.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Saturday, July 2, 2011

နိုင်ငံခြားသားအလုပ်သမားပေါ်လစီ မလေးရှား ပြောင်းလဲတော့ မည်လော



ကြက်ခွက်လှိုင်းကလေးကိုပင် ဟန်ချက်မနည်း ထိန်းနေရသည့် မော်တော်ငယ်လေးဖြင့် အင်ဒိုနီး ရှားနိုင်ငံ ဆုရာဘယာ ကရွာသူလေး sutimah တစ်ယောက် က ကီလိုမိတာ ၂၀၀၀ ကျော်ဝေးသော မလေးရှားသို့ သမ္မာအာဇီဝ အလုပ်လုပ်ကိုင်မည်ဟု ခရီးထွက်လာခဲ့ သည်။ အချိန် ကုန်ခံ စိတ်ကူးယဉ်ထားခဲ့သော ထွန်း လင်းသည့် အနာဂတ်လေးဖြင့် မိသားစု ကို အလင်း ပေးမည်ဟု sutimah ဆုံးဖြတ်ခဲ့သည်။ စုတီမာဟ် က သူအတွက် အကောင်း ဆုံး ဟု ယုံကြည်ထားသော အိမ်ဖေါ် အလုပ်ဖြင့်မလေးရှား ၌ ၀င်ငွေရလမ်း ဖန်တီးလိုက်သည်။ လစာက ရင်းဂစ် ၄၀၀၊ သို့သော် သူမ မိသာစု အတွက်တော့ အတော် ပင်ဖူလှုံ လိမ့်မည်ဟု သိထားသည်။ “ကျွန်မ ကတော့ လစဉ်မှန်မှန် ငွေပို့နိုင် အောင်ကြိုစား တယ်ရှင့် ဒါမှ ကျန်ခဲ့
တဲ့မိသားစု ကို အဆင်ပြေအောင်ထားနိုင်မှာပါ. .ကျွန်မကလေးတွေရဲ့ ပညာရေး ကို ထောက် ပံ့ ပေးနိုင်မှာပါ ”ဟု အသက် ၄၅နှစ်အရွယ် သားသမီး၎ ယောက်မိခင် စုတီမဟ်က ပြောပါ သည်။
ကမ္ဘာနိုင်ငံများ အလျင်အမြန် စီးပွားရေး ဖွံဖြိုးလာစေသည့် အခြေခံအကြောင်းတရား များအနက် ရွေ့ပြောင်း နိုင်ငံခြား အလုပ်သမား များမှာ အဓိက နေရာမှပါဝင်နေကြောင်း စီးပွားရေးပညာရှင် Nor Zahidi Aliasက ဆိုသည်။ အိမ်ဖော်အဖြစ် ခြေလှမ်းစခဲ့တဲ့ ဆုတီမာဟ်မှာအခုခါမှာတော့ လစာ ၁၀၀၀ရင်းဂစ်ဖြင့် သန့်ရှင်းရေး အလုပ် ကို ရရှိနေသည်။ အင်ဒိုနီးရှားကိုပြန်ပြီးအလုပ်ပြန်လုပ်ဖို့ဆိုတာ တွေးတောင်မတွေးရဲဘုးရှင့် မိသားစုကို အခုလိုထောက်ပံ့ဖို့ က ဒီမှာလောက်မလွယ်လှဘုး ဟု သူဘ၀ကို အကြောင်းကို ဝေမျှပြောဆိုသည်။
မလေးရှား၏ အိမ်နီးနားချင်း နိုင်ငံများ စီးပွားရေး မလူးသာမလွန်သာ ဖြစ်နေချိန် ယင်းနိုင်ငံများက အလုပ်သမားများသည် မလေးရှားသို့ အလုံးအရင်းဖြင့် ၀င်ရောက်ခဲ့ကြ၏။ တရားဝင်ထုတ်ပြန်သော ကိန်းဂဏာန်းများအရ မလေးရှားသည် နိုင်ငံခြားလုပ်သားများကို အလွန် ပင် ဆွဲဆောင်နိုင်စွမ်းရှိနေသည်။ လွန်ခဲ့သော ၁၉၉၉ခုနှစ်တွင် နိုင်ငံခြားသားအလုပ်သမား ၅၀၀၀၀၀ အောက်သာ မလေးရှား၌ ရှိနေရာမှ ၂၀၀၈ခုနှစ်၌ ၂သန်းနီး ပါးမြင့်တက်ခဲ့သည်။ ဤအရေအတွက်သည်နိုင်ငံရှိ အလုပ်သမားဦးရေ ၏၁၇% ဖြစ်သည်။ ၂၀၀၉ခုနှစ်ကမ္ဘာစီးပွားရေး ထိခိုက်ချိန်တွင် အလုပ်သမား အမြောက်အမြားကို နေရပ်နိုင်ငံများသို့ပြန်လည်ပို့ဆောင်ပေးခဲ့ရာ ၂၀၀၉ဒီဇင်ဘာလ၌ ၁.၉သန်းကနေ ၁.၈သန်းသို့ကျဆင်းသွားခဲ့သည်။ လေ့လာသူများကတော့ အမှန်တကယ် မလေးရှားရှိ စုစုပေါင်း နိုင်ငံခြားအလုပ်သမားဦးရေမှာ တရားဝင်စာရင်းများထက်နှစ်ဆနီးပါး ပိုမိုနေသည်ဟု ထောက်ပြကြသည်။ ဤသို့နိုင်ငံခြားသား အလုပ်သမားများကိုဆွဲဆောင်နိုင်ခြင်းမှာ မလေးရှား၏ နိုင်ငံရေး တည်ငြိမ်မှုနှင့် စီးပွားရေး အားကောင်းလာခြင်းတို့ကြောင့်လည်းဖြစ်သည်။

သို့သော် လည်း ဤသို့ နိုင်ငံခြားသား အလုပ်သမား အမြောက် အမြားဝင်လာရောက်ခြင်းက နိုင်ငံစီးပွားရေး အား သက်ရောက်ပုံကို သုံးသပ်ရလိုအပ်လာပါသည်။ နိုင်ငံခြားသား အလုပ်သမားများက မလေးရှား စီးးပွား ရေး အပေါ် ကောင်းကျိုး သက်ရောက်သလော သို့တည်းမဟုတ် ဆိုးကျိုးသက်ရောက် သလော ဆိုသည့် ကို ဆန်းစစ်သော ပညာရှင်များက ရှုထောင်စုံဖြင့်သုံးသပ်ခဲ့ကြသည်။ မလေးရှား အား နိုင်ငံခြားသား အလုပ်သမား က ကောင်း ကျိုးရော ၊ဆိုးကျိုး ပါ သက်ရောက်ကြောင်း ကို ထောက်ပြခဲ့ကြသည်။ “မလေးရှားစီးပွားရေး တိုးတက်စေဖို့ အတွက်နိုင်ငံခြားသားအလုပ်သမားတွေက မောင်းနှင်အား တစ်ခုပါပဲ အထုးသဖြင့်တော့ ဆောက် လုပ်ရေး နယ်ပယ်လိုနေရာမျိုးတွေမှာ ပေါ့ ”ဟု မလေးရှားကုန်သွယ်ရေး သမဂ္ဂ အကြီးအကဲ Mohd Jafar Abdul Majid.ကဆိုပါသည်။ “ဒီလို အရည်သွေးမပြည်ဝတဲ့ နိုင်ငံခြားအလုပ်သမားတွေကို မှီခိုပြီး မလေးရှားက စီပွားရေးဖြစ်ထွန်း လာပေမဲ့ . ရှေ့ဆက်သွားနေတဲ့ ၀င်ငွေမြင့်မားတဲ့ ပညာအခြေပြု စီးပွားရေး မှာတော့ သူတို့တတွေ ပါဝင်နိုင်မှမဟုတ် ပါဘူး ကျွန်တော်အထင်ပြောရရင် မလေးရှားက နိုင်ငံခြား အလုပ်သမားတွေကို အတော်ကို မှီခိုနေရတယ် ”ဟူ ၄င်းကသတိပေးပြောကြားပါသည်။ ပြီးခဲ့သော ဆယ်စုနှစ် ၂ခု ကာလအတွင်း နိုင်ငံတွင်းသို့ အရည်အသွေးနိမ့် အလုပ်သမား အမြောက်အမြားစီးဝင်လာပုံကို လည်း သူက ထောက်ပြခဲ့သည်။
လစ်ဟာနေသောအလုပ်အကိုင်ကွက်လပ်များ
ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၁၀-၂၀၁၁ ခုနှစ်အတွက်ထုတ်ပြန်သောအစီအရင်ခံစာအရ မလေးရှား ၌ နိုင်ငံခြားအလုပ်သမား ၁.၈သန်းခန့် ၀င်ရောက်လုပ်ကိုင်နေကြပြီး ထုတ်ကုန်နယ်ပယ်တွင် ၃၈.၂% ၊ဆောက်လုပ်ရေးဂဏ္ဍ တွင် ၁၆%နှင့် စိုက်ပျိုးရေးကဏ္ဍတွင် ၁၄.၂% အသီးသီးဝင်ရောက် လုပ်ကိုင်နေကြသည်။မလေးရှားရှိနိုင်ငံခြားအလုပ်သမားများအနက် ယဉ်ကျေးမှု ၊ဘာသာစကားတူညီသော အင်ဒိုနီရှား အလုပ်သမား များက အများဆုံးဖြစ်ကာ နိုင်ငံခြားသားအလုပ်သမားအရေအတွက်၏ တစ်ဝက် ကျော်ရှိနေသည်။ ဘင်္ဂလားဒေ့ရှ်က ၁၇%၊နီပေါက ၉.၇% ၊မြန်မာက ၇.၈% အိန္ဒိယက ၆.၃% နှင့်ဗီယက်နမ် က ၄.၂%အသီသီးရှိနေကြသည်။ ဒီလို နိုင်ငံခြားသား အလုပ်သမားတွေကိုမှီခိုနေတာက ကောင်းတဲ့ လက္ခဏာမဟုတ်ပါဘူး စီးပွားရေးပညာရှင် Nor Zahidi Alias ကဝေဖန်သည်။နိုင်ငံက ဆော်ဒီအာရေးဘီးယားအပါအ၀င် ယူအေအီး ၊စင်ကာပူ တို့လို စီးပွားရေးဖွံဖြိုးမှုနှုန်း ရှိနေပါတယ် အဲဒီနိုင်ငံတွေလိုပဲမလေးရှားလည်း စီးပွားရေးမှာ နိုင်ငံခြားသားအလုပ်သမား တွေ ကို အကြီးအကျယ်မှီခိုနေရပြီ ၄င်းကဆက်ပြောပါသည်။
အလျင်အမြန်စီးပွားရေးတိုးတက်လာခြင်းကပဲ နိုင်ငံခြားအလုပ်သမား တွေကို မှီခိုမှုတိုးလာစေပါတယ် ဟု ၄င်းက ရှင်းပြပါသည်။ပြည်တွင်းအလုပ်သမားများ သ၀င်ရောက်လုပ်ကိုင်လိုစိတ်မရှိကြသော အလုပ်နယ်ပယ်များသို့ နိုင်ငံခြားမှအလုပ်သမားများက ၀င်ရောက်နေရာယူလုပ်ကိုင်နေကြသည်။ ပြီးခဲ့သောဆယ်စုအတွင်းစီးပွားရေးတိုးတက်လာသဖြင့် လူနေမှုစနစ် မြင့်မားလာသကဲ့သို့ ပြည်သူများ စာတက်မြောက်မှုနှုန်းလည်းသိသိသာသာ မြင့်တက်လာခဲ့သည်။ရေရှည်ခိုင်မြဲသောစီးပွားရေးဖွံဖြိုးမှု က ကာယ အခြေပြု လုပ်အား ထက် ၀င်ငွေမြင့်သော ဥာဏ အခြေပြု လုပ်အား တစ်ရပ်ကို ပိုမိုကျယ်ပြန့်လာစေခဲ့သည်။ ၁၉၈၀ခုနှစ်ကတည်းက မလေးရှားစီးပွားရေးသည် ပို့ကုန်အခြေပြု အထူးသဖြင့်တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှု ကဏ္ဍကို ဦးစားပေးလာသည်။ မလေးရှား ထုတ်ကုန် ဈေးနှုန်းများ ကမ္ဘာဈေးကွက်တွင်မျက်နှာပန်းလှစေရန် အတွက် အစိုးရက လုပ်ခလစာ ချိုသာသည့် ရွေ့ပြောင်းအလုပ်သမားအင်အားစုကို နေရာပေးခဲ့ပါ သည်။
ရလာဒ်အားဖြင့် ပြည်တွင်းထုတ်ကုန်လုပ်ငန်းများစန်းပွင့်ခဲ့ပြီး နိုင်ငံခြားအလုပ်သမားများ လည်း အဆက်မပြက်ဝင်ရောက်လုပ်ကိုင်လာခဲ့သည်။ ဤသို့ဖြင့် နိုင်ငံခြားအလုပ်သမားများ မှာ အလျင်အမြန်တိုးတက်နေသောမလေးရှားစီပွားရေး၏ အခြေခံအုတ်မြစ်များ သဖွယ်ဖြစ်လာခဲ့ပါသည်။လက်တလောကာလတွင် လည်း ပြည်တွင်း လုပ်သားများလက်ရှောင် သည့် အန္တရယ်ပြွန်းသော သန့်ရှင်းမှုမရှိသော အလုပ်နေရာများ သာမက မလေးရှားနိုင်ငံသားများနှင့်တန်းတူ ၀င်ရောက်လုပ်ကိုင်နေ ကြသည်။
မလေးရှားအစိုးရ၏ နိုင်ငံခြားအလုပ်သမားများကို အခြေခံသော စီးပွားရေးမဟာဗျူဟာများ က ခြောက်ပြစ်ကင်းသဲလဲစင်ပါ၏လော ဟု စီးပွားရေးပညာရှင်များက မေးခွန်းထုတ်လာခဲ့ကြ သည်။ ဈေးပေါထုတ်ကုန်များထုတ်လုပ်နိုင်ရန် နိုင်ငံခြားအလုပ်သမားအင်အားစုကို သွတ်သွင်းလာခြင်းထက် ပြည်တွင်း၌ တီထွင်ဖန်တီးမှုအားကောင်းသော ၊တန်ဖိုးမြင့်ထုတ်ကုန်များကိုဦးတည်ရေးကိုသာ ဖိအားပေးပြောင်းလဲစေသင့်ကြောင်းမလေးရှား စီးပွားရေးသုတေသန ဌာန မှ ပါမောက္ခ Datuk Dr Mohamed Ariff က တိုက်တွန်းပါသည်။
လုပ်အားခသက်သာသည့်နိုင်ငံခြားအလုပ်သမားများကို အားထား၇သည့် ဈေးပေါပို့ကုန်ထုတ်လုပ်ရေးမူဝါဒက ကမ္ဘာဘဏ်ကသတ်မှတ်ထားသည့်နိုင်ငံသားများ မြင့်မားသော ၀င်ငွေရရှိစေမည့် စီးပွားရေးကို တွန်းအားပေးနိုင်မှမဟုတ်ကြောင်း စီးပွားရေးပညာရှင် ထောက်ပြထားကြသည်။ အရည်အသွေးမပြည့်ဝသည့် ကာယအခြေပြု သော နိုင်ငံခြားသားအလုပ်သမား များ ဆက်လက်မြင့်တက်လာပါက ပြည်သူ့ လုံခြုံရေးကို ပင် ထိပါး လာနိုင်သည်ဟု ပင်ထောက်ပြလာခဲ့ကြသည်။
သို့သော် လည်းလက်တလောအခြေနေအရ နိုင်ငံခြားအလုပ်သမားများနှင့် အမှီကင်း အောင် မလေးရှားအစိုးရက ချက်ချင်းမဆောင်ရွက်နိုင်သေးပဲ ရေရှည် ၌ ရွေ့ပြောင်း လုပ်သားလိုအပ်ချက်ကို လျှော့ချနိုင်ရေး ကို သာဦးတည်ထားဖွယ်ရှိနေသည်။ အကယ်၍ နိုင်ငံခြားလုပ်သားများပေါ် ပေါ်လစီပြောင်းပါကလည်း မြေစာပင်ဖြစ်လာမည့်သူမှာ ဆောက်လုပ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း နှင့် စိုက်ပျိုးရေးလုပ်ငန်းတို့ဖြစ်ကြ သည်။
နိုင်ငံခြားအလုပ်သမား လျှောချနိုင်ရန်အသိမ်မွေ့ဆုံးနည်းလမ်းမှာ စီးပွားရေးလုပ်ငန်းများအား မတ်လုံးပေး စေ့ဆော်မှုများ နှင့် ကမ်းလှမ်းရေး ဟု စီးပွားရေး ပညာရှင်များက အဆိုပြုကြသည်။နည်းပညာ မြင့်စီးပွားရေးသို့တက်လှမ်းနိုင်လေလေ အရည်အသွေးနိမ့် လုပ်သားအင်အားစုကိုလျှောချနိုင်လေလေ ဟု Zahidi ကအကြံပေးသည်။
ကျွမ်းကျင် နိုင်ငံခြားသား ဥာဏအင်အားစု

မလေးရှား၏ နိုင်ငံခြားအလုပ်သမားများကို အသေအချာ အကဲခတ်ကြည့်မည်ဆိုလျှင် အားလုံးသောရွေ့ပြောင်းအလုပ်သမား များက အရည်အသွေးနိမ့်ကာယလုပ်သားချည်းမဟုတ်ကြပဲ ထူးချွန်သော သက်မွေးဝမ်းကြောင်း ပြု ဥာဏအင်အားစုတစ်ခုလည်း ရှိနေကြသည်။ အရည်အတွက်အာဖြင့်နည်းပါးကြသော်လည်း မလေးရှား၏ ထုတ်လုပ်စွမ်းရည်နှင့်ယှဉ်ပြိုင်စွမ်းမြင့်တင်ရာတွင် အဓိက နေရာမှပါဝင်နေကြသည်။
ဤသိုသော်ဘရည်သွေးမြင့်ကျွမ်းကျင်အင် အားစုအား တိုင်းပြည်သို့ ခေါ်ဆောင် လာခြင်းဖြင့် ပြည်တွင်း သို့ အသိပညာနှင့် ကျွမ်းကျင်မှုများ ၄င်းတို့မျှဝေပေးနိုင်မည် ဖြစ်သည်။ …ပြည်ပက ၀င်ရောက်လာတဲ့ ကျွမ်းကျင်ပ ညာ ရှင် တို့ကိုတော့ မလေးရှားအနေနဲ့ မဟန့်တားပဲကြိုဆိုပေးရမှာပါ ..မြင်သာတဲ့ပမာပေးရမယ်ဆိုရင် စင်ကာပူ၊ နဲ့ပင်လယ်ကွေ့ကတချို့နိုင်ငံတွေရဲ့ ဖွံ့ဖြိုးရေးအခင်း အကျင်းကြီးထဲမှာ တိုင်းခြားက၀င်ရောက်လာတဲ့ ကျွမ်းကျင်ပညာရှင်များရဲ့ အခန်းကဏ္ဍ က အတော့်ကိုကြီးမားပါတယ် အကောင်းမြင်သုံးသပ်မယ်ဆိုရင်တော့ နိုင်ငံခြားက ၀င်ရောက်လာတဲ့ ပညာရည်မြင့်သူ တွေဟာ တိုင်းပြည်ဖွံ့ဖြိုးရေးမှာ အဓိကကျတဲ့စွမ်းအား စုပဲဗျ ဟု စီးပွားရေးပညာရှင် Nor Zahidi Alias က ဆိုပါသည်။
၂၀၁၀-၂၀၁၁ ခုနှစ် စီးပွားရေးအစီရင်ခံအရ ပြီးခဲ့သောနှစ်ဇူလိုင်လ အထိ ဖေါ်ပြချက် ၌ပြည်ပ မှဝင်ရောက် လာသည့် ကျွမ်းကျင်အဆင့် အင်အားစုမှာ ရွေ့ပြောင်းလုပ်သားများ၏ ၂%ခန့်မျှ ( ၃၁၃၇၁ဦး) ရှိနေသည်။ ၄င်းတို့သည် ၀န်ဆောင်မှု လုပ်ငန်း ၌ ၆၄.၈% ၊ထုတ်လုပ်ရေးလုပ်ငန်း ၌ ၂၂.၂% ၊အသီးသီးလုပ်ကိုင်နေကြသည်။ ဤသို့သော ပညာရှင်များမှာ အိန္ဒိယ မှ (၁၇.၈% ) တရုတ်မှ ( ၁၀.၂%)နှင့် ဂျပန်မှ (၇%) တို့ဖြစ်သည်။
ပညာနှင့်ဖန်တီးမှု အားကောင်းသော စီးပွားရေး ထူထောင်နိုင်ရေး အား ရေရှည် စီမံကိန်းဖြင့် ပုံဖေါ်သွားရန် မလေးရှားအစိုးရရည်မှန်းထားသည်။သို့ဖြစ်ရာ မလေးရှား မှ ပုံဖေါ်မည့် စီးပွားရေးအတွက် ကျွမ်းကျင်အဆင့် အင်အားစုကို နိုင်ငံခြားမှ ၀င်ရောက်ရေးကို ယခုထက်ပိုမို လမ်းဖွင့်ပေးမည်မှာ တော့ သေချာလှပါသည်။
ညီမျှသောဟန်ချက်
လုပ်သားအင်အားစုဟန်ချက်ထိန်းနိုင်ရေးအတွက် အစိုးရမှ နိုင်ငံတွင်းရှိ အရည်သွေးနိမ့် ကာယလုပ်သား အရေအတွက်ကို တဖြည်ဖြည်းချင်လျှော့ချလျက်ရှိနေသည်။ မှတ်ပုံတင်နိုင်ငံခြာသား အလုပ်သမား အရေအတွက်ကို လွန်ခဲ့သော၂နှစ်အတွင်း စတင်ခဲ့ပြီး လာမည့် ၂၀၁၅ခုနှစ်တွင် ရွေ့ပြောင်းအလုပ်သမား အရေအတွက်ကို ၁.၅သန်းအထိလျှော့ ချသွားရန်ရည်မှန်းထားသည်။ သို့သော်လည်း ယင်းကာ စိန်ခေါ်မှုအထွေထွေ ကိုလည်းကျော်လွန်ရပေအုံးမည်။ စီးပွားရေးအသွင်ပြောင်းရေးကတော့ လွယ်လွယ်ကူကူတော့မဟုတ်ပါဘူး ၊ မူဝါဒပိုင်းအရကို အရည်အသွေးနိမ့် လုပ်သားအင်အားစုကိုလျောချဖို့ က ပေါ် လစီ ပိုင်းအရကို မဖြစ်နိုင်သေးပါဘူး အကြောင်းကတော့ နည်းပညာအခြေခံစက်မှုလုပ်ငန်းက မလေးရှားမှာ နည်းပါးနေလို့ပါ ကာယလုပ်သားအခြေခံတဲ့လုပ်ငန်းတွေကတော့ ဆက်လက်ဖြစ်ထွန်းနေအုံးမယ် ”ဟု စီးပွားရေးအကြံပေး Dr Vijayakumari Kanapathy ကသုံးသပ်သည်။ ဟန်ချက်ညီ ညီ ဖြစ်ဖို့ဆိုရင် တော့ ၊ဒီအခင်းအကျင်းထဲမှာ ဆက်စပ်နေသူအားလုံးက ရွေ့ပြောင်းလုပ်သားအင်အားစုအပေါ် မှီခိုလွန်းနေတာကိုလျှော့ ချနိုင်ရပါမယ်။ အာဏာပိုင်တွေ ကလည်း နိုင်ငံတွင်းသို့ တရားမ၀င် လုပ်သား ၀င်ရောက်နေတာ ကို ထိရောက် တဲ့ပိတ်ပင် နိုင်ရပါမယ်။ ဟု မလေးရှားကုန်သွယ်ရေး သမဂ္ဂ အကြီးအကဲ Mohd Jafar Abdul Majid က မှတ်ချက်ပေးပါသည်။ အချုပ်အားဖြင့်ဆိုရသော် ဈေးပေါသောအလုပ်သမားများပြည်ပကနေ တင်သွင်းမှုကိုအသားပေးသည့်မလေးရှားအစိုးရ၏ မူဝါဒများကို ပြောင်းလဲရေး နှင့် ၀င်ငွေမြင့်မား သောနည်းပညာစီးပွားရေးဆိုင်ရာအခြေခံအဆောက်အုံးများမြင့်တင်ရေးတို့ကို အာရုံစိုက်ရပေမည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ