.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Saturday, June 25, 2011

ကချင်ပြည်နယ် ပုံမှန်အ​ခြေအ​နေ ပြန်ဖြစ်​နေပြီဟု ဦး​ရွှေမန်း​ပြောကြား


Published on June 24, 2011 by အံ့ဘုန်းမြတ်   ·   (ဒီမီုကရက်တစ်)မှ
အေ (​ခေါ်) ကချင်လွတ်လပ်ရေး​တပ်မ​တော်နဲ့​ မြန်မာ့​ တပ်မ​တော်အကြား​ တိုက်ပွဲ​တွေကို မြစ်ကြီး​နား​အမတ် ဦးသိန်းဇော် ကြား​ဝင်​ဆောင်ရွက်​ပေး​လို့​ ပုံမှန်အ​ခြေအ​နေကို ပြန်​ရောက်​နေပြီလို့​ ကာလုံလို့​ခေါ်တဲ့​ အမျိုး​သား​ကာကွယ်​ရေး​နဲ့​ လုံခြုံ​ရေး​ကောင်စီဝင် ပြည်သူ့​လွှတ်​တော် ဥက္ကဋ္ဌ သူရ ဦး​ရွှေမန်း​က ​ပြောကြား​လိုက်ပါတယ်။
ရန်ကုန်မြို့​ က ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရလွှတ်​တော် အ​ဆောက်အဦမှာ လွှတ်​တော်ကိုယ်စား​လှယ်​တွေ၊​ ဂျာနယ်အယ်ဒီတာချုပ်​တွေနဲ့​ ဒီက​နေ့ ​တွေ့​ဆုံပွဲမှာ သူရဦး​ရွှေမန်း​က ​ပြောကြား​လိုက်တာ ဖြစ်ပါတယ်။
သူရဲ့​ ပြောကြား​ချက်ဟာ အာဏာပိုင်​တွေဘက်က တိုက်ပွဲ​တွေနဲ့​ပတ်သက်လို့​ အဆင့်​မြင့်​တာဝန်ရှိပုဂ္ဂိုလ်တဦးရဲ့​ ပထမဆုံး​ ​ပြောကြား​ချက် ဖြစ်ပါတယ်။
ဦး​ရွှေမန်း​က ပြည်သူ့​လွှတ်​တော်ရဲ့​ ​ဆောင်ရွက်ချက်​တွေကို ရှင်း​လင်း​စဉ် ထည့်​သွင်း​ပြောကြား​လိုက်တာ ဖြစ်ပါတယ်။
သူက ဥပမာ​ပေး​ပြောရာမှာ ကချင်ပြည်နယ်၊​ မြစ်ကြီး​နား​မြို့​နယ် ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဆက်သွယ်​ရေး​ဝန်ကြီး​ဟောင်း​၊​ ဗိုလ်ချုပ်​ဟောင်း​ ဦး​သိန်း​ဇော်ရဲ့​ ​ကေအိုင်​အေနဲ့​ မြန်မာ့​တပ်မ​တော်အကြား​ ပဋိပက္ခ​တွေကို ကြား​ဝင်​စေ့​စပ်​ဆောင်ရွက်ပုံ​တွေကို ထည့်​သွင်း​ပြောကြား​ခဲ့​တာလို့​ ကိုယ်တိုင်တက်​ရောက်ခဲ့​သူ ရန်ကုန်တိုင်း​ လသာမြို့​နယ် ပြည်သူ့​လွှတ်တော်ကိုယ်စား​လှယ် ဦး​ကြည်မြင့်​က ​ပြောပါတယ်။
“ပြည်သူ့​လွှတ် ​တော်ကိုယ်စား​လှယ်​တွေက ​ရေး​ရာ​ကော်မတီဝင်​တွေ အ​နေနဲ့​ ​နေပြည်​တော်မှာသွား​ပြီး​တော့​ capacity building အတွက် သင်ယူ​လေ့​ကျင့်​ခံရခြင်း​ မရှိ​ပေမယ့်​လို့​ ကျန်တဲ့​ပုဂ္ဂိုလ်​တွေက ဒီ​အောက်​ခြေကလူ​တွေနဲ့​ ဆက်ဆံပြီး​တော့​ လုပ်​ပေး​ကိုင်​ပေး​စရာရှိတာ လုပ်​ပေး​ကိုင်​ပေး​ခဲ့​တဲ့​အတွက်ကို ထည့်​ပြောသွား​တယ်။ ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ်​တွေ ​လော​လောဆယ် ဘာလုပ်​နေသလဲဆိုတဲ့​ ​မေး​ခွန်း​အ​ပေါ်မှာ သူ့​အ​နေနဲ့​ ​တွေ့​ရှိတာ​တွေကို ထည့်​ပြောသွား​တာပါ။ အဲဒါက​တော့​ အပြင်မှာဆိုရင် ​ကေအိုင်​အေနဲ့​ တပ်မ​တော်တိုက်ပွဲဖြစ်​တော့​ မိဘပြည်သူ​တွေ ကြား​က​နေ အခက်အခဲ​တွေ ရှိတယ်​ပေါ့​။ အဲဒီကိစ္စမျိုး​တွေကို ပြည်နယ်မှာရှိတဲ့​ ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဦး​သိန်း​ဇော်က ဝင်​ရောက်ပြီး​တော့​ အ​ရေး​တယူ ​ဆောင်ရွက်​ပေး​တဲ့​အတွက်​ကြောင့်​ လူ​တွေက ထိပါး​မှုနည်း​သွား​ပြီး​တော့​ ယခင်က အ​ခြေအ​နေနီး​ပါး​ ပြန်လည်​ရောက်ရှိသွား​ပါတယ်လို့​ ​ပြောသွား​ပါတယ်။”
အခုလ ၉ ရက်​နေ့​က နှစ်ဘက်တိုက်ပွဲ​တွေပြန်စခဲ့​ပြီး​ ရက်ပိုင်း​အကြာမှာ မြစ်ကြီးနား​ လွှတ်​တော်ကိုယ်စား​လှယ် ဦး​သိန်း​ဇော်က ​ကေအိုင်​အေနဲ့​ အစိုး​ရအကြား​ အပစ်အခတ်ရပ်စဲ​အောင် မြစ်ကြီး​နား​မြို့​မှာ ကချင်ပြည်နယ်အစိုး​ရအဖွဲ့​နဲ့​ ကချင်အမျိုး​သား​ အတိုင်ပင်ခံအဖွဲ့​တွေကို ​တွေ့​ဆုံပြီး​ ကချင်အမျိုး​သား​အတိုင်ပင်ခံ ကိုယ်စားလှယ် အဖွဲ့​တဖွဲ့​ကို ​ကေအိုင်အိဌာန​ချုပ် လိုင်ဇာကို ​စေလွှတ်ကမ်း​လှမ်း​ခဲ့​ပါတယ်။
ကေအိုင်အိုဘက်က စာနဲ့​ပေနဲ့​ အ​ထောက်အထား​ ​တောင်း​တဲ့​အခါ ကိုယ်စား​လှယ်​တွေဟာ မပြသနိုင်တာ​ကြောင့်​ အ​ထောက်အထား​ပေး​ဖို့​ ​ကေအိုင်အိုက ​တောင်း​ဆိုထား​ပါတယ်။
ကေအိုင်အိုဘက်က ​တော့​ ကချင်ပြည်နယ်တွင်း​ ပဋိပက္ခတွေနဲ့​ ပတ်သက်ပြီး​ လုပ်ပိုင်ခွင့်​ရှိတဲ့​ ပြည်​ထောင်စုအစိုး​ရအဖွဲ့​နဲ့​ အမျိုး​သား​ကာကွယ်​ရေး​နဲ့​ လုံခြုံ​ရေး​ကောင်စီ​တွေကိုယ်တိုင် တာဝန်ယူမှုအပြည့်​နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ဖို့​ လိုလား​နေပါတယ်။
ဒီလို ပြည်နယ်တွင်း​ ပဋိပက္ခ​တွေ ပြီး​ဆုံး​သွား​ပြီလို့​ ပြည်သူ့​လွှတ်​တော်ဥက္ကဋ္ဌ ဦး​ရွှေမန်း​ရဲ့​ ​ပြောကြား​ချက်​နဲ့​ပတ်သက်ပြီး​ ​ကေအိုင်အိုရဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​လနန်း​က အခုချိန်မှာ မှတ်ချက်မပေးဖို့ ငြင်းဆိုပါတယ်။
“ကျ​နော်တို့​ အဲဒီထင်မြင်ချက်​ပြောဖို့​တော့​ အထက်လူကြီး​နဲ့​ အများ​ကြီး​ ​ဆွေး​နွေး​မှု ရှိရဦး​မယ်။ အဲ​ဒီတော့​ ပြောနိုင်မယ် မပြောနိုင်ဘူးဆိုတာ အာမခံချက်​တော့​ မရဘူး​လေ။ အဲဒါက ​ပေါ်လစီပိုင်း​နဲ့​ ဆိုင်သွား​တယ်။ အဲဒါ​တော့​ ဒီလိုမျိုး​ အလွတ်သ​ဘော​ပြောလို့​ မဖြစ်ဘူး​။ အဲ​တော့​ဒါက အထက်လူကြီး​တွေရဲ့​ မှတ်ချက်ချမယ်ဆိုတဲ့​အ​ပေါ်မှာ ​စောင့်​ရဦး​မှာပါ”
လွှတ်​တော်အမတ် ဦးသိန်းဇော်​ဟာ အစိုး​ရနဲ့​ ​တော်လှန်​ရေး​အဖွဲ့​အကြား​ တိုက်ပွဲ​တွေရပ်အောင် ကြိုး​ပမ်း​နေတယ်လို့​ ​ပြည်သူ့​လွှတ်​တော်ဥက္ကဋ္ဌ ဦး​ရွှေမန်း​က ပြောဆို​ပေမယ့်​ ဦး​သိန်း​ဇော်လို အခွင့်​အလမ်း​ လုပ်ပိုင်ခွင့်​မျိုး​ကို ကရင်ပြည်နယ်အတွင်း​က အမတ်​တွေက​တော့​ ရခဲ့​ကြတာ မဟုတ်ပါဘူး​။
ကရင်ပြည်နယ်​ ငြိမ်း​ချမ်း​ရေး​အတွက် ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ်​တွေက လွှတ်​တော်မှာ အဆိုတင်သွင်း​တာကို ပယ်ချခံခဲ့​ရဖူး​ပါတယ်။ အဲဒီအဆိုတင်ခဲ့​တဲ့​ ဖလုံ-စ​ဝေါ်ဒီမိုကရက်တစ် ပါတီကပဲ ငြိမ်း​ချမ်း​ရေး​အတွက် သမ္မတဆီကို ပြီး​ခဲ့​တဲ့​ လပိုင်း​က အိပ်ဖွင့်​ပေး​စာ ထပ်မံ ​ပေး​ပို့​ခဲ့​ပါတယ်။
ဒါ့​အပြင် ​ဒေသတွင်း​ငြိမ်း​ချမ်း​ရေး​အတွက် ​တော်လှန်​ရေး​အဖွဲ့​တွေနဲ့​ အစိုး​ရကြား​ ​စေ့စပ်ညှိနှိုင်း​ဖို့​အတွက် ​ကရင်ငြိမ်း​ချမ်း​ရေး​ကော်မတီတရပ်ကို ဘာသာ​ရေး​ခေါင်း​ဆောင်တွေ၊​ နိုင်ငံ​ရေး​ အင်အား​စု​တွေနဲ့​ ဖွဲ့​စည်း​ပြီး​ ကြား​ဝင်​ဆောင်ရွက်​နေ​ပေမယ့်​လည်း​ အစိုး​ရက လိုလိုလား​လား​မရှိတဲ့​ အမူအရာ ပြသခဲ့​သလို ​ခေါ်ယူသတိ​ပေး​တာ​တောင် လုပ်ခဲ့​ပါတယ်။
ဒီလိုတိုင်း​ ရင်း​သား​ဒေသ​တွေက ပဋိပက္ခ​တွေနဲ့​ပတ်သက်ပြီး​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ် အပါအဝင် ​ရွေး​ကောက်ပွဲဝင် နိုင်ငံ​ရေး​ပါတီ​တွေနဲ့​ နိုင်တကာက ​တွေ့​ဆုံး​ဆွေး​နွေး​အဖြေရှာဖို့​ အစိုး​ရကို တိုက်တွန်း​ပြောဆိုနေပါတယ်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ