.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Monday, July 11, 2011

စစ်ကား ၅၂ စီးစာ အိန္ဒိယ စစ်လက်နက်များ မြန်မာစစ်တပ်က သယ်ဆောင်သွား

အိန္ဒိယ နိုင်ငံအရှေ့မြောက်ဖက်မဏိပူရ်ပြည်နယ် မိုးရေးမြို့ မှ စစ်လက်နက်အပြည့်တင်ဆောင်လာသော မြန်မာစစ်တပ်သုံး စစ်ကား ၅၂ စီးသည် ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့က စစ်ကိုင်းတိုင်း တမူးမြို့မှ တဆင့် မြန်မာပြည်တွင်းသို့ ထွက်ခွါသွား ကြောင်း သိရသည်။
” မြန်မာ စစ်ကားတွေဟာ ဇူလိုင်လ ၃ ရက်နေ့က မိုးရေးမြို့ကို ၀င်သွားပြီးတော့ ဇူလိုင် ၇ ရက်နေ့မှာ မိုးရေးကနေ လက် နက် အပြည့်နဲ့ပြန်ထွက်လာ တယ်၊ မိုးကာအုပ်ထားပေမဲ့ လက်နက်သေတ္တာတွေ အပြည့်ပဲ” ဟု တမူးမြို့မှ အမည်မ ဖော်လို သူတဦးက ပြောသည်။
ဆက်လက်ပြီး ”  မိုးရေးမြို့မှ ချင်းအမျိုးသား ကုန်သည်တဦးက မြန်မာစစ်ကားတွေ မိုးရေးမြို့ကနေ လက်နက်တင် ဆောင်လာလိမ့်မယ်လို့ ဖုန်းထဲကနေ လာပြောတယ် ၊ လက်နက်အမျိုးအစားတော့ မသိရပါ ” ဟု ပြောသည်။
အဆိုပါ စစ်ကားများသည် တမူးမြို့မှ တဆင့် ကလေးမြို့ကို ညတွင်းချင်းဝင်ပြီး တဆက်တည်း နတ်ချောင်းကနေ မကွေး တိုင်း ဂန့်ဂေါ လမ်းဖက်သို့ ထွက်သွားကြောင်း သိရသည်။
” မန္တလေးမြို့ကို ထွက်သွားပုံရတယ်၊ ကားရှေ့မှာ ကားဒရိုင်ဗာနဲ့ တခြားစစ်သားတဦးထိုင်ကြတယ်” ဟု ကလေးမြို့မှ ဒေသခံမျက်မြင် တဦးက ပြောသည်။
အဆိုပါလက်နက်များသည် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်ဖက်ကို တင်ပို့ဖို့ဖြစ်နိုင်ကြောင်း ကလေးမြို့မှ ကုန်သည် တဦးက ဆိုသည်။
ဇွန်လ ၁၄ ရက်နေ့က ကချင်ပြည်သို့ စစ်ကူပို့မည့် ချင်းပြည်နယ် မှ စစ်အစိုးရစစ် သားများသယ် ဆောင်သော ဘာစ်ကား တစီး တိမ်း မှောက်ခဲ့ပြီး စစ်သား ၄၀ ဦး ဒါဏ်ရာ ရရှိခဲ့သည်။
မြန်မာစစ်အစိုးရ နှင့် ၁၇ နှစ်ကြာမျှ ငြိမ်းချမ်းရေး ရယူခဲ့သော ကေအိုင်အို သည် စစ် အစိုးရ နှင့် ယခုနှစ်အတွင်း စစ်ရေး တင်းမာခဲ့ လာခဲ့ရာ ဇွန် ၉ ရက် နေ့က စပြီး တိုက်ပွဲများ ဆက်တိုက်  ဖြစ်ပွားနေသည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ