.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Thursday, June 30, 2011

လုံခြုံရေးဂိတ်စောင့် အရာရှိတစ်ဦးအား သျှမ်းတပ်သား ခုတ်သတ်

သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့မှ မိုင်းရှုးမြို့ အထွက် လုံခြုံရေးဂိတ်စောင့် မြန်မာစစ်တပ်အရာရှိ တစ်ဦး အားသျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည် တပ်မတော် (SSPP/SSA) မှ အရပ်ဝတ်တပ်သား တစ်ဦးက ခုတ်သတ်လိုက်ကြောင်းသိရှိရ ပါသည်။
“အရပ်ဝတ်နဲ့ဆိုတော့ သျှမ်းသူပုန်မှန်း အစက မသိဘူးလေ။ ဂိတ်စောင့်အရာရှိကို ခုတ်သတ်ရဲတယ်ဆို တော့ သျှမ်းသူပုန်ဘဲပေါ့။ သာမန်ရွာသားတွေဆို ဘယ်လုပ်ရဲမလဲ” ဟု လဲချားရောက် မိုင်းနောင် ကုန်သည် တစ်ဦး က ပြောပါသည်။

ဂျွန် ၂၅ ရက် ညနေ ၅:ဝဝ နာရီ သျှမ်းပြည်တပ်မတော် တပ်မဟာ ၇၂ တပ်ရင်း ၈၀၁ တပ်ခွဲ ၂ မှ တပ်သား စိုင်းအိုက်လ သည် ဓားမထဲ့ပလိုင်းပတ်၍ မိုင်းနောင်မြို့တွင်း ၀င်ရောက်လာကြောင်း၊ မိုင်းရှုးမြို့အထွက် မင်္ဂလာရန်အောင်ကျောင်းတိုက် အနီးရှိ လုံခြုံရေးဂိတ်သို့ရောက်သော် ကင်းစောင့် ခလရ ၂၈၆ မှ အရာရှိ တစ်ဦးနှင့် တပ်သားနှစ်ဦးက ၎င်းအား ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ရာမှအခင်းဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း
အဆိုပါကုန်သည်က ဆက်ပြောပြသည်။

“သူ့ကိုခေါ်စစ်တော့ အဲဒီအရာရှိက ပစ္စတိုနဲ့ချိန်တယ်တဲ့။ သူက ပလိုင်းထဲက ပါလာတဲ့ ဓားမနဲ့ခုတ်တာ သေနတ်လွင့်သွားတော့ အဲ့သေနတ်ကောက်ယူပြီး အဲဒီအရာရှိကို နှစ်ချက်ပစ်တယ်။ အရာရှိလဲ အဲဒီနေရာမှာ ပွဲချင်းပြီးသေတယ်။ ကျန်တဲ့ သေနတ်မဲ့ ဗမာစစ်သားနှစ်ယောက်လဲ ထွက်ပြေးသွားတယ်”

မိုင်းရှုးမြို့အထွက် လုံခြုံရေးဂိတ်စောင့် အရာရှိအား သေနတ်ဖြင့် ပစ်သတ်သည့် စိုင်းအိုက်လ သည် သျှမ်းတပ်သား ဖြစ်ကြောင်း၊ သေဆုံးသူ မြန်မာစစ်သား၏ ကျည် ၁၄ တောင့်ဝင် ဂျာမဏီလုပ် 9 mm ပစ္စတိုကိုလည်း သိမ်းဆည်းယူဆောင်ခဲ့ကြောင်း SSPP/SSA မှလည်း အတည်ပြုပြောဆိုသည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ