.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Sunday, September 11, 2011

လွှတ်တော် ကိုယ်စားလှယ်အားလုံးနီးပါး ကားရတော့မည်

ငါးနှစ်အတွင်း လူတိုင်းကားစီးနိုင်အောင် ဆောင်ရွက်သွားမည်ဟုဆို
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အားလုံးနီးပါး မြန်မာမီနီဆလွန်းကားများကို ရရှိနိုင်ရန် အမှတ် (၂) စက်မှုဝန်ကြီးဌာနက ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသားအားလုံးသည် ငါးနှစ်အတွင်း ယင်းကားများကို လူတိုင်းစီးနင်းနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံစဉ်ထုတ်ဖော်ပြောကြားလိုက်သည်။
“ဈေးကွက်အပေါ်ကို မလိုက်ချင်ဘူး။ Market က ဒီလူတွေပဲ ဖြစ်တယ်။ အဓိကကတော့ ဝန်ထမ်းတွေ၊ နိုင်ငံအကျိုးပြုတဲ့သူတွေ၊ စာပေအနုပညာရှင်တွေ၊ အငြိမ်းစားဆရာဝန်ကြီးတွေ၊ ပင်စင်စားတွေနဲ့ အနုပညာရှင်တွေကို ရောင်းချင်တယ်။ ဖြစ်ပေါ်နေတဲ့ ဈေးကွက်အရ ကားဈေးနှုန်းကို လိုက်မတက်ချင်ဘူး။
ဒီနှစ် ဒီဇင်ဘာလလောက်ဆိုရင် လူတော်တော်များများရသွားနိုင်တယ်။ နောင်နှစ် မတ်လလောက်ဆိုရင်
လူပေါင်း ၁၅၀၀ လောက်ကို ရောင်းချသွားနိုင်တယ်။ ဈေးက ၃၅ သိန်းတော့ မဖြစ်သေးဘူး။ ၅၅ သိန်းနဲ့သွားနေရမှာပါ” ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။
အဆိုပါကားများကို စထုတ်စဉ်က တစ်နေ့လျှင် ငါးစီးထုတ်လုပ်ခဲ့ရာမှ ယခုအခါ တစ်နေ့လျှင် ၁၀ စီးအထိ ထုတ်လုပ်ရောင်းချပေးနေပြီး အစီး ၃၀ အထိ ထပ်မံတိုးမြှင့်ထုတ်လုပ်ပေးနိုင်ရေး စီစဉ်နေကြောင်း သိရသည်။
“ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအနက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းမှာ နေရာမရတဲ့ လူတော်တော်များများ ရှိပါတယ်။ အဲဒီလူတွေအနေနဲ့ ခရီးသွားတဲ့အခါ သက်သောင့်သက်သာရှိနိုင်ရေးအတွက် ဒီကားလေးတွေကို တီထွင်ထုတ်လုပ်ပြီး ရောင်းချနိုင်အောင် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
Ref : The Flower News
 

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ