.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Monday, July 11, 2011

ရဲတံခွန်လုပ်ကွက်တွင် ရဟတ်ယာဉ်ပျက်ကျ၊ လူ ၃ ဦးသေဆုံး

E-mail Print
တနင်္သာရီ ကမ်းလွန် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် တူးဖော်နေသည့် မလေးရှားနိုင်ငံပိုင် ပက်ထရိုးနပ်စ် ကုမ္ပဏီမှ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တစီး ယနေ့ နံနက်ပိုင်းက ပင်လယ်ပြင် အတွင်း ပျက်ကျသွားရာ လူ ၃ ဦး သေဆုံးသွားသည်။

yetagun-blog
ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှ လုပ်ကွက်တခု မြင်ကွင်း (ဓာတ်ပုံ - 3kachin.blogspot.com)
ရဟတ်ယာဉ်မှာ မလေးရှားနိုင်ငံပိုင် ပက်ထရိုးနပ်စ် ရေနံကုမ္ပဏီက သယ်ယူပို့ဆောင်ရေးအတွက် ပြင်သစ်အခြေစိုက် ဟယ်လီ ယူနီယံ Heli Union ကုမ္ပဏီမှ ငှားရမ်းသုံးစွဲထားသည့် ရဟတ်ယာဉ်ဖြစ်ကြောင်း၊ ရဟတ်ယာဉ်ပေါ်တွင် လူ ၁၄ ယောက် လိုက်ပါ လာကြောင်း ပက်ထရိုနပ်စ်နှင့် နီးစပ်သူတဦးက ပြောသည်။

“တွင်းတူးစင်ကို အသွား ၃ မိနစ်အတွင်းမှာ ပျက်ကျတာ၊ ရေထဲရောက်တော့ စောက်ထိုးဖြစ်နေတယ်၊ ဒါပေမယ့် ဗော့တွေပါတော့ နစ်မသွားဘူး ပေါ်နေသေးတယ်” ဟု ၎င်းကဆိုသည်။

တွင်းတူးစင်တွင် အလုပ်လုပ်ကိုင်နေသူများနှင့် လူချင်းလဲလှယ်ရန် အသွားတွင် ပျက်ကျသွားခြင်းဖြစ်ပြီး ၁၁ ဦးကို ကယ်ဆယ် နိုင်ပြီး ရဟတ်ယာဉ်မောင်းသူ အပါအ၀င် မြန်မာ ၃ ဦးသေဆုံးသွားခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

အဆိုပါ ရဟတ်ယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Heli Union ရဟတ်ယာဉ် ကုမ္ပဏီသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းရာ ပျက်ကျမှုမှာ မှန်ကန်ကြောင်း၊ သေဆုံးသူများ၏ အမည်နှင့် အသေးစိတ် အချက်အလက်ကို စုံစမ်းဆဲ ဖြစ်ကြောင်း ကုမ္ပဏီ၏ ပြောခွင့်ရ ပုဂ္ဂိုလ် Ms.Pasi က ဧရာဝတီသို့ ပြောသည်။

တနင်္သာရီ ကမ်းလွန်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးတွင် မလေးရှားနိုင်ငံပိုင် ပက်ထရိုးနပ်စ် ကုမ္ပဏီအပြင် ထိုင်းနိုင်ငံပိုင် Ptt စွမ်းအင်ကုမ္ပဏီ၊ ပြင်သစ်ပိုင် တိုတယ် ကုမ္ပဏီများ လုပ်ကိုင်နေသည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ