.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Sunday, September 11, 2011

ဖိတ်ကြားပါက သွားရောက်အားပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

(၁၉) နှစ်အောက် အာဆီယံလူငယ်ဘောလုံးပြိုင်ပွဲကို Wednesday, 07 September 2011 23:01 |

စက်တင်ဘာ ၈ ရက်မှ ၂၁ ရက်အထိ သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပမည့် (၁၉)နှစ်အောက် အာဆီယံလူငယ် ဘောလုံးပြိုင်ပွဲကို ဖိတ်ကြားလာပါက သွားရောက်အားပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
လာမည့် စက်တင်ဘာလတွင် အသက် (၁၉)နှစ်အောက် အာဆီယံ လူငယ်ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ရာ လာရောက်အားပေးရန် ဖိတ်ကြားလာပါက သွားရောက်အားပေး ကြည့်ရှုမည်ဟု သြဂုတ် ၂၄ ရက်က သူမ၏ နေအိမ်တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျွန်မက ဘောလုံးပွဲ ဝါသနာပါတော့ ဒီပွဲကို ဖိတ်ရင် သွားကြည့်မလားဆိုတော့ စဉ်းစားရမှာပေါ့” ဟု
ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်လာကြည့်ရန်အတွက် တရားဝင်ဖိတ်ကြားမည် ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ် မီဒီယာတာဝန်ခံ ဦးစိုးမိုးက ပြောသည်။
“ဥက္ကဋ္ဌ ပြည်ပကနေ ပြန်ရောက်လာရင် တရားဝင်ဖိတ်ကြားမှာပါ။ ဒီပွဲကို ဒေါ်အောင်ဆန်းစုကြည် လာရောက်အားပေးမယ်ဆိုရင် တကယ်ကို တရားဝင်ဖိတ်ကြားမှာပါ” ဟု ဆိုသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်မှာ ပြည်ပခရီးစဉ်သို့ ရောက်ရှိနေကာ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလျှင် တင်ပြသွားမည်ဖြစ်ကြောင်း ပြောသည်။
“နိုင်ငံတကာဘောလုံးပြိုင်ပွဲတွေ လက်ခံကျင်းပဖို့အတွက် လုံခြုံရေးလည်း အထူးတင်းကျပ်ထားမှာပါ။ ခုဆို ကွင်းဝင်ကြေးတွေကို ဈေးတက်ထားတယ်။ နောက် စီစီတီဗွီကင်မရာတွေကိုလဲ တပ်ဆင်ထားပါတယ်။ ပြီးခဲ့တဲ့ အိုမန်နဲ့ ပွဲတုန်းကလဲ စီစီတီဗွီကင်မရာနဲ့ အရေးယူမှုတွေလုပ်ခဲ့ပါတယ်” ဟု ဦးစိုးမိုးက ပြောသည်။
အာဆီယံယူ ၁၉ ဘောလုံးပြိုင်ပွဲများကို စက်တင်ဘာ ၈ ရက်မှ ၂၁ ရက်အထိ သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပမည်ဖြစ်ကာ တစ်နေ့လျှင် နှစ်ပွဲနှုန်း ကျင်းပမည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ် ၂၀ ရက်ကလည်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင် စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်၏ ဖိတ်ကြားချက်ကြောင့် နေပြည်တော်တွင် ပြုလုပ်ခဲ့သော နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ ပထမပိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
Ref : The Flower News
 

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ