.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Saturday, July 2, 2011

လူပေါင်းသန်းနှင့်ချီ သေဆုံးစေနိုင်သည့် ဥက္ကာခဲကြီးတစ်ခဲ ၂၀၃၆ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ကမ္ဘာပေါ်သို့ ကျရောက်မည်ဟု ခန့်မှန်း

တစ်နာရီလျှင် ၂၃,၀၀၀ မိုင်နှုန်းဖြင့် ဥက္ကာခဲကြီးတစ်ခဲသည် ကမ္ဘာမြေပေါ်သို့ ၂၀၃၆ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ကျရောက်နိုင်ပြီး လူပေါင်းသန်းနှင့်ချီလျက် သေကြစေကာ ကမ္ဘာပေါ်၌ အကြီးမားဆုံး ဘေးဒုက္ခ ကပ်ကြီး ဖြစ်ပေါ်စေနိုင်ကြောင်း၊သတင်း များက ဖော်ပြသည်။ ယခုအခါ၌ ကြယ်တံခွန်တစ်ခုအဖြစ်ရှိနေသော အဆိုပါ ဥက္ကာ ခဲကြီးသည် ၂၀၂၉ ခုနှစ် ဧပြီလတွင်မူလလမ်းကြောင်းမှ သွေဖယ်သွား ကာ နောက် ခုနှစ်အကြာ၌ ကမ္ဘာပေါ်သို့ ၀င်ရောက် တိုက်မိလိမ့် မည်ဟု ဆိုသည်။ ဗစသစ့ငျ အမည်ရှိ အဆိုပါ ဥက္ကာခဲသည် ၂၀၂၉ ခုနှစ်တွင် ကမ္ဘာမြေနှင့် အလွန်နီးကပ်ရာသို့ ရောက်ရှိလာမည်ဖြစ်သော်လည်း ၂၀၃၆ ခုနှစ်ကျမှသာ ကမ္ဘာသို့ ၀င်တိုက်လိမ့်မည်ဟု ဆိုသည်။ မူလလမ်းကြောင်းမှ သွေဖယ်သွား သည့် အဆိုပါ ဥက္ကာခဲသည် အလွန်ပြင်းထန်သော ကမ္ဘာမြေ၏ ဆွဲအား ကြောင့်ကမ္ဘာသို့ တည့်တည့်ဝင်တိုက်လိမ့်မည်ဟု ဆိုသည်။ ယင်းကဲ့သို့ ဥက္ကာခဲကြီး ကမ္ဘာသို့ ၀င်တိုက်နိုင်ခြေရှိကြောင်းကို နာဆာအဖွဲ့၏ စီမံချက် အကြီးအကဲတစ်ဦးဖြစ်သော ဒေါ်နယ်ယိုမန်က လက်ခံခဲ့သော်လည်း ရုရှား ပညာရှင်များ တွက်ချက်ထားသည့်အတိုင်း ၂၀၃၆ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ကမ္ဘာသို့ဝင်တိုက်မည်ဆိုခြင်းကိုမူ သူကမဖြစ်နိုင်ဟု ဆိုသည်။ သို့သော် ရုရှားနိုင်ငံ သိန့်ပီတာစဘတ် တက္ကသိုလ်မှ ပါမောက္ခ လီယိုနစ် ဆိုကိုလော့ဗ်ကမူ အဆိုပါ ဥက္ကာခဲသည် ၂၀၂၉ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ စတင်ကာ တစ်နာရီလျှင် ၃၇,၀၀၀ သို့မဟုတ် ၃၈,၀၀၀ ကီလိုမီတာနှုန်းဖြင့် ကမ္ဘာဆီသို့ ချည်းကပ်လာမည်ဟု ဆိုသည်။ ထိုကြောင့် ဥက္ကာခဲသည် ၂၀၃၆ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ကမ္ဘာသို့ ၀င်တိုက်လိမ့်မည်ဟု ဆိုသည်။ ရုရှားသိပ္ပံပညာရှင်များသည် လွန်ခဲ့သည့် ၁၄ လ အကြာက အစည်းအဝေးတစ်ရပ် ကျင်းပကာ အဆိုပါ ဥက္ကာခဲအား လမ်းကြောင်းလွှဲ နိုင်မည့်နည်းလမ်းကို စတင်ရှာဖွေနေပြီဟု ဆိုသည်။ သို့သော် အမေရိကန် ပညာရှင်များကမူ ယင်းကဲ့သို့ ၀င်တိုက်နိုင်ချေသည် ၂၅၀,၀၀၀ ပုံ တစ်ပုံသာ ရှိသည်ဟု ဆိုသည်။ ယင်ကဲ့သို့ ၀င်တိုက်မည်ဆိုလျှင်လည်း နာဆာအဖွဲ့သည် အဆိုပါ ဥက္ကာခဲသည် ၂၀၂၉ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ စတင်ကာ တစ်နာရီလျှင် ၃၇,၀၀၀ သို့မဟုတ် ၃၈,၀၀၀ ကီလိုမီတာနှုန်းဖြင့် ကမ္ဘာဆီသို့ ချည်းကပ်လာလိမ့်မည်ဟု ဆိုသည်။ ထိုကြောင့် ဥက္ကာခဲသည် ၂၀၃၆ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ကမ္ဘာသို့ ၀င်တိုက်လိမ့်မည်ဟု ဆိုသည်။ ရုရှားပညာရှင်များသည် လွန်ခဲ့သည့် ၁၄ လ အကြာက အစည်းအဝေးပွဲ တစ်ရပ် ကျင်းပကာ အဆိုပါ ဥက္ကာခဲအား လမ်းကြောင်းလွှဲနိုင်မည့် နည်းလမ်းကို စတင်ရှာဖွေနေပြီဟု ဆိုသည်။ သို့သော် အမေရိကန်ပညာရှင်များကမူ ယင်းကဲ့သို့ ၀င်တိုက်နိုင်ချေသည် ၂၅၀,၀၀၀ ပုံတစ်ပုံသာ ရှိသည်ဟု ဆိုသည်။ ယင်းကဲ့သို့ ၀င်တိုက်မည်ဆိုလျှင်လည်း နာဆာအဖွဲ့သည် အဆိုပါ ဥက္ကာခဲကို လမ်းကြောင်းလွှဲရန် လုပ်ဆောင်နိုင်လိမ့်မည်ဟု ဆိုသည်။ အလွယ်ကူဆုံး နည်းလမ်းမှာ လူလိုက်ပါမှုမရှိသော အာကာသယာဉ် လွှတ်ကာ ဥက္ကာခဲကို ၀င်တိုက်စေလျက် လမ်းကြောင်းလွှဲအောင် လုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။
ို

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ