.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Thursday, June 30, 2011

မြိတ်မြို့ မှသက်ဆိုင်ရာလူကြီးများနှင့်နိုင်ငံတာဝန်ရှိသူများ သိစေရန်....


ကျွန်တော်တို့ဟာ တနသာင်္ရီတိုင်း၊ မြိတ်မြို့ ၊ကလွင်ရွာမအတွင်းရှိ ကလွင်စုံခေါင်းအရပ် အတွင်းမှီတင်းနေထိုင်သူများဖြစ်ပါတယ်။ ကျွန်တော်တို့   ကလွင်စုံခေါင်းရပ်ကွက်တွင် အုပ်ချူပ်ရေးမှူးဖြစ်နေတဲ့ ဦးသန်းလွင်ဟာ မြို့နယ်အုပ်ချူပ်ရေးမှူး ရဲ့ အရှိန်ဝါကိုယူပြီး
ရပ်ကွက်နယ်မြေမှာ သောင်းကျန်းနေတာ လူတိုင်းသိပေမဲ့ မပြောရဲကြပါဘူး…။ တကယ့်ကို အထက်ဖားအောက်ဖိ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ လူပါ…။ ရပ်ကွက်အတွင်းမှာ မြေအရောင်းဝယ်လုပ်ရင် အနဲဆုံး (၁၂၀၀၀၀) တစ်သိန်းနှစ်သောင်းကျပ်မပေးရင်း လုပ် မပေးပါဘူး…။ (၁၀၀)ပေပတ်လည် ပိုင်ရှင်ရှိမြေကို မြေစာရင်းဝန်ထမ်း နှင့်ပေါင်းကာ အနီးနားနေ လူ (၁၀) ဦးလောက်ကို လက်မှတ်အတင်းထိုးခိုင်း ပိုင်ရှင်မဲ့လုပ်ပြီး (စ.အ.ဖ) အဖွဲ့ မှ နယ်မြေမှူးအဆင့်ရှိသူ (၂) ယောက်ကိုအပိုင်ပေးပြီး လဘ်ထိုးတာ ဦးသန်းလွင်ပါပဲ…။
 ရပ်ကွက်အတွင်းရှိလူများထံမှ နည်းမျိုးစုံဖြင့် အနိုင်ကျင့်ငွေကောက်ခံပြီး မြို့ နယ်အုပ်ချူပ်ရေးမှူးရဲ့  လိုအင်ဟူသမျှကို နေ့ ညမရွေး ဖြည့်ပေးနေလို့  အရပ်သူအရပ်သားများဟာ အတော်ကို စိတ်သောက ရောက်နေကြရပါတယ်။
“ငါဘယ်တော့မှမပြုပ်ဘူး အားလုံးကို သေချာစီစဉ်ပြီးသား“ … လို့ အမြဲ ကြွားလေ့ရှိသူပါ။ ရပ်ကွက်နေလူများကိုလည်း ငါသတင်းပေးလိုက်ရင် မင်းတို့ ဘာဖြစ်သွားနိုင်တယ်ဆိုတဲ့စကားနဲ့ အမြဲခြိမ်းခြောက် အနိုင်ကျင့်လေ့ရှိပါတယ်..။ရပ်ကွက်သူ/သားများ ထံမှမတရားအနိုင်ကျင့်လို့
ရတဲ့ငွေနဲ့  အထက်လူကြီးတွေကို အမြဲပူဇော်ပသနေတော့ လူကြီးများကလည်း အမြဲ သူ့ ဘက်မှာပါ။ သူလုပ်တာကို ပြန်ပြောရင်တော့ဝန်ခံလက်မှတ်ထိုးခိုင်းပြီသာမှတ်တော့လို့ ကျူံးဝါးထားတော့ ဘယ်သူမှ ပြန်မပြောရဲ့ ကြပါဘူး…။
ရွေးကောက်ပွဲပြီးလျှင် သူပြုပ်ပြီထင်လို့ လက်ရှိအစိုးရကို မဲပေးပြီး အနိုင်ရလာတော့လည်း အလကားပါပဲ..။ ရပ်ကွက်နေလူများထံ သူငွေချေးလို့ မပေးရင်တော့ ပြသနာအမျိုးမျိုးရှာကာ နှိပ်ကွပ်တတ်ပါတယ်…။ ရပ်ကွက်ရုံးမှာ မိုးထားတဲ့ သွပ်ပြားများကိုပင် ယူကာ သူ့ အိမ်တွင် မိုးရဲ သူပါ။ သူဆေးရုံတက်ချိန်ကလည်း သူ့ တပည့်များဟာ ရပ်ကွက်ရုံးမှ မရရတဲ့နည်းဖြင့်ငွေရှာပြီးပို့
 ပေးကြရပါတယ်။ သူလက်အောက်ရှိ ရာအိမ်မှူးများဟာလည်း မပြောရဲပေမဲ့ သူပြုပ်မဲ့နေ့ကို စောင်မျှော်နေကြပါတယ် ။
 အစိုးရမှတာဝန်ရှိလူကြီးများထံ ဦးသန်းလွင်၏ အကျင့်ပျက် အနိုင်ကျင့်မှု့ များကို တိုင်ကြားခဲ့သော်လည်း ယခုအစိုးရသစ်တက်လာချိန်အထိ မထူးခြားသေးပါ….။ ရပ်ကွက်သူ/သားများကို ရင်ဝယ်သားသမီးလို မစောင့်ရှောက်ရင်တောင် စိတ်သောကမပေးဘဲ သမာသမတ်ကျကျအုပ်ချူပ်နိုင်မည့် အုပ်ချူပ်ရေးမှူးသစ်ကို စောင့်မျှော်နေရပါကြောင်း ခင်ဗျား……..။
လေးစားစွာဖြင့်
မြိတ်မြို့ မှ
ကလွင်စုံခေါင်းရပ်ကွက်သူ/သားများ

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ