.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Monday, July 11, 2011

တပ်​ပြေး​ က​လေး​စစ်သား​ကို ပြန်လည်ဖမ်း​ဆီး​နှိပ်စက်

Published on July 11, 2011 by နော်နိုရင်း   ·  (ဒီဗွီဗီ မှ ကူးယူဖေိာပြသည်)
က ​လေး​စစ်သား​အဖြစ် အဓမ္မစု​ဆောင်း​ခံရပြီး​ မိဘဆီ ပြန်လည်ထွက်​ပြေး​လာတဲ့​ အသက် ၁၅ နှစ်အရွယ် ​မောင်​ရေချမ်း​ကို တပ်က ပြန်လည်ဖမ်း​ဆီး​နှိပ်စက်​နေတယ်လို့​ မိခင်ဖြစ်သူက ​ပြောပါတယ်။
ရန်ကုန်တိုင်း ​ လှိုင်သာယာ အမှတ် ၁၂ ရပ်ကွက်မှာ​နေတဲ့​ ဦး​ညီညီနိုင်နဲ့​ ​ဒေါ်စပယ်ရဲ့​သား​ကြီး​ ​မောင်​ရေချမ်း​ဟာ ဖခင်နဲ့​စကား​များ​ပြီး​ အိမ်က​နေထွက်​ပြေး​ချိန် က​လေး​စစ်သား​အဖြစ် စု​ဆောင်း​ခံခဲ့​ရပါတယ်။
အိမ်ကထွက်သွား ​ပြီး​ ၄ လကြာမှ မိဘ​တွေကို သူဟာ သထုံ​လေ့​ကျင့်​ရေး​ တပ်စု ၁ မှာ ​ရောက်ရှိ​နေ​ကြောင်း​ ​ပြောပါတယ်။ ၂၀၀၉ ခုနှစ်က စစ်တပ်ထဲ သွတ်သွင်း​ခံရချိန် ​မောင်​ရေချမ်း​ဟာ အသက် ၁၃ နှစ်သာ ရှိ​သေး​ပေမယ့်​ စစ်တပ်က ပြန်လည်​ခေါ်ယူခွင့်​ မ​ပေး​ဘဲ ရှမ်း​ပြည် ခမရ ၃၁၂ ကို ပို့​ခဲ့​တယ်လို့​ မိခင်ဖြစ်သူ ​ဒေါ်စပယ် က ​ပြောပါတယ်။
ပြီး​ခဲ့​တဲ့​ ၂၀၁၁ ခုနှစ် ​မေလမှာ ​မောင်​ရေချမ်း​ဟာ တပ်က​နေ အိမ်ကို ပြန်​ရောက်လာခဲ့​ပြီး​ ၁၂ ရက်အကြာမှာ လှိုင်သာယာရဲနဲ့​ ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​က ဖမ်း​ဆီး​ပြီး​ လှိုင်သာယာ ရဲအချုပ်မှာ မိခင်နဲ့​ ​တွေ့​ခွင့်​မ​ပေး​ဘဲ ချုပ်​နှောင်ပြီး​ တပ်ထဲ ပြန်သွင်း​ခဲ့​ပါတယ်။
ဇွန်လမှာ ​မောင်​ရေချမ်း​ဟာ ​နောက်ခါ တပ်က​နေ ပြန်ထွက်​ပြေး​လာခဲ့​ပြီး​ အိမ်မှာ ၁ လ​လောက် ​နေရချိန် ဇူလိုင်လ ၅ ရက်​နေ့​မှာ လှိုင်သာယာရဲ၊​ ကြက်​ခြေနီ၊​ မီး​သတ်နဲ့​ ရယက​တွေ အပါအဝင် အင်အား​ ၅ဝ ​လောက်နဲ့​ ​နေအိမ်မှာ လာ​ရောက် ဝိုင်း​ဝန်း​ဖမ်း​ဆီး​သွား​ပြီး​ ခုချိန်ထိ သား​ဖြစ်သူကို ​တွေ့​ခွင့်​မရဘူး​လို့​ ​မောင်​ရေချမ်း​ရဲ့​ အ​မေ ​ဒေါ်စပယ်က ​ပြောပါတယ်။
“၇ လပိုင်း​၊​ ၅ ရက်​နေ့​ ည ၁၁ နာရီမှာ ဖမ်း​ဆီး​သွား​ခဲ့​ပါတယ်။ ရပ်ကွက် လူကြီး​ရယ်၊​ ​နောက် မီး​သတ်တပ်ကြပ်ကြီး​တွေရယ် ဝိုင်း​ပြီး​ ရိုက်ပုတ်၊​ ဖမ်း​ဆီး​ပြီး​တော့​ လှိုင်သာယာရဲစခန်း​ကို ပို့​လိုက်ပါတယ်။ ရဲစခန်း​က​နေ ၃ ရက်အကြာမှာ အုတ်ကျင်း​အကျဉ်း​စခန်း​ကို ​မောင်​ရေချမ်း​ကို ပို့​ခဲ့​ပါတယ်။ အချုပ်ခန်း​ကို ကျမက ​တောင်း​ပန်ပြီး​တော့​ လိုက်သွား​ပါတယ်။ စစ်တပ်ထဲကို ပြန်​ခေါ်သွား​ရင် သူ့​ကိုယ်သူ သတ်​သေမယ်လို့​ ကျမသား​လေး​က ​ပြောခဲ့​ပါတယ်။ အဲဒီမှာလည်း​ နှိပ်စက်ညှဉ်း​ပန်း​ခံရတယ်။”
မောင်​ရေချမ်း ​ဟာ တပ်က​နေ ထွက်​ပြေး​တာ ဒီတကြိမ်နဲ့​ဆိုရင် သုံး​ကြိမ်ရှိသွား​ပြီ ဖြစ်ပြီး​ ပထမနဲ့​ ဒုတိယအကြိမ်​တွေမှာလည်း​ ပြန်လည် ဖမ်း​ဆီး​သွား​ပြီး​ ညှဉ်း​ပန်း​နှိပ်စက်တာကို ခံခဲ့​ရတယ်လို့​ မိခင်ဖြစ်သူက ​ပြောပါတယ်။
အသက် ၁၅ နှစ်ပဲရှိ​သေး​တဲ့​ ​မောင်​ရေချမ်း​ကို တပ်မ​တော်အရာရှိ​တွေက ပြန်လွှတ်​ပေး​ဖို့​လည်း
မိခင်ဖြစ်သူက ​တောင်း​ဆိုပါတယ်။
“ကျမအ​နေနဲ့​က ​တော့​ ကျမသား​လေး​ကို လွတ်လွတ်ကျွတ်ကျွတ်နဲ့​ ​နေ​စေချင်တယ်။ တပ်မ​တော်မှာ တာဝန်ထမ်း​ဆောင်တာကို လွတ်​စေချင်တယ်။ အကူအညီ​တောင်း​ချင်တယ်။ အခုလို ကျမခံစား​သလို သူတို့​မခံစား​ရပါ​စေနဲ့​လို့​၊​ ကျမသား​လေး​ကိုလည်း​ လွတ်လွတ်လပ်လပ်နဲ့​ သွား​လာနိုင်ပါ​စေလို့​ ဆု​တောင်း​ပါတယ်။ ​နောက်တခါ က​လေး​တွေကို ဒီလိုမလုပ်ပါနဲ့​လို့​ ကျမ ​တောင်း​ဆိုချင်ပါတယ်။”
မောင်​ရေချမ်း ​ ပြန်လည်လွတ်​မြောက်ဖို့​အတွက်လည်း​ က​လေး​စစ်သား​အ​ရေး​ ကူညီ​ဆောင်ရွက်​နေတဲ့​ HRDP လူ့​အခွင့်​အ​ရေး​အဖွဲ့​ကလည်း​ အိုင်အယ်လ်အိုကို ကူညီ တိုင်ကြား​ပေး​နေပါတယ်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ