လူ၏သွေးအပါအ၀င် ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို ရောင်းချခြင်း၊ ၀ယ်ယူခြင်း ပြုလုပ်ပါက အရေးယူခံရမည်
|
|
|
|
Wednesday, 29 June 2011 15:07 |
သွေးလှူဒါန်းပွဲတစ်ခု မြင်ကွင်း
လူ၏သွေး အပါအ၀င် ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို ရောင်းချခြင်း၊
ဝယ်ယူခြင်း ပြုလုပ်ပါက အရေးယူခံရမည် ဖြစ်ကြောင်း သွေးနှင့်သွေးပစ္စည်းများ
ဆိုင်ရာ ဥပဒေနှင့် ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းခြင်း ဆိုင်ရာ ဥပဒေပါ
ပြဋ္ဌာန်းချက်များ အရ သိရသည်။
ခွဲစိတ်ကုသမှုတစ်ခုကို တွေ့ရစဉ်
သွေးကို စီးပွားရေး အလို့ငှာ ရောင်းချခြင်း၊ ၀ယ်ယူခြင်း ပြုလုပ်ပါက
ထောင်ဒဏ် သုံးနှစ် အထိ ချမှတ်ခံရနိုင်ကြောင်းနှင့် ကိုယ်အင်္ဂါ
အစိတ်အပိုင်းများကို ရောင်းချခြင်း၊ ၀ယ်ယူခြင်း ပြုလုပ်ပါက ထောင်ဒဏ်
သုံးနှစ် အထိ ချမှတ်ခံရမည့် အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်ကြောင်း သိရသည်။
မည်သူမဆို သွေးကို စီးပွားရေး အလို့ငှာ ငွေကြေးဖြင့် ဖြစ်စေ ငွေကြေးအစား
ပစ္စည်း သို့မဟုတ် ၀န်ဆောင်မှုဖြင့် ဖြစ်စေ ရောင်းချခြင်း သို့မဟုတ်
ဝယ်ယူခြင်း ပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအား
ထောင်ဒဏ် သုံးနှစ် အထိ ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ
ချမှတ်ရမည်ဟူ၍ သွေးနှင့်သွေးပစ္စည်းများ ဆိုင်ရာ ဥပဒေပုဒ်မ ၂၃ တွင်
ပြဋ္ဌာန်းထားချက် အရ သိရသည်။
ထို့အတူ မည်သူမဆို ကိုယ်အင်္ဂါ အစိတ်အပိုင်းကို အဖိုးစားနားဖြင့်
ရောင်းချခြင်း သို့မဟုတ်
ဝယ်ယူခြင်း ပြုလုပ်ကြောင်း ပြစ်မှုထင်ရှား
စီရင်ခြင်း ခံရလျှင် ထိုသူကို ထောင်ဒဏ်သုံးနှစ် အထိ ချမှတ်ရမည့် အပြင်
ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းခြင်း
ဆိုင်ရာ ဥပဒေပုဒ်မ ၂၁ အရ သိရသည်။
သွေးနှင့်ပတ်သက်၍ ပြဋ္ဌာန်းထားသော ပြစ်မှုပြစ်ဒဏ်ဆိုင်ရာ အခြား
ပြဋ္ဌာန်းချက်များမှာ မည်သူမဆို သွေး သို့မဟုတ် သွေးပစ္စည်းကို ခွင့်ပြုချက်
မရှိဘဲ ထုတ်ယူခြင်း၊ စုဆောင်းခြင်း၊ သိုလှောင်ခြင်း၊ ထုတ်ပေးခြင်း
သို့မဟုတ် ဖြန့်ဖြူးခြင်း ပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း
ခံရလျှင် ထိုသူအား ထောင်ဒဏ် ခုနစ်နှစ် အထိ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း
ချမှတ်နိုင်ကြောင်း သိရသည်။
ထို့ပြင် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်က သဘောမတူဘဲ ထိုသူထံမှ သွေးကို
ထုတ်ယူကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအား ထောင်ဒဏ်
ငါးနှစ် အထိ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။
လူနာနှင့်သွေး တည့်ခြင်း ရှိ မရှိ စစ်ဆေးခြင်း မပြုဘဲ သွေး သို့မဟုတ်
သွေးပစ္စည်းကို တစ်ဦးဦးအား သွင်းပေးခြင်း၊ သက်တမ်း ကုန်ဆုံးနေသော သွေး
သို့မဟုတ် သွေးပစ္စည်းကို တစ်ဦးဦးအား သွင်းပေးခြင်း သက်တမ်း ကုန်ဆုံးနေသော
ရောဂါပိုး ကင်းစင်ခြင်း မရှိသော သို့မဟုတ် တစ်ကြိမ် အသုံးပြုပြီးသော
သွေးထုတ် သွေးသွင်း ကိရိယာကို အသုံးပြု၍ သွေး သို့မဟုတ် သွေးပစ္စည်းကို
တစ်ဦးဦးထံမှ ထုတ်ယူခြင်း သို့မဟုတ် တစ်ဦးဦးအား သွင်းပေးခြင်းတို့ ပြုလုပ်ပါကလည်း ထောင်ဒဏ်ရော ငွေဒဏ်ပါ ချမှတ်ခံရနိုင်ကြောင်း သိရသည်။
ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းခြင်း ဆိုင်ရာ ပြစ်ဒဏ်
ပြဋ္ဌာန်းချက်ထဲတွင် ကိုယ်အင်္ဂါ အရောင်းအ၀ယ် ပြုလုပ်ရာတွင် အားပေးကူညီပါကလည်း
ထောင်ဒဏ်အပြင် ငွေဒဏ်ပါ ချမှတ် ခံရနိုင်သည်ဟု ထည့်သွင်း ပြဋ္ဌာန်းထားသည်ကို
တွေ့ရသည်။
အသက် ၁၈ နှစ် ပြည့်ပြီးသူသည် မိမိ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းကို
လှူဒါန်းနိုင်ကြောင်း ကျန်ရစ်သူ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ မိဘ၊ ညီအကို
မောင်နှမ သို့မဟုတ် ဆွေမျိုးသားချင်း တစ်ဦးဦးသည် မိသားစု အတွင်း၌
ကန့်ကွက်ချက် တစ်စုံတစ်ရာ မရှိပါက သေဆုံးသူ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းကို
လှူဒါန်းနိုင်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်သည့် သက်ဆိုင်ရာ ပညာရှင် သို့မဟုတ်
ကျွမ်းကျင်သူကသာ ကိုယ်အင်္ဂါ အစိတ်အပိုင်းကို ထုတ်ယူခွင့် ရှိကြောင်း
ကိုယ်အင်္ဂါ အစိတ်အပိုင်း ထုတ်ယူခွင့် ရှိသူသည် ကိုယ်အင်္ဂါ အစိတ်အပိုင်း
လှူဒါန်းသူ ပိုင်ရှင် မရှိသည့် သေဆုံးသူ၊ ကျန်ရစ်သူ ဇနီး၊ ခင်ပွန်း၊
သားသမီး၊ မိဘ၊ ညီအစ်ကို မောင်နှမ သို့မဟုတ် ဆွေမျိုးသားချင်း တစ်ဦးဦးက
ပုဒ်မ ၁၀ အရ ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းခြင်း ခံရသည့် သေဆုံးသူ စသည့်
ပုဂ္ဂိုလ်တစ်ဦးဦး၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းကို ထုတ်ယူခွင့် ရှိကြောင်း
သိရသည်။
မှုခင်း ဆရာဝန်သည် မှုခင်း ဖြစ်ရပ် တစ်ခုခုတွင် သေဆုံးသူ၏ ကိုယ်အင်္ဂါ
အစိတ်အပိုင်းကို ကိုယ်အင်္ဂါ အစိတ်အပိုင်း ထုတ်ယူခွင့် ရှိသူက
တောင်းခံလာလျှင် ခွင့်ပြုရမည် ဖြစ်ကြောင်း သို့သော် မသေဆုံးမီက မိမိ၏
ကိုယ်အင်္ဂါ အစိတ်အပိုင်းကို လှူ ဒါန်းရန် ဆန္ဒမရှိကြောင်း စာရေးသား ထားခဲ့သူ
ဖြစ်ခြင်း၊ ထုတ်ယူမည့် ကိုယ်အင်္ဂါ အစိတ်အပိုင်းကို သက်ဆိုင်ရာ မှုခင်းဆရာဝန်က
ရင်ခွဲစစ်ဆေးမှု အပြီးသတ် မဆောင်ရွက်ရသေးခြင်း၊ ကျန်ရစ်သူ ဇနီး၊ ခင်ပွန်း၊
သားသမီး၊ မိဘ၊ ညီအစ်ကို မောင်နှမ သို့မဟုတ် ဆွေမျိုးသားချင်း တစ်ဦးဦးက
ကန့်ကွက်ခြင်း စသည့် အကြောင်း တစ်ရပ်ရပ် ပေါ်ပေါက်ပါက မှုခင်း ဆရာဝန်က
ခွင့်မပြုရကြောင်း အထက်တန်းရှေ့နေ တစ်ဦးက ဆိုသည်။
''သွေးတို့ ကိုယ်အင်္ဂါ အစိတ်အပိုင်း တို့ကို ရောင်းတာဝယ်တာ
မပြုလုပ်ရဘူးလို့ ဥပဒေမှာ ဆိုထားပေမယ့် ဒါတွေနဲ့ ပတ်သက်လို့
လှူဒါန်းတဲ့သူကို အလှူခံတဲ့သူက လူမှုရေး ကျန်းမာရေး အရ လိုအပ်တဲ့
ပံ့ပိုးကူညီမှုတွေ ထောက်ပံ့မှုတွေတော့ ဆောင်ရွက်ပေးလို့ ရပါတယ်။
ဘာသာရေးအရ ကြည့်ရင်လည်း ကိုယ့်အပေါ်မှာ ကျေးဇူးပြုပြီး အသက်ကယ်ပေးတဲ့
ကျန်းမာရေးအတွက် ကူညီပေးတဲ့ လှူဒါန်းသူတွေကို ကျေးဇူးဆပ်တဲ့ အနေနဲ့
ထောက်ပံ့တာ၊ ပံ့ပိုးတာတွေကို ဆိုလိုတာပါ''ဟု ဥပဒေပညာရှင် တစ်ဦးက
ရှင်းပြပါသည်။ |
အကြိုက်များသော Posts
-
ဆရာတာရာမင်းဝေ၏ကဗျာများ၊စာများကိုတစုတစည်းတည်းဖတ်ရှုနိုင်ကြစေရန်စုဆောင်းတင်ပြထားခြင်းဖြစ်ပါသည်။ ကျနော်တင်ပြထားသည်များအပြင်အခြ...
-
စိုင်းစိုင်းခမ်းလှိုင် မွေးသက္ကရာဇ် ၁၉၇၉ ခုနှစ် ဧပြီလ (၁၀) ရက် အမည်ရင်း မိဘအမည် စိုင်းခမ်းလှိုင် +စဝ်ဝေဠုသိဂီ င်္ နိ...
-
“ဖူးခက်မှ မြန်မာအလုပ်သမားများ ဆန္ဒပြ၊ မြန်မာအလုပ်သမားများ လုပ်ငန်းရှင်နှင့် ညှိနှိုင်း” မူ...
-
သန်းထိုက်ဦး Monday, 11 July 2011 18:03(ဧရာဝတီမှကူးယူဖော်ပြသည်) ...
-
ကာယ ဥာဏအလုပ်သမားများ အစည်းအရုံးမှ ဗဟုသုတစာပေ/ပညာပေးစာပေ/အလုပ်အကိုင်/အလုပ်သမားဥပဒေ/သတင်းနှင့်နည်းပညာများကို အချိန်နှင့်တပြေးညီ တင်ပြရေးအတွက...
-
ဘင်္ဂါလီအများစု နေထိုင်ရာ ရွှေပြားရပ်ကွက်ကို ဘင်္ဂါလီများက ကိုယ်တိုင် မီးရှို့ပြီး ထွက်ပြေးသွားရာ လက်ရှိအချိန်တွင် နေအိမ် ၃၀ခန့် မီးလောင် ကျွမ...
-
ထိုင်း ပြည်တွင်းလေကြောင်းလိုင်း ၄ လိုင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ ဘန်ကောက်မြို့နှင့် ချင်းမိုင်မြို့များသို့နေ့စဉ် ပြေးဆွဲလျှက်...
-
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် အိမ်ထောင်သက် ၁၆ ရက်သာ ရှိသေးသော ညားခါစ ဇနီးမောင်နှံ နှစ်ဦးမှာ အဆိပ်သောက်ကာ သေဆုံးသွားကြောင်း သတင်း ရရှ...
-
ဗီဒီယီုဖေ့ဘွတ် စာမျက်နာမှ ကူးယူဖော်ပြသည်။
-
၁၀-၆-၂၀၁၂ ညနေ ၅ နာရီအချိန်တွင် ကျောက်ဖြူမြို့နယ် ဇွန်ပန်းချိုင်ကျေးရွာအနီးမှ တစ်ခါမှ မမြင်ဘူးသော စက်လှေ(၆၀)ခန့်ဖြတ်သန်းသွားပြီး ကျေ...
No comments:
Post a Comment