.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Saturday, June 25, 2011

တိုက်ပွဲများ​ကြောင့်​ နယ်စပ်ကုန်သွယ်​ရေး ကျဆင်း


Published on June 24, 2011 by သူရိန်စိုး   ·   (ဒီမီုကရက်တစ်မြန်မာ့အသံမှ)
ကချင်ပြည်နယ်အတွင်း ​ ဖြစ်ပွား​နေတဲ့​ တိုက်ပွဲ​တွေ​ကြောင့်​ တရုတ်မြန်မာ နယ်စပ်ကုန်သွယ်​ရေး​တွေ ကျဆင်း​နေသလို ကုန်သွယ်​ရေး​ကို မှီခို​နေတဲ့​ ​ထောင်နဲ့​ချီတဲ့​ ပြည်သူ​တွေရဲ့​ ဝင်​ငွေ​တွေလည်း​ ထိခိုက်​နေပါတယ်။
တိုက်ပွဲဖြစ်တဲ့ ​ ခွင်​တွေဖြစ်တဲ့​ လွယ်ဂျယ်၊​ ဗန်း​မော်လမ်း​၊​ နန့်​ခမ်း​- ဗန်း​မော်လမ်း​၊​ လိုင်ဇာ၊​ မြစ်ကြီး​နား​၊​ ဗန်း​မော်လမ်း​တွေက တဆင့်​ ​မှောင်ခိုတင်သွင်း​နေတဲ့​ အိမ်သုံး​ပစ္စည်း​၊​ အဝတ်အထည်၊​ ဆိုင်ကယ်၊​ ဟင်း​ချိုမှုန့်​၊​ လျှပ်စစ်ပစ္စည်း​၊​ ဘီယာ၊​ ကြက်သွန်ဖြူ အစရှိတဲ့​ တရုတ်ကုန်ပစ္စည်း​တွေ တင်သွင်း​နေတာကို ရပ်ဆိုင်း​ထား​ရတယ်လို့​ ​ဒေသခံ ကုန်သည်တဦး​က ​ပြောပါတယ်။
“အဲဒီဘက်​တွေက တိုက်ပွဲဖြစ်တဲ့​ခွင် ဖြစ်​နေ​တော့​ တနိုင်တပိုင်လုပ်စား​တဲ့​ ဆိုင်ကယ်သမား​တွေ၊​ ​မှောင်ခိုကား​လေး​တွေ၊​ ဝပ်​သောက် ကား​လေး​တွေနဲ့​ တနိုင်တပိုင် လုပ်စား​တဲ့​ ကုန်သည်​တွေ လုံး​ဝသွား​လို့​မရဘူး​။”
တရုတ်နိုင်ငံက​နေ ဗန်း​မော်အထိ ​နေ့​စဉ်ကုန်သွယ်မှု တန်ဖိုး​က ကျပ်သိန်း​ထောင်ချီ ရှိတယ်လို့​ ​ဒေသခံကုန်သည်က ​ပြောပါတယ်။
လွယ်ဂျယ်၊​ ဗန်း​မော် နယ်စပ်ကုန်သွယ်​ရေး​ လမ်း​ကြောင်း​လည်း​ အခုလ ၁၅ ရက်ကစပြီး​ လမ်း​တံတား​၊​ ဗုံး​ခွဲတိုက်ခိုက်ခံရလို့​ ပျက်စီး​နေပြီး​ ကုန်တင်ကား​ အသွား​အလာ ရပ်ဆိုင်း​ထား​ရပါတယ်။
ဒါ​ကြောင့်​ ဗန်း​မော်ကို တရုတ်ကုန်ပစ္စည်း​တွေ မ​ရောက်ရှိတာနဲ့​ အမျှ ဗန်း​မော်ကတဆင့်​ သ​င်္ဘောနဲ့​ ကုန်ဖြန့်​ဖြူး​တာ​တွေပါ ရပ်တန့်​ပြီး​ ဗန်း​မော်သ​င်္ဘောဆိပ်ကို မှီခို​နေကြသူ​တွေပါ ဝင်​ငွေထိခိုက်ကုန်တယ်လို့​ ဆိုပါတယ်။
“ဗန်း​ မော်လူဦး​ရေရဲ့​ တဝက်နီး​ပါး​လောက်က အဲဒီက နယ်စပ်ကုန်သွယ်​ရေး​မှာ ရပ်တည်ပြီး​နေတာပဲ။ အဲဒီမှာ ​ဈေး​သည်​တွေ၊​ ကုန်တင်ကုန်ချ အလုပ်သမား​တွေ၊​ ​နောက်ထပ်ကုန်သည်​တွေရှိမယ်။ သယ်ယူပို့​ဆောင်​ရေး​ပေါ့​၊​ သ​င်္ဘောဆိပ်နဲ့​ကလည်း​ ​ဝေး​တဲ့​အခါကျ​တော့​ ​ထော်လာဂျီတို့​၊​ ဆိုက္ကား​တို့​လိုမျိုး​ ယာဉ်​လေး​တွေပါ ရပ်ဆိုင်း​ကုန်တယ်။”
မူဆယ်၊​ မန္တ​လေး​ လမ်း​ကြောင်း​က​တော့​ တိုက်ပွဲ​တွေနဲ့​ အလှမ်း​ဝေး​လို့​ နယ်စပ်ကုန်သွယ်​ရေး​ကို ထိခိုက်မှု မရှိ​ပေမယ့်​ မြန်မာ​ငွေတန်ဖိုး​ တက်​နေ​သေး​လို့​ တရုတ်ဘက်ပို့​ကုန်​တွေ မရှိသ​လောက် နည်း​ပါး​နေပါတယ်။
ဒီက​နေ့​ တရုတ်-မြန်မာ ​ငွေလဲနှုန်း​က​တော့​ တယွမ်ကို ၁၂၃ ကျပ် ၄၅ ပြား​ ​ဈေး​ ​ပေါက်ပါတယ်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ