တပတ်အတွင်း အလုပ်သမား လက်မှတ်ပြုလုပ်သူ နှစ်သိန်းကျော်ရှိ
|
Friday, 24 June 2011 00:00 |

ဆောက်လုပ်ရေး လုပ်ငန်းမှ ရွှေ့ပြောင်း အလုပ်သမားများ
ထိုင်းနိုင်ငံတွင်
ယခုလ (၁၅)ရက်နေ့မှ (၂၂)ရက်နေ့အတွင်း အလုပ်သမား လက်မှတ်ပြုလုပ်သူ
ရွှေ့ပြောင်း အလုပ်သမားဦးရေ နှစ်သိန်းကျော် ရှိပြီဟု အလုပ်အကိုင်
နေရာချထားရေး ဌာနမှ မစ္စဆုထတ်စာနီ ဆူဗုံဖက်က ပြောဆိုလိုက်ကြောင်း သိရသည်။
ရက်သတ္တပတ် အတွင်း ရွှေ့ပြောင်းအလုပ်သမား ဦးရေ (၂၀၆၂၉၉)ကို
လုပ်ငန်းရှင် (၃၂၃၂၃)ဦးမှ အလုပ်သမား လက်မှတ် ပြုလုပ်ရန်
စာရင်းပေးသွင်းခဲ့ခြင်း ဖြစ်သည်။
အလုပ်သမား လက်မှတ် ပြုလုပ်သူ စာရင်းတွင် မြန်မာရွှေ့ပြောင်း
အလုပ်သမား (၁၄၉၉၉၀)ဦးဖြင့် အများဆုံး ဖြစ်ပြီး၊ ကမ္ဘောဒီးယား
(၃၆၆၀၅)ဦးနှင့် လာအို (၁၉၇၀၄)ဦးတို့ ဖြစ်ကြသည်။
ယခု ရရှိသည့် စာရင်းမှာ အလုပ်သမား လက်မှတ် ပြုလုပ်ပေးရေး
ဌာန (၆၈) ခုမှ စာရင်းဖြစ်ပြီး တစ်နိုင်ငံလုံးတွင် အလုပ်သမား လက်မှတ်
ပြုလုပ်ပေးရေး ဌာန စုစုပေါင်း (၈၆) ခုရှိသည်ဟု သိရသည်။
လက်မှတ်များ ပြုလုပ်ပေးရန် နောက်ထပ် (၂၂)ရက် ကျန်ရှိသဖြင့်
ရွှေပြောင်း အလုပ်သမားများ အနေဖြင့် ထပ်မံ၍ လက်မှတ်ပြုလုပ် ကြလိမ့်မည်ဟု
ခန့်မှန်းထားကြောင်း ထိုင်းဘာသာဖြင့် ထုတ်ဝေသည့် INN သတင်းတွင်
ဖော်ပြထားသည်။
|
အကြိုက်များသော Posts
-
စိုင်းစိုင်းခမ်းလှိုင် မွေးသက္ကရာဇ် ၁၉၇၉ ခုနှစ် ဧပြီလ (၁၀) ရက် အမည်ရင်း မိဘအမည် စိုင်းခမ်းလှိုင် +စဝ်ဝေဠုသိဂီ င်္ နိ...
-
လက်ထပ်ခြင်း ထိမ်းမြားမင်္ဂလာ လက်ထပ်ခြင်း လက်ထပ်ခြင်း သည် လူမှုရေး ၊ ဘာသာရေး ၊ အယူစွဲမှု သို့မဟုတ် တရားဥပဒေ အတိုင်း
-
စာချုပ်စာတမ်းနမူနာများ ...
-
စစ်တွေ လေယာဉ်ကွင်းတွင် လုံခြုံရေး ရယူထားသည့် တပ်မတော်သားများကို ယနေ့ညနေ ၅ နာရီ ၃၀ မိနစ်ခန့်ကတွေ့ရစဉ်။
-
[color=cyan]ဗုဒ္ဓဘာသာ website များ www.dhammadownload.com www.dhammanet.org www.edhamma.com www.mora.gov.mm www.dhammasearch.net မြ...
-
Written by Won Thar Nu ...
-
By Thu Zar ဘင်္ဂလာနှိုင်ငံတွင်တည်ရှိသောနိရဉ္စရာသတင်းဌာနသည် ရခိုင်တွင်ဖြစ်ပေါ်နေသော သတင်းများကိုဖော်ပြရာတွင် ယခုအခါအကြမ်းဖက်သမားဘင်္ဂလာလူမျို...
-
Saturday, 09 July 2011 20:25 KNG ကချ...
-
ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများအနေနှင့်  ယာယီ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ရာတွင် သိနားလည်သူများအဖို. ပြဿနာမရှိနိုင်သော်လ...
-
S Pass S Pass ဟာ ၂၀၀၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ EP Q2 ကို အစားထိုးခဲ့တဲ့ Pass အသစ်ဖြစ်ပါတယ်။ S Pass ရဲ့ အနက်အဓိပ္ပာယ်ကို သက်ဆိုင်ရာ Webs...
No comments:
Post a Comment