.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Saturday, July 2, 2011

လူကုန်ကူး ခံရသူများနှင့်အတူ ပြန်ပေးဆွဲ လူကုန်ကူး ဂိုဏ်းသားများကိုလည်း ထိုင်းရဲစခန်းက ပြန်လွှတ်ပေး


PDF Print E-mail
Thursday, 30 June 2011 00:00
20110630aမတရား ဖမ်းဆီးကာ ငါးဖမ်းလှေပေါ်သို့ ရောင်းချခံရတော့မည့် သူများကို ထိုင်းရဲတပ်ဖွဲ့ဝင်များနှင့် ဖမ်းဆီးခံရသူ၏ အမဖြစ်သူတို့က ကြိုးပမ်း ကယ်တင်ခဲ့ခြင်းကြောင့် ယမန်နေ့က ပြန်လည် လွတ်မြောက်ခဲ့ပြီ ဖြစ်သလို လူကုန်ကူး ရောင်းစားသူများကိုလည်း ထိုင်းရဲများက လွှတ်ပေးလိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၂၆) ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ဘော် ငါးသေတ္တာ အလုပ်ရုံမှ အိမ်ခန်းဆီသို့ ပြန်လာကြသည့်  သထုံမှ အသက်၃၀ အရွယ် ကိုအကျော်၊ တောင်ငူမြို့မှ (၁၉)နှစ်အရွယ် ကိုပေသီးနှင့် မြ၀တီမြို့မှ (၁၈)နှစ်အရွယ် ကိုဗျောက်အိုးတို့  သုံးဦးအား ဘန်ကောက်မြို့၊ ဖလန်ဆောင်နယ်မြေ၊ ထပ်ခမ်းရဲစခန်းမှ ဆိုင်ကယ်စီး ရဲနှစ်ဦးက ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။
ဖမ်းဆီးခံရသူများက ၎င်းတို့ပြုလုပ်ထားသည့် နေထိုင် အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်းများကို ရဲစခန်းတွင် ပြသရာ ရဲများက ဆုတ်ဖြဲပစ်ခဲ့သည်။ ပြီးနောက် ထပ်ခမ်း ရဲစခန်းအနီးတွင် နေထိုင်ပြီး ရဲစခန်းတွင် ဘာသာပြန်နှင့် သတင်းပေးအဖြစ် လုပ်ကိုင်နေသည့် မြန်မာပြည်ဖွား ကုလားနှစ်ဦးထံသို့ ဘတ်ငွေ တစ်သောင်းဖြင့် ရဲများက ရောင်းချလိုက်သည်ဟု ရောင်းချခံခဲ့ရသည့် ကိုပေသီးက ပြောပြသည်။
ကိုပေသီးက “ကျနော်တို့ အဲဒီရဲစခန်း အနီးအနားမှာ ရှိတဲ့ ကုလားအခန်းမှာ တစ်ညအိပ်ရတယ်။ အဲဒီမှာ ကျနော်တို့ကို သုံးယောက်ပေါင်း ဘတ် (၁၀၀၀၀)ပေးရမယ်လို့ ကုလားက ပြောတယ်။ ကျနော်တို့က ခဏစောင့်ဖို့ ပြောတယ်။ မရဘူး။ မဟာချိုင်ကို ပို့လိုက်တယ်။ မဟာချိုင် ရောက်တော့ မွန်ပွဲစား သုံးယောက်က တစ်ယောက်ကို ဘတ် (၂၀၀၀၀) ပေးရမယ်လို့ ကျနော်တို့ကို ပြောတယ်။ မရွေးလို့ရှိရင် ငါးဖမ်းလှေကို ရောင်းမယ်လို့ ပြောတယ်”ဟု ပြောသည်။
ရောင်းစားခံထား ရသူများကို ရဲများနှင့်အတူ သွားရောက် ကယ်တင်ခဲ့သည့် ကိုဗျောက်အိုး၏ အစ်မဖြစ်သူ မမေသဇင်ဦးက “ကျမကို မဟာချိုင်က မွန်ပွဲစားက ဖုန်းဆက်လာတယ်။ တစ်ယောက်ကို ဘတ်(၁၅၀၀၀)ပေးရမယ်။ သုံးယောက်ဆို ဘတ် (၄၅၀၀၀) ပေးရမယ်လို့ ပြောလာပါတယ်။ ကျမလည်း တိုင်ပင်သင့်သူတွေနဲ့ တိုင်ပင်ပြီး ထပ်ခမ်းရဲစခန်းမှာ အမှု လာဖွင့်လိုက်တယ်။ သူတို့ ရဲစခန်းကဘဲ လူကုန်ကူးသူတွေဆီကို ရောင်းလိုက်တာ၊ ပြီးတော့ သူတို့ကိုယ်တိုင် လိုက်ပြီး ဖမ်းဆီး ကယ်တင်ပေးတယ်”ဟု ပြောသည်။
ယမန်နေ့က မဟာချိုင်ရှိ လူကုန်ကူးသူများ ချိန်းဆိုသည့် နေရာသို့ ထပ်ခမ်း ရဲစခန်းမှ ရဲအချို့နှင့် သွားရောက်ပြီး လူကုန်ကူး သူများနှင့် လူကုန်ကူး ခံရသူများကိုပါ ဖမ်းဆီး နိုင်ခဲ့သည်။ တာဝန်ကျ ရဲဝန်ထမ်းက လူကုန်ကူး ခံရသည့် အလုပ်သမား သုံးဦးတွင် နေထိုင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် မရှိသေးသဖြင့် နယ်စပ်သို့ ပြန်လည်ပို့ ဆောင်ခြင်းကို ခံမည်လား (သို့မဟုတ်) အမှုကို ကျေအေးပြီး ရဲစခန်းမှ ပြန်လွှတ် ပေးရမည်လား မေးမြန်းလာခဲ့သည်။
မမေသဇင်ဦးက “သမီးက မောင်လေးတွေကို ပြန်လွှတ်ပေးလို့ ကျေးဇူးတင်တာပေါ့နော်၊ ဒါပေမယ့် ဒီလိုမြန်မာ အလုပ်သမားတွေကို မတရားဖမ်းဆီး မတရား လူကုန်ကူး၊ လှေပေါ်ကို ရောင်းစား၊ လုပ်နေသူတွေကိုတော့ နောင်ဒီလို မလုပ်ရဲအောင် ပညာပေးချင်တယ်။ ဒီလိုမှ မဟုတ်ရင် ဒီလို လက်ပူးလက်ကြပ် မိဖို့ဆိုတာ မလွယ်ဘူးလေ။ ပြီးတော့ ဒီလူကုန်ကူးတဲ့ ဂိုဏ်းသားတွေ ဘာမှမဖြစ်ဘူး ဆိုပြီးတော့ ပို့ပြီးတော့မှ လက်ရဲဇက်ရဲ လုပ်လာမယ်။ မြန်မာ အလုပ်သမားတွေ ပိုပြီးတော့ ဒုက္ခရောက်လာမယ်လေ”ဟု ပြောသည်။
လက်ရှိ အချိန်အထိ ကာယကံရှင်များ အနေဖြင့် အမှုကို ဆက်လက် ရင်ဆိုင်ရေးအတွက် မည်သို့မျှ မဆုံးဖြတ် သေးကြောင်း သိရသည်။
ပြန်ပေးဆွဲ လူကုန်ကူးသူများအား ဖမ်းမိခဲ့သော်လည်း ချက်ခြင်း ပြန်လွှတ်ပေးခြင်းကို မည်သို့နားလည်ရမည် မသိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ဝေဖန်ပြောဆို နေကြသည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ