.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Tuesday, July 12, 2011

ဝင်ရိုး


by Zay Yar on Wednesday, July 13, 2011 at 9:05am
ညနေ ၅ နာရီခွဲခန့်အချိန်….
“ဝေါ… ဂလုံး..ဂလုံး.. ဂျိမ်း..”
“အား.. သေပါပြီ”
“ဘုရားရှင် ကိုယ်တော်မြတ်ကြီး ကယ်တော်မူပါ”
ပြင်းထန်လှတဲ့အရှိန်နဲ့ လဲပြိုသံ၊ ကမ္ဘာပျက်ခမန်း ငရဲခန်းတမျှ ထွက်ပေါ်လာတဲ့ ကြောက်မက်ဖွယ်ရာ အော်ဟစ် ညည်းတွားသံတွေက ကြက်သီးဖျင်းဖျင်း ထစေ၏။
“ဟိုက်.. ဘာဖြစ်တာပါလိမ့်” ဆိုတဲ့သိချင်စိတ်ရဲ့ စေ့ဆော်မှုကြောင့် အပြေးလေးထွက်ကြည့်မိတော့.. မိုးလေ၀သ အခြေအနေကို စူးစမ်းနေတဲ့ကားဘီး.. မြေအပျော့အမာကိုစမ်းသပ်နေတဲ့ ကားအမိုး.. ခြေကျိုးလက် ကောက်၊ ထိပ်ပေါက်ခေါင်းကွဲ သွေးသံရဲရဲနဲ့ အော်ဟစ်ညည်းတွားနေတဲ့ အရွယ်စုံလူသားတွေရဲ့ ဖြစ်စဉ်က ယနေ့အထိ မြင်ကွင်းထဲကမထွက်၊ နီးစပ်ရာရပ်ဝန်းမှလူတွေက အခြေအနေမှန်သိလိုတာရယ်၊လူသားချင်း စာနာထောက်ထားစိတ်နဲ့ အကူအညီပေးရန် ပြေးလွှားလာကြတာ.. တချို့တချို့ ပုဆိုးတောင်ကျွတ်ကျ သည်ထိပင်။
          ဒဏ်ရာရ လွင့်စင်ကျလာတဲ့ ခရီးသည်တွေကို ဖေးကူ၊ ကားကြားညပ်နေသူတွေကိုဆွဲထုတ်၊ သက်ဆိုင်ရာကိုအကြောင်းကြား စသည့်အလုပ်တွေနဲ့ရှုပ်သွားကြလေတော့ အဖြေမှန်ကိုစပ်စုရန် အချိန်မရ။ ဒါကလည်း တကယ်တော့ အဓိကမကျဘူးလေ။ သက်ရှိတွေ ဘေးအန္တရာယ်ကင်းရှင်းရေးက
ဦးစားပေးအဆင့် ဖြစ်နေတာကိုး။ ယာဉ်ထိန်းရဲ၊ မီးသတ်၊ ကြက်ခြေနီတွေအပြင် အထောက်အကူပြု လူမှုအဖွဲ့အစည်းတွေ ရောက်လာပြီး အရေးပေါ်ဆောင်ရွက်ကြ၏။ ရလဒ်က (၄)ယောက်သေ၊ (၅)ဦးစိုးရိမ်ရ၊ (၁၁)ဦးထိခိုက်ဒဏ်ရာရ ပေါ့။ အရေးပေါ်ဆောင်ရွက်ရမယ့် ကိစ္စတွေပြီးတော့ ဘာ့ကြောင့်ဖြစ်တာလဲဆိုပြီး စပ်စုကြည့်လိုက်မှ“ ကားဝင်ရိုး ကျိုးပြီးမှောက်တာ” တဲ့။ ၀င်ရိုးလို့ဆိုတဲ့ သံချောင်းလေးကျိုးတာနဲ့ ရလိုက်တဲ့ဆိုးကျိုးက အတော်ကိုရင်နင့်စရာ ကောင်းပါလား။
          မျက်မှောက်ရှေ့ကဖြစ်စဉ်ဆိုတော့ တတ်နိုင်တဲ့အစွမ်းနဲ့ ကူညီဆောင်ရွက်ပေးရတာပေါ့။ ပြီးတာနဲ့ ပေကျံနေတဲ့ သွေးစသွေးနတွေ ဆေးကြောသုတ်သင်ပြီး တစ်ကိုယ်ရည်သန့်စင်မှု ဆောင်ရွက်ရပြန်တာပေါ့။ ကြေကွဲစရာ၊ အော့နှလုံးနာစရာကောင်းတဲ့ မြင်ကွင်းက မျက်စိထဲကမထွက်တာကြောင့် စားသောက်ဖို့တောင် စိတ်မပါလှဘူး။ ဒါကြောင့် ကော်ဖီတစ်ခွက်ဖျော်ပြီးသောက်မယ်အကြံနဲ့ ပက်လက်ကုလားထိုင်ပေါ် ထိုင်ချရုံ ရှိသေး….
          “ကမ္ဘာကြီးသည် နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီဂရီတိမ်းစောင်း၍ မိမိဝင်ရိုးပေါ်တွင် ပုံမှန်လည်ပတ်နေ ခြင်းကြောင့် နေနှင့်ည ဖြစ်ပေါ်လာရသည်” ဆိုတဲ့ တူမငယ်လေးရဲ့ စာဖတ်သံက ကျနော့နားဝကို ၀င်လာပါလေ ရော့လား..။ “၀င်ရိုးဆိုတာ ဘာကြောင့် ဒါလောက်အရေးပါနေရပါလိမ့်” လူပြိန်းတွေးတွေးနေမိတော့၏။
………………………………………………………………………………………
မိသားစု အားလုံး နံနက်စာအဖြစ် အမေစီစဉ်ထားတဲ့ ထမင်းကြော်နဲ့ကော်ဖီ စားသုံးနေစဉ်..
“အဖေ.. သားမရှင်းတာလေးတစ်ခု မေးချင်လို့ပါ”
“ဟေ… ဘာများတုန်း သားငယ်ရဲ့..”
“၀င်ရိုးဆိုတာကို အဓိပ္ပါယ်နဲ့ သူရဲ့အရေးပါမှုကဏ္ဍကို နည်းနည်းရှင်းပြပါလား”
“သြော်.. ဒါလား.. အေး အေး.. အဖေသိသလောက်ရှင်းပြမယ်.. ဒီလိုကွ… ၀င်ရိုးကို အင်္ဂလိပ်လို Axis လို့သုံးသလို Axle လို့လည်း သုံးလေ့သုံးထရှိတယ်။ အဓိပ္ပါယ်ဖွင့်မယ်ဆိုရင်တော့ လည်ပတ်မှုပြုနိုင်တဲ့ အရာဝတ္ထုများ၊ အခြေအနေများ၏ ဗဟိုတွင် မဏ္ဍိုင်အဖြစ်တည်ရှိပြီး ဟန်ချက်မပျက် ပုံမှန်လည်ပတ်နိုင်အောင် ဆောင်ရွက်ပေးတဲ့အရာလို့ နားလည်ထားပေါ့ကွာ.. ဥပမာအားဖြင့် ကမ္ဘာ့ဝင်ရိုးတို့ ကားဝင်ရိုးတို့ စသဖြင့်ပေါ့..။
ဒါပေမယ့်ကွ.. အဖွဲ့အစည်း၊ အသင်းအပင်းတွေမှာလည်း သူတို့ရဲ့လုပ်ငန်းယန္တရား ပုံမှန်လည်ပတ်နိုင် အောင် ဟန်ချက်မပျက်အောင် ထိန်းညှိပေးတဲ့ မူဝါဒတို့ စည်းကမ်းတို့ လုပ်ထုံးလုပ်နည်းတို့ ဆိုတာတွေဟာ လည်း လက်နဲ့ဆုပ်ကိုင်ပြလို့မရနိုင်ပေမယ့် ၀င်ရိုးလို့ယူဆနိုင်တယ်။ အကယ်၍ပေါ့ကွာ ၀င်ရိုးတစ်ခုရဲ့ကြံ့ခိုင် တောင့်တင်းမှုနဲ့ ခိုင်မာမှုမရှိတော့ရင် ပုံမှန်လည်ပတ်မှုကို ယိမ်းယိုင်ထိခိုက်စေနိုင်တယ်။ အနှောက်အယှက်ဖြစ် စေနိုင်တယ်။
ဒီနေ့ပဲကြည့်ကွာ.. ကားဝင်ရိုးကျိုးပြီး ပုံမှန်လည်ပတ်မှုယန္တရားပျက်ယွင်းမှုကြောင့် လူတွေဒုက္ခရောက် လိုက်ကြတာ မမြင်ရက်မကြားရက်လောက်အောင်ပဲ။ ဒါဟာယာဉ်ငယ်တစ်စီးရဲ့ ၀င်ရိုးပျက်တာပဲရှိသေးတယ်။ ကမ္ဘာ့ဝင်ရိုးသာ ပုံမှန်ရှိရင်းစွဲအနေအထားကနေ ပိုတိမ်းစောင်းသွားခဲ့ရင် မြေပြင်ရေပြင်အနေအထားတွေပျက်ပြီး မြေပြိုတာ၊ရေကြီးတာ၊ရာသီဥတုဖောက်ပြန်တာတွေဖြစ်ပြီး သက်ရှိသက်မဲ့တွေအတွက် ခန့်မှန်းမရနိုင်တဲ့ ဆိုးကျိုးတွေ သက်ရောက်နိုင်တယ်။ ဒါတွေအားလုံးဟာ ၀င်ရိုးရဲ့ အရေးပါအရာရောက်မှုကို ဖော်ညွှန်းတာပေါ့။ အဖေနားလည်ထားသလောက်ရှင်းပြတာပါ.. ဘယ်စာအုပ်ကလဲ.. ဘယ်ပညာရှင်ကပြောတာလဲလို့ အခိုင်အမာ သက်သေတော့ အဖေမပြနိုင်ဘူးသားရေ.. လို့ အေးအေးလူလူ ရှင်းပြခဲ့တယ်။
ပေးအပ်တဲ့တာဝန်တွေ ထမ်းဆောင်ခဲ့ပြီး သာမန်ခွင့်တစ်လနဲ့ အိမ်ပြန်နားချိန်ပေါ့။ ဘာမှရေရေရာရာ ဝေဖန်သုံးသပ်တတ်တာမရှိတဲ့ စစ်မှုထမ်းကိုပြပါဆိုရင် ကျနော်ပဲဖြစ်မယ် ထင်ပါရဲ့။ အခုလို အနိဌာရုံမြင်ကွင်းနဲ့ ကြုံရာက သိချင်တာလေးတွေ သိခွင့်ရတော့ ကျေနပ်သယောင်ဖြစ်မိပေမယ့် ဘ၀င်မကျသေးတဲ့ ကျနော့ရဲ့ စိတ်အစဉ်ဟာ အခြေခံစစ်ပညာသင်တန်းဆိုတဲ့ အတိတ်ကိုလွင့်စင်သွားပါလေရော့လား…
“ ဟေ့.. ပဲကတုံးတွေ.. ဒီသင်ပုန်းပေါ်မှာရေးထားတာကို မင်းတို့ရဲ့ မှတ်စုစာအုပ်ထဲကူးထားပါ။ ပြီးရင် အာဂုံဆောင်နိုင်အောင်ကျက်ပါ.. နောက်နောင်ကျရင် လက်တွေ့ကျကျ ကျင့်သုံးနိုင်အောင်ကြိုးစားပါ။ နေရာ မရွေး အချိန်မရွေး စစ်မေးမယ်၊ ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေတာတို့.. မရသေးတာတို့ ဆင်ခြေတွေကို လုံးဝ(လုံးဝ) မလိုချင်ဘူး။ အဲဒီအခြေအနေမျိုး ဖြစ်နေရင် ဘယ်လိုချီးမြှင့်မြှောက်စားခြင်း ခံရမလဲဆိုတာ ကတော့ ဆရာ့စိတ် ထဲမှာပဲရှိတယ်..”  လို့ မနားတမ်းသြ၀ါဒပေးပြီး “ဆက်လုပ်” ဆိုတဲ့ ခွင့်ပြုမိန့်ပေးကာ နည်းပြများအတွက် သတ်မှတ်ထားတဲ့ နေရာမှာ ထိုင်နေတော့၏။
အဲဒီအချိန်က သင်ကြားခဲ့ရတဲ့ သင်ခန်းစာခေါင်းစဉ်က “ပြည်သူလူထုအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ် (၁၀) ပါး”ပေါ့…။
(က) ပြည်သူလူထုအပေါ် သစ္စာစောင့်သိရိုသေပါ။
(ခ)   ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်ပါ။
(ဂ)   ပြည်သူလူထုနှင့် ယဉ်ကျေးစွာဆက်ဆံပါ၊ ရေလိုလလိုကျင့်ပါ။
(ဃ)  ပြည်သူလူထု၏ အကျိုးကို အစဉ်ဦးထိပ်ထားပါ။
 (င)   ပြည်သူလူထုအာ    လှောင်ပြောင်ခြင်း /မထီမဲ့မြင်ပြုခြင်း/စော်ကားမော်ကားပြုခြင်း/                         ဆဲရေးတိုင်းထွာခြင်း/   ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းနှင့်   ခြိမ်းခြောက်ခြင်းတို့ကို                                                                                                                 ရှောင်ကြဉ်ပါ။
(စ)    ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ။
(ဆ)  မိမိနှင့်မသက်ဆိုင်သောအမှုကိစ္စများတွင် ၀င်မစွက်မိဖို့ သတိပြုပါ။
(ဇ)    ပြည်သူလူထုကို ဦးစားပေးပါ၊ မိမိမှအခွင့်အရေး ပိုမယူပါနှင့်။
(ဈ)   ပြည်သူလူထုအတွက် ဘာပဲလုပ်လုပ်၊ ဘာပဲခိုင်းခိုင်း ပြည်သူလူထုက ကြည်ဖြူကျေနပ်ပါစေ။
(ည)  ပြည်သူလူထု၏ ဘာသာအယူဝါဒ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကို လေးစားပါ။
ကောင်းလိုက်တဲ့ပြဌာန်းချက်ဗျာ… စနစ်တကျပြုစုပျိုးထောင် လေ့ကျင့်သင်ကြားပေးလိုက်တာတွေကို တကယ်လိုက်နာကြပါရဲ့လားလို့ စဉ်းစားမိ၏။ တဆက်တည်းမှာ သင်ကြားခဲ့ရမှု သင်ခန်းစာရယ်၊ လက်တွေ့ဖြစ် စဉ်တွေရယ် ကြုံရကြားရမှု (တပ်နှင့်ပြည်သူ ပဋိပက္ခများ)တွေကို ရုပ်ပုံတစ်ခု၏ အပိုင်းအစများကို အံဝင်ခွင်ကျ ဖြစ်အောင် တစ်ခုနှင့်တစ်ခု ဆက်စပ်သောဥာဏ်စမ်းကစားနည်း ( Jigsaw) အတိုင်း တစ်စစီ၊တစ်စစီ ကျနော့ တစ်ကိုယ်တည်း ဆက်စပ်ကြည့်တော့…
“ ဟိုက်.. ဒါ…ဒါ…ဒါဆိုရင် ဒေါက်တိုင်ငယ် တစ်ခုအဖြစ်ငါပါဝင်ပတ်သက်နေတဲ့ စစ်ဖက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ လည်ပတ်မှု ယန္တရားကို ထောက်ကန်ထားတဲ့ ၀င်ရိုးဟာ မြင်မကောင်း ကြားမကောင်းအောင် တိမ်းစောင်းနေပါရော့လား… “တပ်နဲ့ပြည်သူ အမြဲကြည်ဖြူ” ဆိုတဲ့ ဆောင်ပုဒ်ပါဆက်ဆံရေး တစ်နေ့တစ်ခြား ဆိုးဝါးလာနေမှုက “ တပ်နဲ့ပြည်သူ အမြဲရန်သူ” လို့ ပြောင်းပစ်ရတော့မလိုတောင် ဖြစ်နေပါတော့လား…
တဆက်တည်းမေးချင်တာက… “တရားခံ ဘယ်သူလဲဟေ့”


ဇေယျာ (စစ်သည်ဟောင်း)
၁၀ ဇူလိုင် ၂၀၁၁ုးံ့

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ