.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Thursday, June 30, 2011

ထိုင်း-မြန်မာ နယ်စပ် တံတားသစ် တည်ဆောက်ရေး ဆွေးနွေး



ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အဓိကလမ်းကြောဖြစ်သည့် မဲဆောက်-မြ၀တီ နယ်စပ်တွင် မကြာမီ အသစ်ထပ်မံ တည်ဆောက်မည့် တံတားနှင့် ပတ်သက်၍ ထိုင်းနှင့် မြန်မာ တာဝန်ရှိသူများ ယမန်နေ့က မဲဆောက်မြို့တွင် တွေ့ဆုံဆွေးနွေးသည်။

IMG_8100400
တံတားသစ် တည်ဆောက်ရေး ဆွေးနွေးပွဲ တက်ရောက်ကြသည့် ထိုင်းနှင့် မြန်မာ ကိုယ်စားလှယ်များ (ဓာတ်ပုံ - ဧရာဝတီ)
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေး ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းတင့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံ လမ်းတံတားနှင့် နည်းပညာဌာန ညွှန်ကြားရေးမှူး နိုင်ကစိမ်စိဝပ်နော တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ဆွေးနွေးကြသည်။

ထိုင်းညွန်ကြားရေးမှူးက “ဒီနေ့ ကျနော်တို့ နှစ်ဘက်တာဝန်ရှိသူတွေ မကြာခင်အချိန်မှာ ဒုတိယမြောက် တံတားကို မဲဆောက်မြို့နယ်ဘက်မှာရှိတဲ့ ၀မ်တခင်းရမ်းရွာနဲ့ မြ၀တီမြို့နယ်ဘက်မှာရှိတဲ့ ရေပူရွာဘက်ကို တံတားတစင်း ထပ်ဆောက်မှာ ဖြစ်တယ်။ ဒီကိစ္စကို ကျနော်တို့ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ဆွေးနွေးကြတာပါ။ ဒီကိစ္စကို မြန်မာဘက်ကလည်း သဘောတူထားပြီးဖြစ်တယ်” ဟု ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များကို ပြောကြားသည်။

နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့သည် တံတားတည်ဆောက်မည့် နေရာများဖြစ်သည့် ထိုင်းနှင့် မြန်မာ နှစ်ဘက်နယ်စပ်မြို့များနှင့် နယ်ခြားသောင်ရင်းမြစ်ကြောင်းကို သွားရောက်ကြည့်ရှုခဲ့ကြပြီး တံတားဆောက်လုပ်မည့် အပြီးသတ် အနေအထားများနှင့် ပတ်သက်၍ ထိုင်းဘက်က မြန်မာဘက်သို့ အကြောင်းကြားရမည်ဟု သိရသည်။

ထပ်မံဆောက်လုပ်မည့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အခြေအနေများနှင့် ပတ်သက်၍ သတင်းဌာနများက မေးမြန်းလိုသည်များကို မြန်မာကိုယ်စားလှယ်အဖွဲ့က ဖြေဆိုရန် ငြင်းပယ်ခဲ့သည်ဟု ထိုင်းသတင်းထောက်တဦးက ပြောသည်။

ထိုင်းနိုင်ငံဘက်မှ အကုန်အကျခံ၍ တည်ဆောက်ပေးမည့် ဒုတိယမြောက် ချစ်ကြည်ရေးတံတား၏ ထိုင်းဘက်ခြမ်းတွင် ထိုင်းက စီးပွားရေးဇုန် တည်ဆောက်မည်ဖြစ်ပြီး တံတား တည်ဆောက်မှုသည် လာမည့်နှစ်ဆန်းတွင် ဖြစ်နိုင်ကြောင်း ထိုင်းတာဝန်ရှိသူတဦးက ခန့်မှန်းပြောဆိုသည်။

လက်ရှိအသုံးပြုနေသည့် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတားသည် သောင်ရင်းမြစ် ရေစီးအားပြင်းထန်မှုကြောင့် ၂၀၀၆ ခုနှစ်ဇူလိုင်လ ၂၅ ရက်နေ့က ထိုင်းဘက် တံတားပိုင်တိုင်အမှတ် ၈ နှင့် မြန်မာဘက်ပိုင်တိုင်အမှတ် ၆ တို့ ၉ လက်မခန့် ရွဲ့စောင်းခဲ့ပြီး မြောက်ဘက်သို့ ၂ လက်မခန့် နိမ့်ကျခဲ့သည်။ ထို့နောက်ပိုင်း တံတားကြံ့ခိုင်မှု မရှိတော့သဖြင့် ၁၀ ဘီးတပ် ကုန်တင်ယာဉ်များ သွားလာနိုင်ခြင်း မရှိတော့ဘဲ ၁၂ တန်အောက် ကုန်တင်ကားများကိုသာ သွားလာခွင့်ပြုခဲ့သည်။

တံတားကြံ့ခိုင်မှုမရှိသဖြင့် မြန်မာနိုင်ငံသို့ တင်ပို့မည့် ထိုင်းကုန်ပစ္စည်းအများစုကို ချစ်ကြည်ရေးတံတား ဘေးဝဲယာရှိ လှေဆိပ်များမှတဆင့် တင်ပို့ရသောကြောင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် ထိခိုက်နစ်နာမှုများရှိသည်ဟု ထိုင်းနှင့်မြန်မာကုန်သည်များက ပြောသည်။

ယခု ထပ်မံတည်ဆောက်မည့် တံတားသည် အနည်းဆုံး တန်ချိန် ၆၀ ကျော်ဖြတ်သန်း သွားလာနိုင်မည့် တံတားအမျိုးအစားဖြစ်သည်ဟု ထိုင်းဘက်က ပြောသည်။

လက်ရှိ မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတားကို ၁၉၉၇ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ယမန်နှစ် ဇူလိုင်လမှစ၍ နယ်စပ်လုံခြုံရေး အကြောင်းပြချက်ဖြင့် မြန်မာဘက်က ချစ်ကြည်ရေးတံတား အပါအ၀င် တံတားဘေးဝဲယာရှိ လှေဆိပ် ၂၀ ကျော်ကို ပိတ်လိုက်သဖြင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားခဲ့သည်။

ချစ်ကြည်ရေးတံတား မပိတ်မီက မဲဆောက်-မြ၀တီ တရားဝင် နယ်စပ်ကုန်သွယ်ရေးတွင် ထိုင်းကုန်ပစ္စည်းများ တင်ပို့မှုမှာ တလလျှင် ဘတ်သန်း ၃၀၀၀ ကျော်ရှိပြီး မြန်မာဘက်မှ ထိုင်းဘက်သို့ ပို့ကုန်ပမာဏမှာ ဘတ်သန်း ၁၅၀၀ ခန့်ရှိသည်ဟု ထိုင်းနှင့်မြန်မာ ကုန်သည်ကြီးများက ခန့်မှန်းကြသည်။

နယ်စပ်ကုန်သွယ်ရေး ရပ်တန့်မှုကြောင့် နှစ်ဘက်ကုန်သည်များက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကုန်သွယ်ကြရာ လစဉ် ထိုင်းဘက်မှ ကုန်ပစ္စည်း ဘတ်ငွေ သန်း ၇၀၀ ဖိုးခန့် မြ၀တီဘက်သို့ တင်ပို့ကြပြီး မြန်မာဘက်မှ မြန်မာ ကုန်ပစ္စည်း ဘတ် သန်း ၄၀၀ ဖို့ခန့်ကို မဲဆာက်ဘက်သို့ တင်သွင်းကြကြောင်း သိရသည်။

မြန်မာဘက်က နယ်စပ်ပိတ်လိုက်သောကြောင့် ထိုင်းနယ်စပ် မဲဆောက်မြို့မှတဆင့် မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းများ တင်ပို့နေကြသည့် ကုန်သည်ကြီးများသည် ထိုင်းနယ်စပ် မယ်ဆိုင်-တာချီလိတ်၊ ရနောင်း-ကော့သောင်း စသည့် ကုန်းလမ်းရေလမ်းများမှတဆင့် ကုန်ပစ္စည်းများကို မြန်မာဘက်သို့ တင်ပို့နေရသည်ဟု မဲဆောက်ရှိ အထည်အလိပ် ပို့ကုန်လုပ်ငန်းရှင်တဦးက ပြောသည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ