.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Thursday, March 29, 2012

ပဒိုမန်းရှာလာဖန်း အတ္ထုပ္ပတ္တိ


0g
ပဒိုမန်းရှာလာဖန်းအား ၁၉၄၃ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့ တွင် ဧရာဝတီတိုင်း ပန်းတနော် မြို့ နယ်၊ တောကျောင်းကျေးရွာနေ အဖ မန်းဘသော်နှင့် အမိ ဂါနမ့်တင်တို့ မှ ဖမွးဖွားခဲ့ သည်။ မွေးချင်းမောင်နှ မ (၂)ယောက်အနက် ဒုတိယမြောက်သား ဖြစ်သည်။ အမည်အရင်း မန်းချစ်ရွှေ ဖြစ်ပြီးတော်လှန်ရေး အမည်မှာ မန်းရှာလားဖန်း ဖြစ်သည်။
၁၉၅၉ – ၆၀ ခုနှစ်တွင် ပန်းတနော်မြို့ နယ်၊ ယင်းတိုက်ကုန်း အလယ်တန်းကျောင်းတွင် မူလ တန်းနှင့် အလယ်တန်းပညာကို သင်ယူခဲ့ပြီး ပန်းတနော် အထက်တန်းကျောင်းတွင် (၈)တန်း အောင်မြင်ကာ ရန်ကုန်မြို့ တွင် အထက်တန်းအောင်မြင်ခဲ့သည်။
၁၉၆၂ ခုနှစ်တွင် ရန်ကုန်မြို့ ၌ တက္ကသိုလ်ပညာသင်ကြားရင်း ၁၉၆၂ ခုနှစ်၊ ဆဲဗင်းဇူလိုင် အ ရေးအခင်း တွင် ပါဝင်လှုပ်ရှားခဲ့သည်။ ၁၉၆၆ ခုနှစ်၌ တက္ကသိုလ်ဝိဇ္ဇာတန်းကို သမိုင်းဘာသာ အဓိကဖြင့် ဘွဲ့  ရရှိခဲ့သည်။
၁၉၆၃ ခုနှစ်ကုန်ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး(ကေအင်န်ယူ)နှင့် ဆက်သွယ်၍  ၁၉ ၆၆ ခုနှစ် အထိ ကေအင်န်ယူ၏ မြေအောက်လှုပ်ရှားမှုတာဝန်များကို ဆောင်ရွက်ခဲ့သည်။
၁၉၆၇ ခုနှစ်တွင် ပဲခူးရိုးမ တော်လှန်ရေးနယ်မြေထဲသို့  ၀င်ရောက်လာခဲ့ပြီး ကရင်အမျိုးသား အစည်း အရုံး၏တာဝန်များကို ထမ်းဆောင်ခဲ့သည်။
၁၉၇၅ ခုနှစ်တွင် ကေအင်န်ယူ တပ်မဟာ (၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၏ တွဲဖက်အတွင်း ရေးမှုး အဖြစ် တာဝန်ပေးအပ်ခံရပြီး ၁၉၈၄ ခုနှစ်အထိ တာဝန်ယူခဲ့သည်။
၁၉၇၆ ခုနှစ်တွင် ကရင်တော်လှန်ရေး ရဲမေ နမ့်ကျင်ရွှေနှင့် ကေအင်န်ယူညောင်လေးပင်ခရိုင် တွင် လက်ထပ်ခဲ့ပြီး စောစေးစေး၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်း၊ စလုံ့ ဖန်း သားသမီး (၄)ဦး ထွန်းကား ခဲ့သည်။
၁၉၈၄ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF)ဗဟိုသဘာပတိအဖွဲ့ ဝင်တဦး အ ဖြစ် တာ ၀န်ယူခဲ့ပြီး ၁၉၈၄ ခုနှစ် ကရင်နီနယ်စပ်မှ ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းပြည်မြောက် ပိုင်း ကချင်ပြည်နယ် စပ်အထိ မြောက်ပိုင်းခရီးရှည် စည်းရုံးရေးခရီးစဉ်တွင် KNPP, KNU, ALP, PPLO, PSLP, NMSP, KIO, SSPP, အဖွဲ့ များမှ တိုင်းရင်းသားခေါင်းဆောင်ကြီး များနှင့်အတူ ဒုတိယ စစ်ရေးခေါင်းေ်ဆာင် တဦးအဖြစ် ပါဝင်ခဲ့သည်။ ထိုခရီးစဉ်တွင် (NDF)၏ တိုင်းရင်းသားလူမျိုးများ တန်းတူရေးနှင့် ကိုယ် ပိုင်ပြဌာန်းခွင့်ရရှိရေး၊ စစ်မှန်သည့်ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို ဒေသခံတိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်သူများအား တက်တက်ကြွကြွ ဆွေးနွေးဆောင်ရွက်ခဲ့သူတဦး ဖြစ်သည်။
၁၉၈၄ ခုနှစ်တွင် ကေအင်န်ယူ ဗဟိုကော်မတီအဖွဲ့ ဝင်တဦး ဖြစ်လာပြီး ၁၉၈၈ ခုနှစ်အထိ ဗိုလ်ချုပ်ကြီးစောဘိုမြ၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးမှ တော်လှန်ရေးနယ်မြေအတွင်းသို့ ရောက်ရှိလာသည့် ကျောင်း သားများစုစည်းရေး၊ ညီညွတ်ရေးနှင့် ပေါင်းစည်းရေးလုပ်ငန်းများကို အင်တိုက်အား တိုက် ဆောင်ရွက် ပေးခဲ့သူတဦး ဖြစ်သည်။
၁၉၈၉ ခုနှစ် မြန်မာပြည် ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ ချုပ် (DAB) စတင်ဖွဲ့ စည်းရာတွင် ခေါင်းဆောင် တဦးအဖြစ် ပါဝင်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တဦးအဖြစ် တိုင်း ရင်းသားအင်အားစုများ နှင့် ဒီမိုကရေစီအင်အားစုများ စုစည်းရေးနှင့် ညီညွတ်ရေးတို့ ကို ကြိုး ပမ်းဆောင်ရွက်ခဲ့သည်။
၁၉၉၂ ခုနှစ် စက်တင်ဘာလ (၂၂)ရက်နေ့  ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB)ကို စတင်ဖွဲ့ စည်းရာတွင် ပါဝင်ခဲ့ပြီး တွဲဖက်အထွေထွေအတွင်းရေးမှူး(၃)အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည်။ ကွယ်လွန်သည့်အချိန်အထိလည်း (NCUB)၏ အတွင်းရေးမှူးအဖွဲ့ ဝင်အဖြစ် တာဝန်ယူခဲ့သည်။
၁၉၉၅ ခုနှစ် (၁၁)ကြိမ်မြောက် ကေအင်န်ယူကွန်ဂရက်တွင် တွဲဖက်အထွေထွေအတွင်းရေး မှူး(၂) အဖြစ် ရွေးကောက်တင်မြောက်ခြင်း ခံခဲ့ရသည်။
၁၉၉၅ ခုနှစ် ဒီဇင်ဘာမှ ၁၉၉၆ ခုနှစ်  နှစ်ကုန်အထိ ကရင်အမျိုးသားအစည်းအရုံး ကေအင်န် ယူနှင့် န ၀တတို့  တွေ့ ဆုံဆွေးနွေးပွဲ (၄)ကြိမ် ပြုလုပ်ခဲ့ရာ ၁၉၉၆ ခုနှစ် ဖေဖေါ်ဝါရီလ၊ မော် လမြိုင်မြို့ တွင် ပြု လုပ်ခဲ့သည့် ဒုတိယအကြိမ်ဆွေးနွေးပွဲတွင် အဖွဲ့ ခေါင်းဆောင်၊ ၁၉၉၆ ခုနှစ် ဇွန်လ ဗိုလ်ချုပ်ကြီးတာမ လာဘော ဦးဆောင်သည့် မော်လမြိုင်မြို့ တွင် ပြုလုပ်သည့် တတိယ အကြိမ်ဆွေးနွေးပွဲတွင် ဒု-အဖွဲ့  ခေါင်းဆောင်။ ၁၉၉၆ ခုနှစ် နိုဝင်ဘာလ ဗိုလ်ချုပ်ကြီးတာမ လာဘော ဦးဆောင်သည့် စတုတအကြိမ် ဆွေးနွေးပွဲတွင် ဒု -ခေါင်းဆောင်အဖြစ် ဆောင်ရွက် ခဲ့သည်။
၂၀၀၀ ပြည်နှင့် (၁၂)ကြိမ်မြောက် ကေအင်န်ယူကွန်ဂရက်တွင် ကေအင်န်ယူ၏ အထွေထွေ အတွင်းရေးမှုးအဖြစ်လည်းကောင်း၊ ၂၀၀၄ ခုနှစ် (၁၃)ကြိမ်မြောက် ကွန်ဂရက်တွင်လည်း အ ထွေအထွေ အတွင်းရေးမှူးအဖြစ် ထပ်မံရွေးချယ်ခြင်းခံခဲ့ရသည်။
ပဒိုမန်းရှာလားဖန်းသည် စာရေး၊ စာဖတ်ဝါသနာထုံပြီး ကေအင်န်ယူဗိုလ်မှ ထုတ်ဝေသည့် သနူး ထူးဂျာနယ်နှင့် လွတ်မြောက်နယ်မြေမှ ထုတ်ဝေသည့်စာစောင်ဂျာနယ်များတွင်လည်း “ရေဆန်”“တော် လှန်သောရဲဘော်တဦး”“ဇိုယန်ဖန်း”စသည့် ကလောင်အမည်များဖြင့် တော် လှန်ရေးခေါင်းဆောင်များ၊ ရဲဘော်များ၏ အတုပတ္တိအကျဉ်းများ၊ တော်လှန်ရေးနှင့်အတွေး အခေါ်ဆိုင်ရာဆောင်းပါးများ၊ ကဗျာ များကို ရေးသားခဲ့သည်။
၂၀၀၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့  ညနေ (၄)နာရီ (၄၆)မိနစ်အချိန်တွင် မသမာလူ တစု၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရသည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ