Published on June 24, 2011 by နော်နိုရင်း

ပရာချွတ်
ခီရီခမ်ခရိုင် ဘန်းစဖန်းမြို့နယ်အတွင်းမှာ မြန်မာတွေစီးနင်းလာတဲ့
တောင်းအေ့စ် အမျိုးအစား မှန်လုံကားနဲ့ ၁၀ ဘီးကားတစီး
တိုက်မှုဖြစ်ပွားခဲ့တာပါ။ ကားပေါ်ပါ မြန်မာတွေဟာ ထိုင်း-မြန်မာနယ်စပ်
ရနောင်းမြို့မှာ အလုပ်သမား ယာယီနိုင်ငံကူး
လက်မှတ်သွားလုပ်ကြတာဖြစ်ပြီး အပြန်မှာ ယာဉ်တိုက်မှု ဖြစ်တာပါ။
ရနောင်းက
အပြန်ကားပေါ်မှာ ထိုင်းယာဉ်မောင်းတဦးနဲ့ မြန်မာအလုပ်သမား ၁၃ ဦး
လိုက်ပါလာတာပါ။ ယာဉ်တိုက်မှုကြောင့် ထိုင်းယာဉ်မောင်းနဲ့
မြန်မာလေးဦး သေဆုံးပြီး ဒဏ်ရာရသူ ၉ ဦးကို ကုသနေတယ်လို့
ဘန်းစဖန်းဆေးရုံက ဖြေဆိုပါတယ်။
“၅
ယောက်သေပြီး ၉ ဦး ဒဏ်ရာရပါတယ်။ မနေ့ညနေ ၄ နာရီခွဲက ကားတိုက်မှု
ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဆေးရုံက အရေးပေါ်ကားနဲ့
ကယ်ဆယ်ရေးကားတွေက သွားခေါ်တာ ဖြစ်ပါတယ်။ အလုပ်ရှင်ကတော့ သူတို့ကို
လာကြည့်ပါတယ်။ သူတို့ ဆွေမျိုး လာကြိုလား၊ မကြိုလားတော့
မပြောတတ်ဘူး။ တချို့လူတွေက အိမ်ပြန်လို့ရတော့ ပြန်သွားကြပါပြီ။”
ဆေး
ရုံတာဝန်ရှိသူရဲ့ ပြောဆိုချက်အရ ဒဏ်ရသူတချို့တော့
အိမ်ပြန်နိုင်ပေမယ့် တချို့က အတွင်းလူနာအဖြစ် ကုသမှု ခံယူနေရတယ်လို့
ပြောပါတယ်။
No comments:
Post a Comment