2011-07-10
ရှမ်းပြည်တောင်ပိုင်း တောင်ကြီး- လွိုင်လင်ကားလမ်းပေါ်ရှိ ခေါင်နွဲ့ရွာ အနီးမှာ ဇူလိုင်လ ၉ ရက်နေ့ မနက် ၇ နာရီခွဲလောက်က ယာဉ်တန်းတတန်းကို ဆက်ကြေးတောင်းခံနေတဲ့ SSA တပ်ဖွဲ့နဲ့ မိုင်းပွန် အခြေစိုက် ခမရ (၅၁၃) တပ်ဖွဲ့တဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့ တယ်လို့ သတင်းရရှိပါတယ်။
စစ်အစိုးရအား တိုက်ခိုက်နေသည့် SSA
ရှမ်းလက်နက်ကိုင် တပ်သားများကို စက်သေနတ် လက်နက်ကြီးမျြားဖင့် အသင့်အနေအထား
တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
သေနတ်သံကြောင့် အဲ့ဒီဒေသကို ခရီးထွက်လာတဲ့ ခမရ (၅၁၃) တပ်ရင်းမှူးနဲ့ အဖွဲ့ ရောက်ရှိလာရာမှာ ဆက်လက် တိုက်ပွဲဖြစ်ပွားပြီးနောက် SSA ဘက်က ၃ ယောက် ကျဆုံးပြီး မြန်မာစစ်တပ်ဘက်က တပ်ရင်းမှူး ဒဏ်ရာရရှိသွားတဲ့အတွက် ခွဲစိတ် ကုသနေရတယ်လို့ ဆိုပါတယ်။
အဲ့ဒီနေ့ တနေ့တည်းမှာပဲ မိုင်းရှူးမြို့နယ်က ရဲစခန်းတခုရှေ့မှာ ဗုံးတလုံး ပေါက်ကွဲတဲ့အပြင် မပေါက်ကွဲသေးတဲ့ ဗုံးတလုံးကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် လူသူ ထိခိုက်မှု ရှိမရှိ ကိုတော့ မသိရသေးပါဘူး။
No comments:
Post a Comment