

အဲဒါကြောင့် ဘာသာတရားတွေဟာ ကမ္ဘာ ဦးက ဒီလိုပေါ်လာတာဆိုတာကို(Comparative
Study Dhamma & Religion) ဘာကွာသလဲ ဆိုတာလေးပြောတာပါ...
အထက် က အကြောင်းအရာလေး ဆက်ရအောင်ပါ..

သိဒ္ဓတ္ထ ဘာလို့တောထွက် သလဲဆိုရင် ကာမဂုဏ်တွေ ကို အပြစ်တွေ့ ငြီးငွေ့တဲ့ အမဲရိုးခြောက် လိုသဘောပေါက်လို့ စွန့် သွားတာ...သူဘာသွားရှာသလဲ...ပါဠိ စာလုံးလေး ၂ လုံး ပြောပါ့မယ်
သန္တိ နဲ့ သစ္စာ (သစ္စာ တရား၊ သန္တိ တရား)ကို ရှာမလို့ ဆိုပြီးထွက်သွားတာ... ဥရုဝေလတော မှာ...၆နှစ်ကြာတယ်ဗျာ...မတွေ့ခဲ့ပါဘူး...ဘာကြောင့် ၆နှစ်ကြာရှာ တာမတွေ့ သလဲဆိုတော့ ရှာနည်း မှားနေလို့ပါ...


အဲဒီခေတ် အခါက အိန္ဒိယမှာ ခေတ်စားတာ အတ္တကိလမထ ( ခန္ဓာကိုယ်ကို ညှင်းဆဲသော အကျင့် ) အတ္တ =အတ္တဘော ခန္ဓာကိုယ်၊ ကိလမထ =ပင်ပန်းသောအကျင့် ဆာဒူးတွေ၊ ရသေ့တွေ၊ယောဂီတွေ၊ပရဗိုဇ်တွေ ဥရုဝေလတော မှာ သိန်း၊သန်းချီပြီး ကျင့်သောအကျင့်၊

ပရဗိုဇ်တွေ တနေ့လုံး တညလုံး ရေစိမ်တယ်...
တစ်ချို့ ပရဗိုဇ်တွေ ကလည်း မီးလှုံကြတယ်မီးဖို ၄ဖိုရဲ့ အလည်ခေါင် ၀င်ထိုင်ကြတယ်...
တစ်ချို့တွေကလည်း အစာလုံးဝမစားပဲ အငတ်ခံ ခန္ဓာကိုယ် ကို ခြောက်သွေ့အောင် လုပ်ကြတယ်...
တစ်ချို့တွေကလည်း ခန္ဓာကိုယ် ကို ဆူးတတ်တဲ့ ကြိမ်လုံးတွေနဲ့ရိုက်နေကြတယ်...
တစ်ချို့တွေကလည်း ပုလင်းကွဲတွေ ကြိတ်ပြီး အဲဒီပေါ်မှာ လိမ့် အိပ်နေကြတယ်...

(Self-mortification) ခန္ဓာ ကိုယ် ကို ညှင်းပန်းနှိပ်စက်ခြင်း ဖြင့် ရာဂ၊ဒေါသ ချုပ်ငြိမ်းနိုင်တယ်လို့ ယူဆတယ်တဲ့ဗျာ...

သိဒ္ဓတ္ထ ဟာလည်း ဆရာမျိုးစုံဆီမှာချဉ်းကပ်ပြီး ဒါတွေ လိုက်ကျင့်နေတာ ၆နှစ်ကြာတယ်ဗျာ...မှားမှန်းသိတော့ မှ အဲဒါတွေ အကုန်စွန့်ပြစ်ပြီးတော့ သူ့နည်း အသစ် မဇ္ဈိမ ပဋိပဒါ လမ်းစဉ် ကို တီထွင်တယ်...

အဲဒီနည်း အသစ်က ဘာတွေလည်း ဆိုရင် သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ ဆိုတဲ့ --

သိမှန် ကြံမှန်၊ပြော ပြုမှန်နှင့်၊ ကောင်းမှန် သက်မွေး၊ဖြူစင်ဖွေး၍၊
မှန်ရေးကြိုးစား၊ မှန်ငြား သတိ၊ သမာဓိဟု ၊
ဤသည့်ရှစ်ဖြာ၊ ကျင့်စဉ် ပါမူ၊
ဘာသာဝါဒ၊ ၀ဋ်ဒုက္ခ၊ မုချ ငြိမ်းစေသည်.ဆိုတဲ့ မဂ္ဂင် ၈ ပါးပါ...

ဒါကြောင့် ကိုးကွယ်တာနဲ့ ပက်သက်ပြီး သင့်တော် မှန်ကန်တဲ့ လမ်းကြောင်းမှန်ပေါ် ရောက်ဖို့အတွက် တိုက်တွန်းလိုက်ပါတယ်၊
၁၃၆၆ခုနှစ် နယုန်လဆန်း ၁၄ရက်နေ့ တောင်တွင်းကြီးမြို့မှာ ( သဲဖြူရွာမှ ချင်းလူမျိုး တို့အား ) ဟောကြားခဲ့သော သီတဂူ ဆရာတော်ဘုရားကြီး၏ ဗုဒ္ဓ ဘာသာ အကျဉ်းချုပ်တရား ( a summary of Buddha teaching ) မှ ကောက်နုတ် ရေးသားပါသည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ