.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Thursday, June 30, 2011

မလေးရှား အိုဗာစတေး သမားများအတွက် ယနေ့ နောက်ဆက်တွဲသတင်း ၂ အသေးစိတ်


မင်္ဂလာပါ

အိုဗာစတေး သမားများအတွက် ယနေ့ ကုမဏီများကိုဖိတ်ခေါ်ပြီး တရားဝင် ဆောင်ရွက်ဆောင်များကို ကြော်ငြာ ခြင်း ။လက်ဗွေနှိပ်မည့်စက်များကို လျှောက်ထားမှု့များလက်ခံခြင်းများကို ဆောင်ရွက်ဖို့ လျှောက်လွှာများ သတ်မှတ်ချက်များကိုယနေ့ ကုမဏီများ နှင့် Seminer မှာ ပြုလုပ်သွားခဲ့ပါတယ် ။

အိုဗာစတေးသမားများအနေဖြင့် ပါမစ်ပြန်လည်လျှောက်ထားမည်ဖြစ်စေ ၊ မြန်မာပြည်သို့ပြန်မည်ဖြစ်စေ မဖြစ်မနေ လုပ်ရမည့်
ပထမဆုံးဆောင်ရွက်မှု့မှာ Registration - လူဝင်မှု့ကြီးကြပ်ရေးမှ တရားဝင်သတ်မှတ်ထားတဲ့ စာရွက်ကပ်ထားတဲ့ နေရာများမှာ
လက်ဗွေနှိပ်ပြီး ယာယီနေထိုင်ခွင့်ပါမစ် ထုတ်ယူရန်ဖြစ်ပါတယ် ။

လက်ဗွေ နှိပ်ပြီးသည်နှင့် ယာယီနေထိုင်ခွင့် နှင့် စစ်ဆေးရန် ကွန်ပျူတာ ဘားကုတ်စနစ်ပါသော ပါမစ်စာရွက်ကို စာရွက်စာတမ်း ပြည့်စုံသည်ဖြစ်စေ မစုံသည်ဖြစ်စေ ရယူနိုင်မည်ဖြစ်ပါတယ် ။ 

ထိုမှတစ်ဆင့် ပြန်မည် ၊ ပါမစ်ပြန်လျှောက်မည် စသည်ဖြင့် ၂ ခြမ်းခွဲသွားမည်ဖြစ်ပါတယ် ။ ပါမစ်ပြန်လျှောက်မည့်သူများအနေနဲ့
မိမိတို့ကို ထောက်ခံမည် သူဌေး သို့ ကုမ္မဏီ ရှိရမည်ဖြစ်ပါတယ် ။ ပြန်မည့်သူများအနေနဲ့ ယာ ယီနေထိုင်ခွင့်ပါမစ်ဖြင့် ဆိုင်ရာ နိုင်ငံအလိုက်သံရုံးများမှာ CI ( Certificate of Identification  ) လျှောက်ထားပြီး ပြန်နိုင်မည်ဖြစ်သည်ဟု သိရပါတယ် ။ ယခင်ဖော်ပြထားတဲ့ အတိုင်းထက် ပိုလာတာက လက်ဗွေနှိပ်ပြီး ယာယီပါမစ် ထုတ်ပြီးမှသာ အဆင့်အားလုံးဆောင်ရွက်ရမည်ဖြစ်ပါတယ်။

မလေးရှားလူဝင်မှု့ကြီးကြပ်ရေး ဌာန နဲ့ သတ်မှတ်ထားတဲ့ ကုမဏီ ၊ ထိုကုမဏီင်္များရဲ့ ရွေးချယ်မည့် နေရာများမှာ မည်သူမဆို လက်ဗွေ နှိပ်မှတ်ပုံတင်ရန် ဖြစ်ပါတယ် ။

ဒုတိယ ကုန်ကျမည့် စရိတ်စက အ၀၀ ကို ၆.၇.၂၀၁၁ ထုတ်မည့်  မလေးရှား ထုတ် စတား သတင်းစာတွေမှာ သိရှိရမှာဖြစ်ပါတယ် ။ယခင် ၁ ရက်နေ့ ဟု ပြောကြားခဲ့သော်လည်း ယနေ့အထိ မည်သည့်ကုမဏီ ၊ အဖွဲ့အစည်း ၊ ကမှတိကျသော  ဈေးနှုန်း ထုတ်ပြန်နိုင်မည်မဟုတ်ပါ ။

ထိုနေ့မှာပဲ လုပ်ကိုင်ခွင့်ရမည့် ကုမဏီများကို ကြော်ငြာသွားမည်ဖြစ်ပြီး ထိုကုမဏီများမှ လူမှု့အဖွဲ့စည်များ သတ်မှတ်နေရာများ စသည်ဖြင့် တဆင့် ခွဲထုတ် လုပ်ဆောင်သွားရမည်ဖြစ်ပါတယ် ။

လျှောက်ထားတဲ့ သူများအနေ နှင့်ရော အိုဗာစတေး သမားများအားလုံး အတွက် ယခု စီမံချက်သည်
မလေးရှားအစိုးရ၏ နှစ် ၂၀ အတွင်း အသေးစိတ် စီစဉ်ထားသော စီမံချက်များဖြစ်ပြီး ယခင်ယခင် စီများချက်များထက် ပြည့်စုံသည့် 6p ဖြစ်သည်ကို ကျွန်တော်ရှင်းပြခဲ့ပြီးပါပြီ ။ ကျွန်တော်တို့ ထံမှာသာ မဟုတ် မည်သည့် အစိုးရသတ်မှတ်သည့် နေရာတွင်မဆို လက်ဗွေနှိပ် မှတ်ပုံတင်ရန် လိုအပ်ပါတယ် ယနေ့ အစည်းအဝေးသော တက်ရောက်သော ကုမဏီ အားလုံး ၂၆၀ ခန့်ရှိပြီး ထိုကုမဏီများထဲမှ လက်ဗွေနှပ်ခွင့်ရရန် ပေးဆောင်ရမည့် စရံငွေ ပမာဏများပေးဆောင်ပြီး သည်နှင့် သတင်းစာများမှာ ကြော်ငြာသွားမည်ဖြစ်ပါတယ် ။

လျှောက်ထားသူများအားလုံး ယနေ့ အထိ မည်သို့သော အချက်လက်များလိုမည် ။ သူဌေးထောက်ခံရှိမှရမည် ။ မရှိလဲရသည် ။ စာရွက်စာတမ်း ရှိရမည် ။ မရှိလျှင် ရမရ ။ ဆိုသော မေးခွန်းများကို ကျွန်တော် ယခုတိုင်ဖြေကြားနေရဆဲပါ ။

အောက်ပါအတိုင်းဖြစ်ပါတယ်

၁. မလေးရှားတွင် လက်ရှိ အလုပ်လုပ်ကိုင်နေသော သူများအနေဖြင့် ပစတ်ပို့မူရင်းရှိသူများအတွက် မူရင်း နှင့်  မိတ္တူ နှင့် ပါမစ်မိတ္တူ
    အဓိကလိုအပ်ပါတယ် ။ထို စာရွက်စာတမ်းများ လက်ဝယ်မရှိပါက ပါတ်စို့နံပတ်ပြောပြနိုင်ရုံ ရှိပါက မြန်မာပြည်မှထုတ်ပေးထားသော       မှတ်ပုံတင် ၊  အိမ်ထောင်စုစာရင်း နှင့် ရပ်ကွက်ရဲစခန်းထောက်ခံစာ များရှိထားရန် လိုပါတယ် ။

နောက်မေးခွန်းတစ်ခု ဖြစ်တဲ့ လက်ထဲမှာ မိတ္တူ မျှပင်မရှိပဲ နံပတ်သာသိသော သူများအနေဖြင့် လက်ဗွေနှိပ် မှတ်ပုံတင်သော အဆင့်တွင်တော့ ရနိုင်မည်ဖြစ်ပြီး ပါမစ်နှင့် ပတ်စပို့ ပြန်လည်လျှောက်ထားမည်ဆိုပါက နံပတ်သိရုံမျှဖြင့် ရနိုင်မည်မဟုတ်ပါ ။ထို့ကြောင့် မှတ်ပုံတင် ၊ အိမ်ထောက်စု စာရင်း ၊ ရပ်ကွက်ရဲစခန်းမှ နေထိုင်ကြောင်းမှန်ကန်သည့် ထောက်ခံစာများလိုအပ်ပါတယ် ။

ပတ်စပို့မရှိသောသူများ ၊ ပျောက်ဆုံးသောသူများ ၊ အတွက် မှတ်ပုံတင် ၊ အိမ်ထောက်စုစာရင်း ၊ ရပ်ကွက်ရဲစခန်းမှ ထောက်ခံစာများရှိမှသာ ပတ်စပို့ပြန်လည်လျှောက်ထားခွင့် ရှိမည်မည်ဖြစ်ပါတယ် ။ထိုအချက်များမှ အားလုံးမရှိသူများဆိုလျှင်တောင် အနည်းဆုံး ၂ ခုတော့ လိုအပ်မည်ဟု တာဝန်ရှိသူများမှ ဖြေကြားထားပေးပြီးဖြစ်ပါတယ် ။

၂. မလေးရှား သူဌေးများ၏ ထောက်ခံချက်လိုအပ်ပါသလားဆိုသည်ကိုဖြေရမည်ဆိုပါက
    ရှိလျှင် ကောင်းပါတယ် ။ ထိုသူဌေးများ၏ ထောက်ခံချက် တင်လိုသည်မဟုတ်ပါ လုပ်ငန်းရှင်သူဌေးမှ နိုင်ငံခြား အလုပ်သမား ခေါ်ယူလုပ်ကိုင်ခွင့်ရှိသော ကုမဏီများအတွက်သာ ထိုကုမဏီ၏ လိပ်စာအတိုင်း ပါမစ်ရရှိမည်ဖြစ်ပြီး နိုင်ငံခြားသား အလုပ်သမားခေါ်ယူ အသုံးပြုခွင့်မရှိသော ကုမဏီများ စားသောက်ဆိုင်ငယ်များ အတွက်မူ သူဌေး မှ Human Resource ကုမဏီများ၏ အကူအညီဖြင့် အလုပ်သမားများအတွက် ပါမစ်လျှောက်ထားပေးရမည်ဖြစ်ပါတယ် ။ ထိုကိစ္စများအတွက် သတ်မှတ်ကုမဏီင်္များကသာ ဆောင်ရွက်ခွင့်ရှိပါလိမ့်မယ် ။ ထိုကုမဏီများသာ ငွေကြေးကောက်ခံခွင့်ရရှိမည်ဖြစ်ပါတယ် ။ မည်သို့သော သူဌေးဖြစ်ပါစေ နိုင်ငံခြားသား အိုဗာစတေးသမားများအတွက် မဖြစ်မနေ လျှောက်ထားပေးရန် မှတ်ပုံတင်ရန်လိုပြီး ထိုသို့မဆောင်ရွက်ပါက ပစ်ဒဏ်နှင့် ဒဏ်ငွေ ၂ မျိုးကို ကျခံရမည်ဖြစ်ကြောင်း သိရှိရပါတယ် ။

ထိုနည်းတူစွာ ယခု 6 Project (6P) အတွင်း မှတ်ပုံတင်ခြင်းမရှိသော အိုဗားစတေး အလုပ်သမားများအနေဖြင့် လည်း ကြီးလေးသော ပစ်ဒဏ်များရှိကြောင်းကို မလေးရှားထုတ်သတင်းစာများတွင် ဖော်ပြပြီးဖြစ်ပါတယ် ။

စီမံချက် အဆင့် ၆ ဆင့်မှာ

1 . Pendaftaran - Registration ( လက်ဗွေနှိပ်မှတ်ပုံတင်ခြင်းနှင့် အချက်လက်များရေးသွင်းခြင်း ပထမအဆင့် )
2.  Pemutihan - Legalization ( ပါမစ်ပြန်လည်လျှောက်ထားခွင့်ပြုခြင်း - သတ်မှတ်ကုမဏီများဖြင့် )
3.  Pengampunan - Amnesty ( သက်ညှာခွင့်ဖြစ့် ပစ်ဒဏ်မဲ့ တိုင်းပြည်မှထွက်ခွင့်ပြုခြင်း )
4.  Pemantauan - Supervision ( ရွေးချယ်ခွင့်ပြုခြင်း )
5.  Penguatkuasaan - Enforcement ( ဥပဒေအရ ရှာဖွေ ဖမ်းဆီးခြင်း ပစ်ဒဏ်ပေးခြင်း )
6.  Pengusiran - Deportation ( နေရပ်သို့ပြန်လည်ပို့ဆောင်ခြင်း )
     ( 6P ) 

စသည်တို့ဖြစ်ပါတယ်

ပြန်မည့်သူများ ရော ပါမစ်ပြန်လည်လှောက်ထားသူများအားလုံး အတွက် မှတ်ပုံတင် လက်ဗွေနှိပ်ပြီး သည်နှင့် ယာယီပါမစ် ရရှိမည်ဖြစ်ပါတယ် ။ ထိုယာယီနေထိုင်ခွင့် နှင့်အတူ မည်သည့်အဖမ်းအဆီး မဆို ကင်းလွတ်မည်ဖြစ်ကြောင်းသိရပါတယ်။

ယာယီပါမစ်သက်တမ်းမှာ ယနေ့အထိ ၃ လ ဟု သိရှိထားပါတယ် ။ မလေးရှားအစိုးရ မှ သတ်မှတ်ကန့်သတ်ရက်ပြောင်းခဲ့ပါက ပြောင်းလဲ နိုင်ပါတယ် ။

အားလုံးအတွက် မဖြစ်မနေ သိရန် လိုသော နေ့မှာ လက်ဗွေ နှိပ် မှတ်ပုံတင်ယူခြင်း အဆင့်ဖြစ်သော 6P Project ၏ ပထမဆုံးအဆင့် စတင်မည့်နေ့မှာ 11.7.2011 မှ ၂ ပတ်အတွင်း 24.7.2011 မှာ အဆုံးသတ်မည်ဖြစ်ပါတယ် ။

ကျွန်တော်တာဝန်ယူသော ကိစ္စ အရပ်ရပ်အတွက်မူ တာဝန်အရှိဆုံး တစ်ယောက်မှ ကျွန်တော်သာလျှင် ဖြစ်ပါတယ် ။

လျှောက်လွှာရောင်းမစားခဲ့ပါ ယနေ့ ဧဒင်မှ လျှောက်လွှာတင်သောသူများမှ ပထမဆုံး လျှောက်လွှာတင်ထားခဲ့သူများ အားလုံးသိရှိပြီးဖြစ်ပါတယ် အစပိုင်းမှာ ကျွန်တော် ငွေကြေး မယူပါ ။ များပြားသော လူအရေအတွက်အတွက် ဖုန်းပြန်လည်ခေါ်ဆိုရန် ၊ စာရွက်စာတမ်းများ အတွက် လိုအပ်ပါက ပြန်လည်ဖြည့်သွင်းရန် ၊ အမှတ်စဉ်ထုတ်ပေးသော စနစ်အတွက် လိုအပ်ချက်များ စသောကိစ္စများအတွက်သာ ကောက်ခံခြင်းဖြစ်ကြောင်းလျှောက်ထားသူတိုင်း သိရှိပြီးဖြစ်ပါတယ် ။ ထိုအတွက် ကိုယ်ရေးကိုယ်တာ သုံးရန်ငွေကြေး ၊ သို့မဟုတ် စီမံချက်အတွက် စရံငွေ အဖြစ် မကောက်ခံထားကြောင်း ရှင်းလင်းထားပြီးဖြစ်ပါတယ် ။

စေတနာ အလျှောက် နိုင်နင်းသောဝန်တာကို ထမ်းနိုင်ပေမည့် များပြားသော ပမာဏ ဖြစ်လာသောအခါ ကျွန်တော် အတွက် ၀န်တာ ကြီးလေးပါတယ် ။ မနိုင်ဝန်ထမ်းခြင်းအတွက် မူ ကျွန်တော် မည်သို့သော အခြေအနေတွင်မှ လုပ်မည်မဟုတ်ပါ ။ သတ်မှတ်ကာလ အတွင်းထောင်ပေါင်းများစွာသော လျှောက်ထားသူများအတွက် အဆက်အသွယ်ပြုလုပ်ရန် အတွက်မူ နိုင်နင်းစွာဆောင်ရွက်နိုင်သော စနစ်တစ်ခု ရှိရန် အလွန်အရေးကြီးပါသည် ။ ထို စနစ်အတွက် ကျွန်တော်တို့ ပြင်ဆင်ထားပြီးဖြစ်ပါတယ် ။

ငွေကြေးဆုံးရှုံးမှု့ ဖြစ်ရန် အကြောင်းလည်း မရှိပါ ယနေ့အထိ စရံငွေယူ၍ လုံးဝ လုံးဝ မတောင်းဆိုထားပါ ။ လက်ဗွေနှိပ်သောအခါ ယာယီနေထိုင်ခွင့် ၃ လ ပါမစ် ( ယနေ့အထိ သတ်မှတ်ချက် ) ထုတ်ပေးနိုင်မှသာ ငွေကြေးပေးသွင်းရမည်ဖြစ်ပါတယ် ။

ငွေကြေးပေးသွင်းခြင်းအတွက် ခွင့်ပြုမှသာ ကောက်ခံခွင့်ရှိပါတယ် ခွင့်မပြုပါက ကောက်ခံခွင့်မရှိပါ ထို့အတွက် မလေးအစိုးရ သတ်မှတ်ခွင့်ပြုချက်ရမှသာ ဆောင်ရွက်ရမည်ဖြစ်ပါတယ် ။

ပါမစ်ရရှိခြင်း ၊ မရရှိခြင်း အတွက် ဆုံးဖြတ်ချက် အားလုံးသည် အစိုးရ ဆုံးဖြတ်ချက်ဖြစ်ပါတယ် ။ ပါမစ်လျှောက်ထားမှသာ ငွေကြေး ပေးသွင်းရမည်ဖြစ်ကြောင်းအားလုံးသို့ ပြေားထားပြီးဖြစ်သည် ။

ယနေ့ ဧဒင်ဥယျာဉ်မှူးတစ်ယောက် အနေနဲ့ရော တာဝန်ယူဆောင်ရွက်ပေးသော တာဝန်ခံတစ်ယောက်အနေဖြင့်ပါ ပြောရလျှင် အိုဗာစတေး သမားများအတွက် မှန်ကန်သော သတင်းအချက်လက်ရရှိရေးသည် ပထမဦးစားပေးအချက်ဖြစ်ပါတယ် ။

ကျွန်တော်တည်ရှိရာတွင် လျှောက်သည်ဖြစ်စေ မလျှောက်သည်ဖြစ်စေ မှန်ကန်သော အချက်လက်များကိုသာ ကျွန်တော် ဖော်ပြမည်ဖြစ်ပါတယ် ကျွန်တော်အတွက် ထူးပြီးတော့တော့ မဆွဲဆောင်ပါ ။ အစစ မေးမြန်းစုံစမ်းနိုင်ရန် တည်ရှိရာနေရာ ဆက်သွယ်မေးမြန်းသော ဖုန်းနံပတ်များ ကိုတော့ ထည့်သွင်းဖော်ပြခွင့်ရှိသည်ဟု ယူဆပြီး ဖော်ပြပါတယ် ။

ယနေ့အထိ မေးမြန်းမှု့ အားလုံး သောင်းကျော်ရှိခဲ့ပြီး လျှောက်ထားသူ အရေတွက် ထောင်ပေါင်းများစွာ ရှိပြီး ဖြစ်ပါတယ် ။ထိုသူများ ငွေကြေး ဆိုင်ရာ စိုးရိမ်မှု့များ ရှိနိုင်သည်ကို သိပါသည် ။ ဖြေလည်းဖြေကြားပြီးပါပြီ မလေးနိုင်ငံသားလုပ်ငန်းရှင်များကိုလည်း ထိုနည်းတူ ဖြေကြားထားခဲ့ပါတယ် ။ သတင်းဌာနများမှ စုံစမ်းမေးမြန်းမှု့ အားလုံးကိုလည်းထိုနည်းတူသိသလောက်ဖြေကြားထားခဲ့ပါတယ် ။

ကျွန်တော် သိရှိရသော အချက်လက်များကို ရေးသားခဲ့သည် မှလွဲ၍ မည်သည့် ဆွဲဆောင်မှု့ ဖိအားပေးမှု့များကိုမှ မပြုလုပ်ထားပါ မိမိစိတ်ထက်သန်ရာ နေရာများတွင် ဆောင်ရွက်နိုင်ကြပါတယ် ။ ကျွန်တော် တာဝန်ယူသော နေရာတွင်သာ ကျွန်တော် တာဝန်ရှိပါတယ် ထိုအတွက် ဖြစ်သမျှသော အဆိုးအကောင်း ၊ ပြဿများအားလုံး ကို တာဝန်ယူရမည့်သူတစ်ယောက် ဖြစ်လျှင်းလည်း ရှောင်ပြေးမည်မဟုတ်ပါ ။

၆ ရက်နေ့ မှသာ တရားဝင်သတ်မှတ်ချက် ထွက်လာမည်ဖြစ်ပြီး ဈေးနှုန်း ပါ အပြီး သိရှိရမည်ဖြစ်ကြောင်း အသိပေးပါတယ် ။ထို့နောက်မှသာလျှင် ဈေးနှုန်း များဖော်ပြခွင့်ရှိပါတယ် ။

နောက်တစ်ခု သိရှိရန် လိုသည်မှာ မည်သည့်အိုဗာစတေး အမျိုးအစား မဆို လျှောက်ထားခွင့်ရှိပါတယ် ။
အလည်အပတ်ဗီဇာဖြင့် အိုဗာစတေး ဖြစ်ပြီး ပါမစ်ပြန်လည်လျောက်ထားပါက ဇွန်လ ၂၀၁၁ နောက်ပိုင်းရောက်ရှိလာသော 
အလည်အပတ်ဗီဇာ ဖြင့် ၀င်ရောက်ပြီး လက်ညှိုးလက်ဗွေ နှိပ်၍ ၀င်ရောက်လာသူများ ပါမစ်လျှောက်ထားနိုင်မည်မဟုတ်ပါ ။

ဝင်ရောက်လာသူများမှ လက်ညှိုးလက်ဗွေ နှိပ်ထားသော အလည် ဗီဇာသမားများ လျှောက်ထားနိုင်မည်မဟုတ်ပါ ။
မြန်မာပြည်မှ အလုပ်သမားများ မလေးရှားသို့ ၀င်ရောက်ခြင်းကို ၁.၇.၂၀၁၁ မှ ၆ လ တိတိ ပိတ်ပင်ထားသည်ကို ကြော်ငြာထားပြီးဖြစ်သကဲ့သို့ ဆက်လက်ပြီး ယခု စီမံချက်အတွက်အလည်ဗီဇာဖြင့်လာရောက်လျှောက်ထားခိုင်းသော မြန်မာနိုင်ငံမှ ကုမဏီများ ရှိပါက ထိုသို့ မစေလွှတ်သင့်ကြောင်း သိရှိရသော အချက်လက်များအားလုံး ကိုးကားပြီး အကြံပြုပါတယ် ။ ယနေ့ မလေးရှားနိုင်ငံ သို့အ၀င်လေဆိပ် ၊ သဘောင်္ဆိပ်များတွင် နိုင်ငံခြားသားတိုင်း အလည်ဗီဇာ ဖြစ်စေ ၊ အလုပ်ပါမစ် ဗီဇာဖြစ်စေ ၀င်ရောက်ပါကBio-Matrix  စနစ် အသုံးပြုပြီး လက်ညှိုးလက်ဗွေ ရယူ နေသည်ကို အားလုံး သိရှိထားရန်လိုပါတယ် ။ သာမာန် အလုပ်သမားများလေဆိပ်တွင် လက်ဗွေနှိပ်ထားသော်လည်းအိုဗာစတေးဖြစ်နေသူမည်သည့်အလုပ်သမားမဆို လျှောက်ထားနိုင်ပါတယ် ။

ပတ်စပို့စာအုပ်အတွက် ကုန်ကျစရိတ်အ၀၀ ကို အမျိုးအစားအလိုက် သတ်မှတ်ကြော်ငြာပေးမည်ဖြစ်ကြောင်း သံရုံးတာဝန်ရှိသူများမှပြောကြားထားပါတယ် ထို့အတွက် တရားဝင်သတ်မှတ်ထားသော ကုန်ကျစရိတ်များ ကို မလေးရှားထုတ်  မြန်မာစာစောင်များတွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်းလဲ ပြောကြားထားပါတယ် ။

ပါမစ်အတွက် ကုန်ကျစရိတ်များကို ယနေ့ မလေးအစိုးရ တရားဝင်ကျင်းပသော ကုမဏီများ အစည်းအဝေးသို့ တက်ရောက်ခဲ့သော ဆောင်ရွက်ခွင့်လျှောက်ထားသည့် ကုမဏီများမှ ပြောကြားချက်အရ ဇွန်လ ၆ ရက် ( ၆.၇.၂၀၁၁ ) မှသာ အတည်အလင်းကြော်ငြာမည်ဖြစ်ကြောင်း သိရှိရပါတယ် ။

ကျွန်တော်ရေးသားထားသော အချက်လက်များသည် မလေးရှားမှ တာဝန်ယူဆောင်ရွက်မည့် ကုမဏီများသို့ မေးမြန်းထားသော အချက်လက်များကို အိုဗာစတေး သမားအားလုံး သိရှိရန် စုပေါင်းဖော်ပြထားခြင်း ဖြစ်ပြီး တစ်နေရာတည်းမေးမြန်းသည်ထက် ပိုမိုသိရှိနိုင်ရန် ဧဒင်မှာရော မေးမြန်းသူ များအားလုံး ကို ဖြေကြားခြင်းဖြစ်ပါတယ် ။

စုံစမ်းမေးမြန်းရန် ( သို့ ) လျှောက်လွှာဖြည့်သွင်းရန်

မဟာနန်း လုပ်ငန်းစု အပေါ်ဆုံးထပ်

ဖုန်း - ၀၃ ၂၀၂၆၀၂၀၈ ၊ ၀၁၄ ၃၄၁၄၆၁၃ ၊ ၀၁၀ ၅၃၃၇၇၇၇ ၊ ၀၁၆ ၉၁၉၃၇၅၆ ၊ ၀၁၂ ၃၈၇၁၇၅၉ ၊ ၀၁၄ ၂၃၁၈၂၁၀ ။

မှတ်ချက် ။    ။ အိုဗာစတေး သမားများအတွက် အမြင်လွဲမှားစေရန် ယုံကြည်မှု့ကင်းမဲ့စေရန် ရေးသားသောစာများ ၊ကောက့်မက်များမည်သည့် ဧဒင်ဥယျာဉ်မှ တာဝန်ရှိသူ ( Admin ) များမဆို ၊ မည်သည့်အဖွဲ့ဝင်များမဆို ရေးသားပါက ဖျက်သိမ်းမည် ၊ကျွန်တော့်ထံ တိုက်ရိုက် ဆက်သွယ်နိုင်သည် ။ မေးမြန်းနိုင်သည် ။ ယနေ့အထိ ဖြေကြားဆောင်ရွက်ခဲ့ပြီဖြစ်သည် ။

                       မဟာနန်း အတွက် ကိစ္စ အ၀၀ မဟာနန်းသို့ တိုက်ရိုက် ဆက်သွယ်နိုင်ပါသည် ။
                       အိုဗာစတေး သမားများအတွက် မည်သည့် ကိုယ်ရေးကိုယ်တာ ကိစ္စ ကိုမျှ ခွင့်ပြုမည်မဟုတ်ပါ ။
                       ကျွန်တော် ယနေ့အထိ မည်သည့် အလုပ်သမား ။ ပွဲစား ကိစ္စ ကိုမျှ ငွေကြေးဖြင့်မဆောင်ရွက်ပါ ။
                       ထပ်မံထိခိုက်သော ကိုယ်ရေးကိုတာ ကိစ္စ ရပ်များ အတွက် ဧဒင်ဥယျာဉ် စာမျက်နှာများတွင် ကျွန်တော် ခွင့်မပြုပါ ။
                       မည်သည့်ကိုရေးကိုယ်တာ ကိစ္စ ကိုမှ ဧဒင်တွင် တင်ခွင့်မပြု ပါ ကိုယ်တိုင် ဖြေရှင်းရန် အသိပေးပါသည် ။

ယခု အချိန်သည် အိုဗာစတေးသမားများအတွက် အစစ ဆုံးဖြတ်ရန်လိုသော အချိန်ဖြစ်တာကြောင့် အားလုံး သိရှိမည့် အချက်အလက် ။မှန်ကန်မှု့ ရှိမရှိ ၊ ငွေကြေး ပမာဏများ အားလုံး အားလုံး မည်သူမျှ အတိအကျ ပြောရန် အချိန်မဟုတ်ကြောင်း အားလုံးသိရှိရန်လိုသည် ။ယခု ဘလော့ ပြီး တရားဝင်လိုင်စင် ရ လုပ်ကိုင်ခွင့်ရှိသော ကုမဏီများ နှင့် နေရာများသတ်မှတ်ပြီးမှသာ ဆက်လက် အသိပေးမည် ။
တာဝန်ယူမှု့ အတွက် ကျွန်တော်တည်ရှိရာ နေရာကို တာဝန်ယူသည် ။ ငွေကြေး ကိစ္စ များ အတွက် မည်သည့်နေရာတွင်မှယခု 6P စီမံချက် အတွက် ကောက်ခံခွင့်မရှိသေးပါ ။

၆.၇. ၂၀၁၁ တွင် အပြီးသတ်ထုတ်ပြန်မည်ဟု သိရှိရပါသည် ။

KOMYO
ဥယျာဉ်မှူး

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ