ရေဘေးသင့် မြန်မာ အလုပ်သမားများ အတွက် နေထိုင်ခွင့် စာရွက်များ လုပ်ပေးနေ
Written by မြတ်ညို
|
Tuesday, 01 November 2011 00:00 |
ထိုင်းအလုပ်သမား
ဝန်ကြီးဌာန ဒုဝန်ကြီး ဖဒွန်ချိုင် စစုမ်စပ်နှင့် မြန်မာသံရုံးမှ သံမှူး
ဦးနိုင်ထွန်းတို့ ဦးဆောင်ပြီး ရေဘေးသင့် ရွှေ့ပြောင်း မြန်မာ
အလုပ်သမားများအတွက် ယာယီ နေထိုင်ခွင့် စာရွက်စာတမ်းများကို ကယ်ဆယ်ရေး
စခန်းထဲတွင် လုပ်ပေးနေသည်ဟု သိရသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ (၁၀၀)ခန့် အကွာတွင်
ရှိသော Watrakhing Phraarramluang ၀တ်ရိတ်ခင် ဘုန်းတော်ကြီးကျောင်း အတွင်း
ဖွင့်လှစ်ထားသော ယာယီကယ်ဆယ်ရေး စခန်းတွင် လာရောက် ခိုလှုံနေသည့် ရေဘေးသင့်
မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ထိုင်းရဲနှင့် လူဝင်မှု ကြီးကြပ်ရေး
(လ၀က) အဖွဲ့များက ဖမ်းဆီးခြင်း မပြုနိုင်ရန် ထိုင်းအလုပ်သမား
ဝန်ကြီးဌာနနှင့် မြန်မာသံရုံးတို့က စီစဉ်ပေးကြခြင်း ဖြစ်သည်။
မြန်မာသံမှူး ဦးနိုင်ထွန်းက “ရေဘေးကြောင့် ယာယီပတ်စ်ပို့
ပျောက်ဆုံးတာတွေ၊ နေထိုင်ခွင့် စာရွက် စာတမ်းနဲ့ ဘတ်ရှိသူတွေကို
ဒီကယ်ဆယ်ရေး စခန်းထဲမှာပဲ ယာယီပတ်စ်ပို့ လုပ်ပေးမယ်။ တပြိုင်တည်းမှာပဲ
ထိုင်းအစိုးရက work permit ပါ လုပ်ပေးမယ်။ ဘာစာရွက် စာတမ်းမှ မရှိတဲ့
အလုပ်သမားတွေကိုတော့ ယာယီ ခရီးသွားလာခွင့် လုပ်ပေး ထားတယ်’’ဟု ပြောသည်။
အဆိုပါ ကယ်ဆယ်ရေး စခန်းတွင် ထိုင်းနိုင်ငံ အတွင်းရှိ ရေဘေးသင့် နေရာဒေသ
ပေါင်းစုံမှ မြန်မာ အလုပ်သမားပေါင်း (၃၆၄)ယောက် ရှိသည်ဟု သိရသည်။
ထိုင်းအလုပ်သမား ဒုဝန်ကြီး ဖဒွန်ချိုင် စစုမ်စပ်က “ဒီစခန်း အထဲကို
ဘယ်နေရာကမဆို လာနိုင်ပါတယ်။ ကောင်းကောင်း မွန်မွန် ကျွေးမွေး စောင့်ရှောက်
ထားပါတယ်။ ဆေးခန်းလည်း ဖွင့်လှစ် ထားပါတယ်။ မြန်မာအစိုးရနဲ့
ပူးပေါင်းပြီးတော့ အလုပ်သမားတွေအတွက် အကောင်းဆုံး ဖြစ်အောင်
စီစဉ်ပေးနေပါတယ်”ဟု ပြောသည်။
စခန်းတွင်း လာရောက် ခိုလှုံနေသည့် မြန်မာ အလုပ်သမားများ ကလည်း
နားခိုနေသည့် ဘုန်းတော်ကြီးကျောင်း ခြံဝင်းနှင့် ၎င်းရပ်ကွက် အတွင်းရှိ
အနိမ့်ပိုင်း နေရာများတွင် သဲအိတ်များဖြင့် တမံဆည် ဖို့ခြင်းများကို
နေ့စဉ် လုပ်အားပေးလျှက် ရှိကြသည်။
 |
အကြိုက်များသော Posts
-
တစ်ချို. က တွေးကြမှာပါ ထိုင်းရောက်မြန်မာအလုပ်သမားတွေအနေနဲ. ကိုယ့်နိုင်ငံကို ကိုယ်ပြန်ပြီးလုပ်စားလဲရတာပဲ ၊ ဒီလောက် ခံနေရတာတောင် ဘာလို.ဆက်နြေ...
-
စာချုပ်စာတမ်းနမူနာများ ...
-
မှတ်မှတ်ရရ တသသ အပိုင်း(၃) (မင်းလွမ်းနောင်) ကျနော်တို. တသသ များ ၂၅၀ ခန်. ဟာ ဟောင်းနွမ်းနေပြီဖြစ်တဲ့ တပ်မတော်မှ ဖော ကား အိုအို...
-
မြန်မာ-ထိုင်း အလုပ်သမားရေးရာ ညှိနှိုင်းအစည်းအဝေး ထိုင်းနိုင်ငံ၌ ကျင်းပမည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ သ...
-
August 1, 2011 ရက် ၊ 5:02pm တွင် ပြည် တီ ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။ အပြစ်မဲ့ လမ်းသွားလမ်းလ...
-
ကာယ ဥာဏအလုပ်သမားများ အစည်းအရုံးမှ ဗဟုသုတစာပေ/ပညာပေးစာပေ/အလုပ်အကိုင်/အလုပ်သမားဥပဒေ/သတင်းနှင့်နည်းပညာများကို အချိန်နှင့်တပြေးညီ တင်ပြရေးအတွက...
-
ဆရာတာရာမင်းဝေ၏ကဗျာများ၊စာများကိုတစုတစည်းတည်းဖတ်ရှုနိုင်ကြစေရန်စုဆောင်းတင်ပြထားခြင်းဖြစ်ပါသည်။ ကျနော်တင်ပြထားသည်များအပြင်အခြ...
-
ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင် တလအတွင်း တောအရက် ပုလင်းပေါင်း ၂၀၀၀၀ ခန့် ရောင်းထွက်ကြောင်း သိရသည်။ အရက်ချက်လုပ်သူများသည် အရက်လုပ်ခွင့်...
-
ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများတွင် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် သူများအနေဖြင့် ရက်(၉၀) တွင် တစ်ြ...
-
ထိုင်းနိုင်ငံအနှံ့ ရေကြီးမှုကြောင့် အနည်းဆုံး လူ ၂၆၀ ကျော် သေဆုံး၍ ၆ ဦး ပျောက်ဆုံးနေပြီး မြန်မာနိုင်ငံသားများ အပါ အ၀င် ဒေသခံ ၂ သန်းကျေ...
No comments:
Post a Comment