.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Thursday, June 30, 2011

မြန်မာနိုင်ငံ၌ နှစ်အလိုက် ဘိန်းစိုက်ဧရိယာများကို ဂြိုဟ်တုဓာတ်ပုံဖြင့် တိုင်းတာခြင်းလုပ်ငန်း မြန်မာ၊ တရုတ်နှင့် UNODC တို့ ပူးပေါင်းဆောင်ရွက်နေ


PDF Print
Wednesday, 29 June 2011 16:18
AddThis Social Bookmark Button
၂၀၁၅ ခုနှစ်၌ အရှေ့တောင်အာရှနိုင်ငံများတွင် မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေး Drug Free Asean ကို သတ်မှတ်ထားသည့်အတွက် မူးယစ်ဆေးဝါး ပပျောက်ရေးကို ဦးစားပေး လုပ်ငန်းတစ်ရပ်အနေ ဖြင့် ဆောင်ရွက် သွားရမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ မြောက်ဖျားပိုင်းနှင့် နယ်စပ်ဒေသများ၏ ဘိန်းစိုက်ပျိုး ဧရိယာများကို ဂြိုဟ်တုဓာတ်ပုံဖြင့် တိုင်းတာသည့် လုပ်ငန်းများကို မြန်မာ၊ တရုတ်နှင့် UNODC တို့ပူးတွဲ၍ နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ တိုးတက်မှုရှိနေကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ဇွန်လ ၂၆ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေး အထိမ်းအမှတ်နေ့ အခမ်းအနားတွင် ထည့်သွင်း ပြောကြားသွားပါသည်။ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းစဉ် များကို ဒေသတွင်း၊ ဒေသခွဲအတွင်း ပူးပေါင်း ဆောင်ရွက်နေမှုအဖြစ် မဲခေါင်ဒေသ ခြောက်နိုင်ငံနှင့် လည်းကောင်း၊ တရုတ်နိုင်ငံနှင့်လည်းကောင်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။   မြန်မာနိုင်ငံသည် ၂၀၀၁ ခုနှစ်မှ စ တင်ကာ UNODC နှင့် ပူးပေါင်း၍ လည်းကောင်း၊ ၂၀၀၆ ခုနှစ်မှစတင် ၍ တရုတ်နိုင်ငံနှင့်ပူးတွဲ၍ လည်းကောင်း မြန်မာနိုင်ငံမြောက်ဖျားပိုင်း နှင့် နယ်စပ်ဒေသများရှိဘိန်းစိုက်ပျိုး မှုဧရိယာများကို ဂြိုဟ်တုဓာတ်ပုံဖြင့် တိုင်းတာစစ်ဆေးသည့် လုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက်ခဲ့ရာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုနှင့် ပတ်သက်၍ လျော့နည်း ကျဆင်းခြင်း ရှိ၊ မရှိကို အထောက် အကူများစွာပြုခဲ့သည်ဟု သိရသည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ