.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Saturday, July 2, 2011

ကုလသမဂ္ဂ၏ရွှေ့ပြောင်း အလုပ်သမားများ ဆိုင်ရာ ပြဋ္ဌာန်းချက်များ



မလေးရှားနိုင်ငံတွင် နေရာအသီးသီး ကဏ္ဍအစုံစုံတွင် ၀င်ရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာလုပ်သားများ ဗဟုသုတ ရရှိစေရန်အလို့ငှာ ၂၀၀၆ ခုနှစ် မေလတွင် ထုတ်ဝေသည့် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်၏ ]ကုလသမဂ္ဂ၏ ရွှေ့ပြောင်း အလုပ်သမားများဆိုင်ရာ ပြဋ္ဌာန်းချက်များ} စာအုပ်မှ ကောက်နုတ်၍ အခန်းဆက် ဖော်ပြပေးသွားပါမည်။
ကမ္ဘာပေါ်တွင် လူဦးရေ (၁၂၅)သန်းခန့်မျှသည် မိမိတို့ မွေးရာ ဇာတိတိုင်းပြည်ပြင်ပတွင် နေထိုင် ကြပြီး အလုပ်လုပ်ကိုင်လျက် ရှိကြ သည်။ ထိုသူများထဲတွင် မိမိကိုလက်ခံ သော တိုင်းပြည်သစ်၌ အိုးအိမ် အခြေတကျစိုက်ထူ၍ ရွှေ့ပြောင်းနေ ထိုင်ကြသူများ၊ ဒုက္ခသည်များအဖြစ် မိမိတို့ တိုင်းပြည်မှ စွန့်ခွာခဲ့၍ လက်ခံ သော တိုင်းပြည်တွင် နေထိုင်ရသည် မှာ လုံခြုံမှုရှိသောကြောင့် ရွှေ့ပြောင်း ခဲ့ကြရသူများ၊ စခန်းများ၌ ယာယီ နေထိုင်၍ နေထိုင်ခွင့်ရရှိသူများနှင့် တိုင်းတပါးမှ ယာယီလက်ခံ
၍ စီးပွားရှာ အလုပ်လုပ်ကြသော ရွှေ့ပြောင်းအလုပ်သမားများ ပါဝင်ကြသည်။
ထိုသို့ ရွှေ့ပြောင်းနေထိုင်ရခြင်းသည် လက်တွေ့တွင် ကြမ်းတမ်းခက်ခဲလှသော ဖြစ်ရပ်များနှင့်
ကြုံတွေ့ကြရသည်။ ဒေသ အသစ် နယ်ပယ်အသစ်တွင် ခက်ခဲလှသော လုပ်ငန်းအခြေအနေနှင့် ဆင်းရဲစွာ နေထိုင်ရသော အခြေအနေများနှင့်ကြုံရခြင်း၊ လူမှုဆက်ဆံ ရေး၌လည်း ရက်စက်စွာ ဆက်ဆံပြုမူခံရခြင်း၊ မတရား နိုင်ထက်စီးနင်း ပြုမူခြင်းနှင့် အကြမ်းဖက် အဓမ္မပြုမူခြင်းများကို ခံကြရသည်။ မှောင်ခို ရောင်းဝယ်သူများ(သို့မဟုတ်) ဥပဒေမဲ့ အလုပ်သမားသစ်စုဆောင်းသူ တို့၏ လက်တွင်းသို့ ကျဆင်းကြကာ မရေတွက်နိုင်သော နှိပ်စက်ခံ သားကောင်များအဖြစ် မှန်းဆ၍မရနိုင်သော ဘ၀တွင်းသို့ ခုံဆင်းလိုက် ရခြင်းများ ကြုံတွေ့ရတတ်သည်။
ရွှေ့ပြောင်းအလုပ်သမားတို့သည် တိုင်းတစ်ပါးသားများ ဖြစ်နေကြ၍ အများအားဖြင့် အကာအကွယ်ကင်းမဲ့သော အန္တရာယ် ပြုခံရနိုင်သော ဘ၀မျိုးနှင့် ရင်ဆိုင်ကြရသည်။ အမျိုးသမီး ရွှေ့ပြောင်း  အလုပ်သမားများအတွက်မူကား အမျိုးသမီးဖြစ်နေရသောကြောင့် ဘေးအန္တရာယ်နှင့် ပိုမိုနီးကပ်စွာ ရင်ဆိုင်ကြရသည်။
ထိုသို့ ပြောင်းရွှေ့နေထိုင် လုပ်ကိုင်ရခြင်းကြောင့် လုံခြုံမှုမရှိ ခြင်း၊ မတော်မတရား ခံနေရခြင်းနှင့် အကာအကွယ်ကင်းမဲ့သော အခြေအနေများ၌ နေရခြင်းတို့မှာ ယခုမျက်မှောက်ခေတ်နှင့် အနာဂတ် ကာလတွင် မရှိသင့်တော့ပေ။
ကမ္ဘာ့ကုလသမဂ္ဂသည် ၁၉၉၀ ခုနှစ်တွင် ရွှေ့ပြောင်းအလုပ် သမားများနှင့် ၎င်းင်းတို့၏ မိသားစုများအတွက် အခွင့်အရေးများနှင့် ကာကွယ်မှုဆိုင်ရာများကို အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်း ချက်အဖြစ် စတင်လက်ခံ ကျင့်သုံးခဲ့သည်။ အပြည် ပြည်ဆိုင်ရာ အလုပ်သမား ရေးရာ အဖွဲ့ချုပ် (ှုဥ)မှ တဆင့် မူဝါဒလမ်းညွှန် ချက်များ သတ်မှတ်ချက် များကို အစဉ်အဆက် ဖော် ထုတ်ခဲ့ပါသည်။ ယင်းတို့အနက်မှ ပြဋ္ဌာန်းချက်အချို့ကို ကောက်နှုတ် တင်ပြလိုက် ရပါသည်။
(၁)ကမ္ဘာ့ ကုလသမဂ္ဂနိုင်ငံတကာညီလာခံကြီး  (ှုညအနမညအေငသညေူ ဃသညလနညအငသည) ၏ ရွှေ့ပြောင်းအလုပ်သမားများနှင့် ၎င်းင်းတို့၏မိသားစုများဆိုင်ရာ ပြဋ္ဌာန်းချက်ဆိုသည်မှာ အဘယ်နည်း။
ဤပြဋ္ဌာန်းချက်ကို ၁၉၉၁ ခုနှစ် ဒီဇင်ဘာ(၁၈)ရက်နေ့တွင် ကုလသမဂ္ဂမှ အတည်ပြုချမှတ်ခဲ့သော နိုင်ငံတကာဆိုင်ရာ တရားဝင် စာချုပ်စာတမ်းဖြစ်၍ ရွှေ့ပြောင်းအလုပ်သမားများနှင့် ၎င်းင်းတို့ မိသားစု များ၏ အခွင့်အရေးကို အကာအကွယ်ပေးနိုင်မှု ပိုမိုရှိလာစေရန် ထောက်ပံ့ ကူညီသည့် အခြေခံကျသော အချက်အလက်များပါ အကြုံးဝင်ပါသည်။
ဤပြဋ္ဌာန်းချက်သည် လက်ရှိ ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ တရားဝင်စာချုပ်ကို အခြေခံပြီး စီးပွားရေးလူမူရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများ၊ နိုင်ငံရေးနှင့် နိုင်ငံသားများဆိုင်ရာ အခွင့် အရေးများ၊ လူသားအမျိုးအနွယ်များအတွက် ညီမျှသော အခွင့်အရေး၊ အမျိုးသမီးများ၏အခွင့်အရေးနှင့် ကလေးသူငယ်များ၏ အခွင့်အရေး များကို အသေးစိတ်တိကျစွာ ဖော်ပြထားပါသည်။
၂) ပြဋ္ဌာန်းချက်တွင် ရွေ့ပြောင်းအလုပ်သမား (ငြါမညေအျွှသမုနမ)ကို မည်ကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါသနည်း။
ရွှေ့ပြောင်းအလုပ်သမားဆိုသည်မှာ နိုင်ငံတကာ၌ နိုင်ငံသား (တိုင်းရင်းသား) မဟုတ်ဘဲ လုပ်အားခ(၀င်ငွေ) ရသောလုပ်ငန်း တစ်ခုခု၌ ပါဝင်လုပ်ဆောင်ရန်ရှိသူ၊ ပါဝင်လုပ်ကိုင်လျက်ရှိသူနှင့် ပါဝင်လုပ်ဆောင် ခဲ့ဖူးသော နိုင်ငံခြားသား အလုပ်သမားကို ခေါ်ဆိုပါသည်။
(၃) ပြဋ္ဌာန်းချက်၌ မည်သည့်အလုပ်သမားအမျိုးအစားတို့သည် ရွှေ့ပြောင်း အလုပ်သမားများဖြစ်သည်ကို  မည်ကဲ့သို့ခွဲခြားသတ်မှတ်ထားသနည်း။
(က) နယ်ခြားဒေသ အလုပ်သမား (င်္မသညအငနမျွှသမုနမ)
၎င်းင်းတို့သည် အခြားတစ်နိုင်ငံ၌ အလုပ်လုပ်နေသော်လည်း အိမိနီးနားချင်းနိုင်ငံတွင် တည်ရှိသော မိမိ၏ နေရပ်သို့ ပြန်သွား လေ့ရှိပါသည်။
(ခ) ရာသီအလိုက် အလုပ်လုပ်ကိုင်သော အလုပ်သမား
(ွနေ်သညေူ ႊၽသမုနမ)
တိုင်းတစ်ပါးသို့ တစ်နှစ်လျှင် တစ်စုံတစ်ခုသော ရာသီရောက်မှ သာ သွားရောက် အလုပ်လုပ်လေ့ရှိသူ (ရာသီအလိုက်အလုပ်သမား)       အမျိုးအစားဖြစ်ပါသည်။
(ဂ) ပင်လယ်ကမ်းလွန်လုပ်ငန်းဆိုင်ရာ အလုပ်သမား
(ျွှသမုနမ သည ညေ သ့်ျသမန ငညျအေူအေငသည)
တိုင်းတစ်ပါး၏ တရားစီရင်ပိုင်ခွင့်ရှိသော စည်းကမ်းဥပဒေ နယ်ပယ်အတွင်း တည်ထောင်ထားသည့် လုပ်ငန်း (သို့မဟုတ်) အဆောက်အအုံ၌ သွားရောက်အလုပ်လုပ်သော ထိုနိုင်ငံသား မဟုတ်သူ ဖြစ်ပါသည်။
(ဃ) နိုင်ငံရပ်ခြား၌ အချိန်ပိုင်းလှည့်လည် လုပ်ကိုင်သော အလုပ်သမား (ှုအငညနမညေအျွှသမုနမ)
လုပ်ငန်းသဘာဝအရတိုင်းတစ်ပါးသို့ ကာလအချိန်တိုခရီး သွားလာလုပ်ကိုင်သူအမျိုးအစားဖြစ်ပါသည်။
(င) စီမံကိန်းဆိုင်ရာအလိုက် နိုင်ငံခြားတွင်လုပ်ကိုင်သော အလုပ်သမား (ဏမသနြခအ-ွှပစနျွှသမုနမ)
လုပ်ငန်းရှင်ခွင့်ပြုချက်ကြောင့် တိုင်းတစ်ပါးသို့ ကန့်သတ်ချိန် အတွင်း ၀င်ရောက်၍သတ်မှတ်ထားသော စီမံကိန်းလုပ်ငန်း (တစ်ခု တည်း)၌သာ ၀င်ရောက်လုပ်ကိုင်ခွင့် ရရှိသူဖြစ်သည်။
မည်သည့် စာချုပ်ခံဝန်ချက်နှင့်မျှ မပါတ်သတ်ပဲ မိမိဆန္ဒ အလျောက် တိုင်းတစ်ပါးတွင်သွားရောက် အလုပ်လုပ်ကိုင်သူမျိုး ဖြစ်သည်။
(၄) နိုင်ငံခြားတိုင်းပြည်တွင်နေထိုင် အလုပ်လုပ်နေသော်လည်း ထိုပြဋ္ဌာန်းချက်နှင့် မသက်ဆိုင်သော ပုဂ္ဂိုလ်များကား မည်သူဖြစ်သနည်း။
(၄-က) နိုင်ငံတကာအဖွဲ့စည်းများ၊ ရုံးများ
(ဥပမာ-သံတမန်၊နိုင်ငံခြားရေးဌာနများ)တွင်အလုပ်လုပ်ကိုင်၍ တိုင်းတစ်ပါးသို့ စေလွှတ်ခြင်းခံရသူများ
(၄-ခ) နိုင်ငံခြားတွင် ရင်းနှီးမြှုပ်နှံသူ စီးပွားရေးသမားများ
(၄-ဂ) ဒုက္ခသည်များ (သို့မဟုတ်) မည်သည့်နိုင်ငံကမှ နိုင်ငံသား အဖြစ်အသိအမှတ်ပြုမထားသော နိုင်ငံရေးခိုလှုံလာသူများ။
(၄-ဃ) နိုင်ငံခြားပညာသင်ကျောင်းသားကျောင်းသူများနှင့် လုပ်ငန်းဆိုင် ရာ လေ့ကျင့်သင်တန်းတက်သူများ
(၅) သင်္ဘောသားများသည် ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်မှုရှိပါသလား။
သက်ဆိုင်ပါသည်။ သို့သော် ၎င်းင်းတို့လုပ်ကိုင်နေသော သင်္ဘော ၏စာရင်းသွင်း မှတ်ပုံတင်ထားသော နိုင်ငံ၌သာ နေထိုင်နိုင်ခွင့်ရရှိ၍ ၀င်ငွေရှိသော အလုပ်လုပ်နေမှသာလျှင်ဖြစ်သည်။
(၆) ပြဋ္ဌာန်းချက်မှရည်ညွှန်းသော မိသားစုဝင်များဆိုသည်မှာ မည်သူများ ဖြစ်ကြ ပါသနည်း။
ပြဌာန်းချက်၌ ရည်ညွှန်းထားသည်မှာ ရွေ့ပြောင်းအလုပ် သမားများ၏ မိသားစု (မှီခိုသူဇနီး၊ ခင်ပွန်းနှင့် ကလေးများ) အပြင် တရားဥပဒေဘောင်အတွင်းမှ မိသားစုဝင်အဖြစ် အသိအမှတ်ပြုထား သော အခြားမှင်္ီခိုသူများဖြစ်သည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ