.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Thursday, March 29, 2012

မြန်မာအလုပ်သမားတွေခေါ်ယူဖို့ မလေးရှားကစဉ်းစား

2012-03-29 (အာအက်(ဖ်)အေ မှကူးယူဖော်ပြသည်)
အိမ်ဖော်တွေအပါအ၀င် မြန်မာနိုင်ငံက အလုပ်သမားတွေခေါ်ယူဖို့ စဉ်းစားနေကြောင်း မလေးရှား ၀န်ကြီးချုပ်က ပြောပါတယ်။
AFP
မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသား အလုပ်သမားများကို လူဝင်မှုရဲများက ဖမ်းဆီးထားစဉ်။ ၂၀၁၁ ခုနှစ် ခန့်မှန်းချက်များအရ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား အလုပ်သမား ၃ သိန်းကျော် အလုပ်လုပ်ကိုင်နေကြသည်။
နှစ်ရက်ကြာ မြန်မာပြည်ခရီးစဉ်အတွင်း မြန်မာဘက်က တောင်းဆိုချက်အပေါ် စဉ်းစားဖို့
သဘောတူခဲ့ကြောင်း၊ မြန်မာနိုင်ငံသားတွေကို အိမ်ဖော်လုပ်ငန်းအတွက် ခေါ်ယူနိုင်ဖွယ်ရှိကြောင်း၊ ဒါပေမဲ့ ဆက်လက်ဆွေးနွေးစရာတွေ ရှိနေသေးကြောင်း၊ မြန်မာတွေဟာ ယဉ်ကျေးသိမ်မွေ့တဲ့လူမျိုးဖြစ်ကြောင်း၊ မလေးရှားယဉ်ကျေးမှုနဲ့ အံဝင်အောင်နေတတ်မယ်ဆိုရင် မြန်မာရဲ့အဆိုပြုချက်ကို လက်ခံဖို့ မခက်ခဲကြောင်း မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇက်က မလေးရှား သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
မလေးရှားမှာ အိမ်ဖော်တွေ အနိုင်ကျင့် အနှိပ်စက်ခံရတဲ့ ပြဿနာတွေ မကြာခဏ ပေါ်ပေါက်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က အိမ်ဖော်ကိစ္စနဲ့ ပတ်သက်လို့ အင်ဒိုနီးရှားအစိုးရနဲ့ ပြဿနာဖြစ်ခဲ့ပြီးတဲ့နောက် အင်ဒိုနီးရှားအစိုးရက သူ့နိုင်ငံသားတွေ မလေးရှားကို အိမ်ဖော်အဖြစ် မလွှတ်တော့ပါဘူး။ အဲဒါကြောင့် မလေးရှားမှာ နိုင်ငံခြားသားအိမ်ဖော်တွေ အသည်းအသန် လိုအပ်နေတာဖြစ်ပါတယ်။
လက်ရှိအားဖြင့် မလေးရှားမှာ 6P အစီအစဉ်နဲ့ တရားဝင် မှတ်ပုံတင်ထားတဲ့ မြန်မာနိုင်ငံသားပေါင်း နှစ်သိန်းခွဲလောက် ရှိနေကြောင်း မြန်မာအစိုးရကို ပြောဆိုခဲ့တယ်လို့လည်း မလေးရှား ၀န်ကြီးချုပ်က ပြောပါတယ်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ