.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Sunday, September 11, 2011

မြန်မာနိုင်ငံသား သံကာမကင်းခံရသူ ၆ ဦး ဒက္ကားလေဆိပ်တွင် ဖမ်းဆီးခံရ

မြန်မာနိုင်ငံ သားများ အဖြစ် သင်္ကာမကင်းသူ ၆ ဦးကို ဘင်္ဂလာဒေခ်ျ့ ပတ်စ်ပို့များနှင့် အတူ ဒက္ကား လေဆိပ်တွင် ဘင်္ဂလာရဲက ယနေ့ နံနက် ဖမ်းဆီးလိုက်သည်။

dhaka-airport
ဖမ်းဆီးခံရသူများသည် ဆော်ဒီအာရေဗီးယားနိုင်ငံသို့ သွားရောက်အတွက် ဒက္ကားလေဆိပ်သို့ ရောက်ရှိလာပြီး ယောင်လည်လည် ဖြစ်နေစဉ် ရဲက စစ်ဆေးမေးမြန်းရာမှ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

သူတို့ကို မေးမြန်းစဉ် သူတို့မှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများ ဖြစ်ကြောင်း ပြောဆိုကြောင်းနှင့် နောက်ပိုင်းတွင် မေးမြန်းရာ ဘင်္ဂလာဒေခ်ျ့တွင် အသုံးများသည့် အထက်ပိုင်း (ဒက္ကားစကား)ကို မပြောတတ်ကြောင်းနှင့် ဆက်လက် ဖမ်းဆီး စစ်ဆေးမေးမြန်းရာ သူတို့မှာ မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း ထုတ်ဖေါ် ပြောကြားသည်ဟု ရဲက ပြောသည်။

ယခုအခါ သူတို့ ၆ ဦးကို ရဲက လေဆိပ်ရဲစခန်းတွင် ဆက်လက် စစ်ဆေး မေးမြန်းနေသည်ဟု ရဲတာဝန်ရှိသူများက ပြောသည်။

သူတို့အား ဆော်ဒီအာရေဗီးယားသို့ သွားရောက် ဆောင်ရွက်ပေးသည့် ဘင်္ဂလာဒေခ်ျ့နိုင်ငံသား ပွဲစား ရွိုင်ဆူးကိုလည်း ရဲက ဖမ်းဆီးထားသည်ဟု သိရသည်။

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် နေထိုင်သော မွတ်ဆလင် ဘာသာဝင်များအား ယခင် အစိုးရများနှင့် လက်ရှိ အစိုးရမှ ဧည့်နိုင်ငံခြားသား ဘင်္ဂလီများ အဖြစ် သတ်မှတ်ထားပြီး ခရီးသွားလာခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားခြင်းနှင့် အတူ နိုင်ငံကူ လက်မှတ်များကိုလည်း ကန့်သတ် ပိတ်ပင်ထားသည်။

သို့အတွက် ဆော်ဒီအာရေဗီးယား ပါအ၀င် အရှေ့အလယ်ပိုင်း နိုင်ငံများသို့ သွားရောက်လိုပါက အဆိုပါ မွတ်ဆလင် ဘာသာဝင်များမှာ ဘင်္ဂလာဒေခ်ျ့ ပတ်စ်ပို့ကို တရားမ၀င် ကိုင်ဆောင်ပြီး သွားလာကြရသည်ဟု သိရသည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ