.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Friday, June 24, 2011

မန္တလေး ၊ နေပြည်တော် ၊ ပြင်ဦးလွင် မြို့များတွင် ဗုံးပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပွား


 မန္တလေး ဈေးချိုအနီးမှပေါက်ကွဲမှု ( ဓါတ်ပုံ The Voice Weekly )
  မန္တလေး
မန္တလေးဈေးချိုတော်ရှေ့တွင် ဇွန် ၂၄ ရက်၊ မွန်းတည့် ၁၂ နာရီ ခန့်က ရပ်ထားသော ကားတစ်စီးပေါ်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ဈေးချိုတော် ၈၄ လမ်း ၂၇ လမ်းနှင့် ၂၈ လမ်းကြား မန်းမြန်မာ ပလာဇာနှင့် မျက်နှာချင်းဆိုင်ရှိ ဈေးချိုဟိုတယ် မြေညီထပ်ရှေ့တွင် ရပ်ထားသော ကားတစ်စီးပေါ်၌ ယနေ့ မွန်းတည့် ၁၂ နာရီခန့် အချိန်တွင် ပေါက်ကွဲခြင်း ဖြစ်သည်ဟု မျက်မြင်ကိုယ်တွေ့များထံမှ သိရှိရသည်။ လောလောဆယ်တွင်မူ အဆိုပါ ကားအနီး ကုန်ပစ္စည်း သယ်ပို့လုပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်းနှင့် ပေါက်ကွဲမှုကြောင့် မျက်နှာချင်းဆိုင်ရှိ ဈေးချိုပလာဇာ အပေါ်ထပ်မှ မှန်အချို့ ကွဲကာ ပြုတ်ကျခဲ့ကြောင်း သိရှိရသည်။ အဆိုပါကား၏ ယာဉ်အမှတ်မှာ ၃ခ/  ၁၉၀၄ ဖြစ်ကြောင်းနှင့် ထိခိုက်မှုအသေးစိတ်ကိုမူ သက်ဆိုင်ရာမှ စုံစမ်းဆဲဖြစ်ကြောင်း သတင်းရရှိပါသည် ။
နောက်ဆုံးရရှိသော သတင်းအရ မန္တလေးတွင် မွန်းလွဲ ၃နာရီခန်.က ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားပြီး ၈၄လမ်း ၃၁၊ ၃၂ ကြား  ပရိယတ္တိသာသနအသင်း အနီးတွင်ဖြစ်ကြောင်း သိရှိရပါသည် ။ 

မန္တလေး ဒေသခံတစ်ဦးက " ဈေးချိုဘက်မှာ ၁၂ နာရီလောက်ကကွဲတယ် ဒီတော့သက်ဆိုင်ရာက ၈၄ လမ်းကို ၂၆ ကနေ ၂၈ ထိ ပိတ်ပြီး စစ်ဆေးမှုတွေလုပ်နေတုန်း ထပ်ကွဲတာ ..စိန်စံပယ်ဖူး ရွှေဆိုင် နားလောက်မှာ "ဟု ပြောကြားသွားပါသည် ။
နေပြည်တော် 
မန္တလေးမြို့ပေါ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်းမှာပင် အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော် သပြေကုန်းဈေးတွင် ဗုံးပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ကြောင်း နေပြည်တော် ဒေသခံများက ဆက်သွယ်ပြောကြားကြောင်း ၊ နေပြည်တော် သပြေကုန်းဈေး ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ဒေသခံ တစ်ဦးကို ဆက်သွယ်မေးမြန်းရာ ဗုံးပေါက်ကွဲသည်မှာ မှန်ကန်ပြီး ပိတ်ထားသည့် ဈေးဆိုင်ခန်းမှ ဗုံးပေါက်ကွဲခြင်း ဖြစ်ပြီး ဆိုင်ခန်းအမိုး ပွင့်ထွက်သွားကြောင်းပြည်တွင်းထုတ် The Voice Weekly ၏ အင်တာနက်စာမျက်နှာတွင်ဖေါ်ပြသည် ။
ပြင်ဦးလွင်
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့တွင်လည်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်ကြီး ၄ ထောက်ပို့ပန်းခြံအနီးတွင်ဖြစ်ကြောင်း သိရှိရပါသည် ။ 
ပြင်ဦးလွင်ဒေသခံတစ်ဦးက " ထောက်ပို့ပန်းခြံနားမှာဖြစ်တာ..ဗုံကွဲတာလား ဘာကွဲတာလဲတော့မသိဘူး ဗုံးဆိုရင်တော့တော်တော်ပြင်းတဲ့ဗုံး ဖြစ်မယ် ဘာလို့လဲဆိုတော့ အဲဒီအိမ်တစ်ခုလုံးနီးပါးပြိုသွားတာ " ဟုပြောကြားသွားခဲ့ပါသည် ။ 

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ