.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Sunday, June 26, 2011

အမိန့်၊ စည်းကမ်းနဲ့ ကျင့်ဝတ်

by Seaman Nayminthu on Sunday, June 26, 2011 at 6:08pm
“အမိန့်ဆိုတာ စဉ်းစား ဝေဖန် အကြံပြုရန်မဟုတ်၊ လိုက်နာရန်သာဖြစ်သည်”
“အမိန့်”ဆိုတဲ့ ဝေါဟာရနဲ့ပတ်သက်ပြီး ရှေ့ရှေ့က ဆောင်းပါးအချို့မှာ ကျနော်တင်ပြပေးခဲ့တာမို့ စာဖတ် ပရိသတ်များအဖို့ အနည်းငယ် ရင်းနှီးမှုရှိနေပြီလို့ ထင်မိပါတယ်။ ကျနော်တို့ စစ်ပညာအခြေခံသင်တန်း တက်စဉ်ကတည်းက ညစဉ် night study သင်ခန်းစာမှာ သင်တန်းဆရာက ခေါင်းထဲမှာသံမှိုစွဲသလို ခိုင်မြဲနေအောင် အထပ်ထပ်အခါခါ ရွတ်ဆိုပြခဲ့တာပါ။ အဲဒီတုန်းကတော့ ကျနော်တို့ သိပ်အလေးအနက် သတိမထားခဲ့မိပါဘူး။ သင်ခန်းစာချိန်ပြီးရင် အိပ်ယာဝင်ဖို့လောက်ပဲ စိတ်စောနေခဲ့တာ။
နောက်ပိုင်း တပ်တွေမှာတာဝန်ထမ်းဆောင်ရတဲ့ အခါကျမှ ပြောပါများ အထုံစွဲ၊ လုပ်ပါများ ကျင့်သားရ ဆိုတဲ့ သဘောကို သတိပြုမိလာတယ်။ စစ်သည်အတော်များများဟာ အလုပ်တစ်ခုလုပ်တိုင်း အမိန့်အရလုပ်ရတာလို့ နားလည်ထားကြတယ်။ အမိန့်ပေးမှလှုပ်ရှားတတ်တဲ့ အဖြစ်ကိုရောက်လာတယ်။ ကင်းစောင့်လည်း အမိန့်၊ တပ်သန့်ရှင်းရေးလုပ်လည်း အမိန့်၊ ထင်းခွေရေခပ်လည်း အမိန့် ဆိုသလိုဖြစ်လာတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက၊် ကိုယ်ပိုင်အသိစိတ်နဲ့ လုပ်တာဘာမှ မရှိတော့ဘူး။ လုပ်ဖို့လည်း မစဉ်းစားကြတော့ဘူး။ ဒီတော့ သံပတ်တင်း မထားရင် မလှုပ်ရှားတော့တဲ့ ကော်ပတ်ရုပ်တွေလိုပဲ ဖြစ်ကြရတော့တယ်။
အမိန့်မရဘဲလုပ်ရင် မျက်နှာရဖို့ထက် ခြေထောက်ရဖို့က များနေတယ်လေ။ အလုပ်တစ်ခုကို လုပ်ရတဲ့အခါ ဒီနေ့နဲ့မပြီးပြတ်ဘူး။ နောက်နေ့လည်းဆက်လုပ်ရမယ်။ ဒါပေမယ့် ဒီနေ့အတွက် ဒီလောက် အတိုင်းအတာ လုပ်လို့ အမိန့်ပေးထားတယ် ဆိုပါစို့။ ဒီနေ့အတွက် အချိန်နည်းနည်းပိုနေတယ်။ နောက်နေ့မှာ စောစောပြီးရင် ကိုယ့်အတွက်နားချိန်ပိုရမယ်။ ကိုယ်ရေးကိုယ်တာလေးလုပ်ချိန်ရအောင်ဆိုပြီး ဒီနေ့ပိုနေတဲ့ အချိန်လေးမှာ နောက်နေ့လုပ်ကွက်ကို ကြိုပြီးလုပ်ထားလိုက်တယ်။ အဲဒါကို အမိန့်မရပဲ လုပ်ရမလားဆိုပြီးတော့ အဆူခံ ထိ တယ်ဗျာ…။ ဘယ်လိုလုပ်မလဲ…?   အဲဒါ…. တင်းကျပ်တဲ့ အမိန့်ပေးအမိန့်နာခံမှု စနစ်အောက်မှာ ဖြစ်ပေါ် လာတဲ့ အစွန်းထွက်ဆိုးကျိုးပါပဲ။
နောက်တစ်ခါ….
“စည်းကမ်းဟူသည် တပ်မတော်ရဲ့အသက်ခန္ဓာ” တဲ့ လုပ်ပြန်ရော။
“စည်း”ဆိုတာက အဆီးအတား၊ အကာအကွယ် သဘောပေါ့။ စည်းမကျော်နဲ့ စည်းဝိုင်းအတွင်းမှာနေ သတ်မှတ်စည်းအတွင်းမ၀င်ရ စသဖြင့်။ “ကမ်း” ကတော့ ကုန်းနဲ့ ရေ နယ်နိမိတ် အပိုင်းအခြားသတ်မှတ်ချက်။ ဒါက ကျနော်တို့တတွေ လူ့အသိုင်းအ၀ိုင်းတွင်းမှာ ယေဘုယျ နားလည်ထားချက်ပါ။ တပ်ထဲမှာကျ “စည်းကမ်း” ဆိုတာ “လုပ်ဆောင်ရမယ့်အလုပ်ကို လုပ်ဖြစ်အောင်တိုက်တွန်းတာ၊ မလုပ်ရမယ့်အလုပ်ကို မလုပ်ဖြစ် အောင်တားမြစ်တာ” တဲ့။ အဲဒီအတိုင်း တသွေမတိမ်းလိုက်နာမှ စည်းကမ်းကောင်းတဲ့သူလို့ ဆိုလိုတယ်။ ဆက်စပ်တွေးကြည့်ရင်တော့ အမိန့်သံလေး နည်းနည်းနှောနေသလိုပဲ။ ဒါကြောင့်မို့လည်း “စည်းကမ်းဟူသည် လူ့တန်ဖိုး” ဆိုတဲ့ဆောင်ပုဒ်က စစ်သည်တွေအတွက်တော့ “ စည်းကမ်းဟူသည် အမိန့်နာခံခြင်း” လို့ ပြောရမလို ဖြစ်လာတယ်။ တပ်မှာပြစ်မှုတစ်ခု ကျူးလွန်တိုင်း စွဲချက်တင်ခံရတဲ့ ပုဒ်မထဲမှာ “တပ်မတော်အက်ဥပဒေပုဒ်မ(တမအ)-၆၅” ( စနစ်တကျရှိခြင်းနှင့် စစ်စည်းကမ်းကို ထိခိုက်စေသော ပြုလုပ်မှု တစ်ခုခုကို ကျူးလွန်ခြင်း)ဆိုတဲ့ ပါလေရာပုဒ်မနဲ့ အမြဲတမ်းငြိစွန်း နေတော့တယ်။
“ဒီအတိုင်းကျင့်၊ ကျင့်ဝတ်(၆၀)”
ကျနော်တို့ တပ်ထဲရောက်ခါစမှာ အစိမ်းရင့်ရောင်အဖုံးနဲ့ အိတ်ဆောင်အရွယ် စစ်သည်တော်ကျင့်ဝတ် စာအုပ် ထုတ်ပေးထားတယ်။ နောက်တော့ “ဖန်းဖလက်” ပုံစံ စာရွက်ခေါက်ကလေးနဲ့ ထပ်ပြီးထုတ်တယ်။ သွားလေရာ မှာ ကိုယ်နဲ့မကွာ အိတ်ထဲကို ထည့်သွားစေတယ်။ စစ်ရုံးကိုသွားရင် ဂိတ်ပေါက်မှာစစ်ဆေးခံရတယ်။ ပါမလာရင် စစ်စည်းကမ်းအရ အရေးယူတာခံရတယ်။ လမ်းခရီးမှာ တပ်ထိန်းကစစ်လို့ မပြနိုင်ရင်လည်း ဟိန်းဟောက်တာ၊ ခြိမ်းခြောက်တာ ခံရတယ်။ အခန့်မသင့်ရင် တပ်ကိုတိုင်စာပို့လိုက်သေးတယ်။ စစ်သည်တိုင်း စစ်သည်တော် ကျင့်ဝတ်ကို အာဂုံဆောင်နိုင်ရမယ်။ ခါးဝတ်ပုဆိုးကဲ့သို့လည်း မြဲမြဲလိုက်နာရမယ်တဲ့။
နှစ်စဉ် တော်လှန်ရေးနေ့(တပ်မတော်နေ့) နီးလာတိုင်း (ကြည်း၊ရေ၊လေ) အဆင့်အလိုက် စစ်သည်တော် ကျင့်ဝတ်ပြိုင်ပွဲ ကျင်းပလေ့ရှိတယ်။ ပြိုင်ပွဲမှာ “ပထမ”ရသူကို အဆင့်တိုးမြှင့်ပေးတယ်။ ပုံမှန်အတန်းတိုး၊အဆင့် တိုး စာမေးပွဲတွေမှာလည်း ဒီကျင့်ဝတ်က ပါမြဲ။ ကျနော့တစ်ကိုယ်ရေ အနေနဲ့တော့ စစ်သည်တော်ကျင့်ဝတ်ကို အလွတ်မရတာ အမှန်ပါ။ ဘာလို့လဲဆိုတော့ ကိုယ်တိတိကျကျ မလိုက်နာနိုင်တဲ့ စာသားတွေကို အလွတ်အာဂုံ ဆောင်ရွတ်ပြနေရတာကို လိပ်ပြာမလုံလို့ပဲ။ အမှန်အတိုင်းပဲ ၀န်ခံတာပါ။
တကယ့်လက်ရှိအနေအထားမှာတော့ အမိန့်၊စည်းကမ်း၊ကျင့်ဝတ် ဆိုတာတွေဟာ တပ်မတော်သားတိုင်းကို ချည်နှောင်ထားတဲ့ ကြိုးတွေဖြစ်နေပါတယ်။ ဒီလိုပြောတော့ ဒါတွေမလိုဘူးလားလို့ မေးစရာရှိလာပါတယ်။ လိုအပ်တယ်လို့ အဖြေပေးရပါမယ်။ သို့သော် ပြဌာန်းထားချက်နဲ့လက်တွေ့ ကိုက်ညီရပါမယ်။ တစ်ထပ်တည်း မဟုတ်တောင်မှ အနီးစပ်ဆုံး လိုက်နာနိုင်ရပါမယ်။ စာထဲမှာတစ်မျိုး လက်တွေ့မှာတစ်ခြား ဖြစ်နေတဲ့အခါကျ တော့ အကျိုးမဖြစ်ထွန်းတဲ့အပြင် တင်းကျပ်မှုတွေကို ဖြစ်ပေါ်စေပါတယ်။
လက်တွေ့ဖြစ်ရပ်မှာက စစ်သည်တိုင်း အထက်ကပေးလာတဲ့ အမိန့်မှန်သမျှ နာခံရပါတယ်။ အထက်အောက် ဒေါင်လိုက်ဆက်ဆံရေးစနစ်ကျင့်သုံးတဲ့ အဖွဲ့အစည်းတစ်ရပ်မှာ စည်းကမ်းဆိုတာကလည်း အမိန့်ပေးနိုင်သူ လူတန်းစားရဲ့လက်ထဲမှာရှိတာပါ။ သူတို့နှုတ်က ထွက်သမျှစကားလုံးတိုင်းဟာ အမိန့် ဖြစ်သလို၊ အမိန့်တိုင်း ဟာလည်း တိုက်တွန်းခြင်း(ဒါကိုလုပ်)နဲ့ တားဖြစ်ခြင်း(ဒါကိုမလုပ်နဲ့)နှစ်မျိုးပဲရှိတာပါ။ တပ်မတော် အစိပ်အပိုင်း အများစုမှာ ဒီလိုပဲဖြစ်နေပါတယ်။ အမြဲတမ်းဆိုသလို အမိန့်အတိုင်း စက်ရုပ်ဆန်ဆန် လှုပ်ရှားနေရသူတွေအဖို့ ကျင့်ဝတ်စောင့်ထိန်းဖို့နဲ့ အမိန့်နာခံဖို့ ထိပ်တိုက်တွေ့လာရင် ဘယ်ဟာကိုဦးစားပေး ရပါမလဲ…?။
လက်ရှိတပ်မတော်ထဲက အခြေအနေတွေအောက်မှာ ကျင့်ဝတ်ကိုဦးစားပေးလိုတဲ့ စစ်သည်တွေအတွက်တော့ လုပ်ဆောင်ဖို့နည်းလမ်း နှစ်ခုပဲရှိပါတယ်။ တပ်ကအပြီးအပိုင် ထွက်ပြေး  မလား…. ဒါမှမဟုတ်… အမိန့်အာဏာ ဖီဆန်ပြီး ထောင်ထဲကိုဝင်မလား…။

နေမင်းသူ
၂၅ ဇွန် ၂၀၁၁

မှတ်ချက်။  ။“အရာရှိများလက်စွဲစာစောင်”တွင် ဖော်ပြပါရှိသော ဒုတိယဗိုလ်ချုပ်ကြီးသန်းရွှေ၏ ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၇၅) ကျောင်းဆင်းမိန့်ခွန်းကောက်နှုတ်ချက်ကို ခံစားရေးဖွဲ့တင်ပြခြင်း ဖြစ်ပါသည်။
“ စည်းကမ်းဆိုတာ မလုပ်သင့်တာကို မလုပ်ရန်တားမြစ်ခြင်းသာမက လုပ်သင့်လုပ်ထိုက်တာတွေကို မပျက် မကွက်လုပ်ဆောင်ရန် တိုက်တွန်းခြင်းလည်း ဖြစ်ပါတယ်။ စည်းကမ်းဟာ တပ်မတော်ရဲ့ အသက်ခန္ဓာဖြစ်တယ်။ တပ်မတော်မှာ သမိုင်းအစဉ်အလာကောင်းများ ရရှိလာခြင်းဟာ မြင့်မားတဲ့ တိုင်းချစ်ပြည်ချစ်စိတ်တွေနဲ့အတူ စည်းကမ်းများကို ထိန်းသိမ်းခဲ့ခြင်းကြောင့်ဖြစ်တယ်။ ဒါကြောင့် စည်းကမ်းကောင်းမွန် ခိုင်မာလာစေရေးအတွက် တပ်မတော်သား ကျင့်ဝတ်တွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း တစ်ဦးချင်းတိကျစွာ လိုက်နာကြပြီး အချင်း ချင်း အပြန်အလှန် ထိန်းသိမ်းကြရမယ်။ မိမိကွပ်ကဲရတဲ့ လက်အောက်ငယ်သားများ စစ်စည်းကမ်းကောင်းမွန် ခိုင်မာစွာ ရှိနေရေးကို မျက်ခြေမပြတ်ဆောင်ရွက်ကြရမယ်။ ဒါ့အပြင် တို့တပ်မတော်သားတွေဟာ နိုင်ငံတော်က ပြဌာန်းပေးတဲ့ တရားဥပဒေများကို လေးစားလိုက်နာကြရမယ်။”
· · Share

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ