.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Wednesday, June 29, 2011

ရေလွှဲမြောင်းပြင်ရန် လယ်သမား ၁၆ ဦး တောင်းဆို

(မဇ္ဈိမ) ။မှကူးယူဖော်ပြသည်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။      ။ ရေလွှဲမြောင်း မကောင်းရာမှ လယ်ဧကတသောင်းကျော် ရေမြုပ်နေသဖြင့် အမြန်ဆုံး
 ပြင်ပေးရန် ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ ၇ ရွာမှ ဒေသခံ လယ်သမား ၁၆ ဦးက ရန်ကုန်အစိုးရနှင့် ဆည်မြောင်းဝန်ကြီးဌာနကို ယခုတပတ် တနင်္လာနေ့တွင် စာရေးတောင်းဆိုလိုက်သည်။

ငမိုးရိပ် ရေထိန်းတံခါး အနီးရှိ ဒဂုံအရှေ့ပိုင်းမှ ကျူချောင်း၊ မလစ်အနောက်၊ အဝိုင်း၊ ကြာနီကန်၊ တောင်တလုပ်၊
 ရေကျော်နှင့် ရှမ်းတဲကြီး ရွာများမှ စပါးခင်းများ ရေမြုပ်သဖြင့် ပျက်စီးကုန်ရာ အချိန်မီ ပြန်စိုက်ရေးအတွက် လယ်ထဲဝင်သည့် ရေများ ပြန်ဖောက်ချရန် လိုအပ်နေသည်ဟု ဆိုထားသည်။ 

“ရေက ငမိုးရိပ်ချောင်းထဲကို ဆင်းရမှာကို ရေလွှဲတာကို ကောင်းကောင်း မဆောက်ထားတော့ အကြိမ်ကြိမ် ကျိုးတယ်။ တာကလည်း သိပ်မနက်တော့ ရေအများကြီး မဆင်းဘူးဖြစ်နေတာ။ ဒါကြောင့် ကောင်းကောင်း ဆောက်ပေးဖို့
 ပြောတာ” ဟု တောင်းဆိုသူများတွင် ပါဝင်သည့် မလစ်ကျေးရွာသား လယ်သမား ဦးညိုက မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်းတွင် ဆက်တိုက် မိုးရွာသဖြင့် လယ်မြေများ အထက်ပိုင်းရှိ ဖောင်ကြီး ရေလှောင်တမံမှ ရေဖောက်ချခဲ့ရာ ငမိုးရိပ် ရေပိုလွှဲမြောင်းများ၌ အမှိုက်များ ပိတ်ဆို့နေခြင်း၊ မြောင်းတိမ်နေခြင်းတို့ကြောင့် လယ်မြေနှင့် လူနေအိမ်များဆီ
 ရေလျှံတက်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။ အမှန်မှာ ဆည်ဖောက်ရေများသည် ရေပိုလွှဲမြောင်းများမှတဆင့် ငမိုးချောင်းထဲ စီးဝင်ရမှာ ဖြစ်သည်။

“ တပတ်လောက်က ဆည်ဆောက်လုပ်ရေး အပိုင်းက အရာရှိတယောက် လာကြည့်ပြီး ပြန်သွားတယ်။ အခုထိ ဘယ်သူက ဘာမှ လာမလုပ်ပေးဘူး” ဟု ဦးညိုက ဆိုသည်။

ရေပိုလွှဲမြောင်းကို ၃ ရက်အတွင်း မပြင်နိုင်ပါက ယခုနှစ် စပါးပြန်စိုက်ရန် အချိန်မီမည် မဟုတ်ဟုလည်း
 တောင်းဆိုစာထဲတွင် ဖော်ပြထားသည်။

လယ်မြေများအပြင် လူနေအိမ်အချို့ပါ ရေဝင်နေသည်ဟု ရွာသားများက ဆိုကြသည်။

“ရေက ပေါင်လည်လောက် ရှိတယ်။ သွားရေးလာရေးခက်၊ အိမ်သာတွေလည်း မြုပ်။ နောက်ပြီး ကျွဲတွေ၊ နွားတွေ စားကျက်မရှိတော့ ဒုက္ခရောက်နေတာပေါ့” ဟု ကျူချောင်းရွာသား တဦးက ပြောသည်။

ရေမြုပ်ရွာများသို့ ကိုယ်တိုင်သွားရောက်ခဲ့သူ ရှေ့နေ ဦးဖိုးဖြူက “လယ်တွေရော၊ ရွာလိုက်ကော ရေတွေမြုပ်နေတာ မြို့နယ်အုပ်ချုပ်ရေးမှူးလည်း ဆင်းမလာ၊ လယ်ယာနဲ့ ဆည်မြောင်းကလည်း မလာနဲ့၊ ရွာသားတွေက ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိကြဘူး ဖြစ်နေတယ်” ဟု ပြောပြသည်။

လယ်တဧကလျှင် စိုက်ပျိုးစရိတ် ကျပ် ၅ သောင်းခန့် အကုန်ကျခဲ့ပြီးဖြစ်ရာ လယ်သမားအချို့မှာ အသစ်ပြန်စိုက်ရန် ခက်ခဲနေသည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ