| Print | |
သတင်းရရှိပါသည်။
နေပြည်တော် သပြေကုန်းရပ်ကွက် ငုဝါလမ်းရှိ အိမ်တစ်အိမ်၌ ၁၂ နာရီ ဝန်းကျင်ခန့်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အိမ်မှာ လူမနေသည့်အိမ် ဖြစ်ကြောင်းနှင့် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ မရှိခဲ့ကြောင်း သိရှိရပါသည်။
"ပေါက်ကွဲမှုက ပြင်းထန်တဲ့အတွက် အပျက်အစီးတွေက အနီးဝန်းကျင် ပေ ၈၀ ခန့်ထိ လွင့်စင်ခဲ့တာကို တွေ့ရပါတယ်၊ အခု အခင်းဖြစ်ပွားရာ နေရာမှာ တာဝန်ရှိသူတွေ လာရောက် စစ်ဆေးနေတာကို တွေ့ရပြီး မိုင်းရှာတဲ့ခွေး ပါလာတာကိုလည်း တွေ့ရပါတယ်"ဟု အခင်းဖြစ်ပွားရာ နေရာ အနီးသို့ သွားရောက် ကြည့်ရူနေသည့် နေပြည်တော် သပြေကုန်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် ပြင်ဦးလွင်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည် နေရာမှာ ရပ်ကွက်ကြီး ၃ အကွက်အမှတ် ၄ တွင်ဖြစ်ကြောင်း၊ လူမနေသည့်အိမ်တွင်ပင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် ပေါက်ကွဲမှုမှာ မွန်းတည့် ၁၂ နာရီဝန်းကျင်က
ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။


No comments:
Post a Comment