.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Tuesday, May 10, 2011

ပထမအကြိမ် အာဆီယံ-အီးယူ စီးပွားရေးဆွေးနွေးပွဲတွင် ထားဝယ် ရေနက်ဆိပ်ကမ်း၌ လာရောက် ရင်းနှီးမြှုပ်နှံရန် မြန်မာနိုင်ငံဘက်မှ ဖိတ်ခေါ်

PDF Print E-mail
AddThis Social Bookmark Button
63214 ပထမအကြိမ် အာဆီယံ-အီးယူ စီးပွားရေးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် ပတ်သက်သော အချက်အလက်များကို တင်ပြခဲ့ပြီး လာရောက် ရင်းနှီးမြှုပ်နှံရန် မြန်မာနိုင်ငံဖက်မှ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဆွေးနွေးပွဲကို မေလ ၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ ဂျကာတာကွန်ဗင်း ရှင်းစင်တာ၌ ကျင်းပခဲ့ခြင်းဖြစ်ကာ (၁၈)ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့်အတူ  ကျင်းပခဲ့ခြင်းဖြစ်သည်။
'ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကို အီးယူကနေ လာရောက်ရင်းနှီးမြှုပ်နှံတာတွေ လျော့ကျလာတဲ့ အကြောင်းရယ်နဲ့ မြန်မာနိုင်ငံက ထားဝယ်ရေနက်ဆိပ်ကမ်းမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ကို  ဆွေးနွေးဖိတ်ခေါ်သွားမှာပါ''ဟု မြန်မာနိုင်ငံ  အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌဦးအောင်ခင်မြင့်က ဆွေးနွေးပွဲမစတင်မီ ဂျကာတာကွန်ဗင်းရှင်းစင်တာအတွင်း ၌ Weekly Eleven News ဂျာနယ် နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
အာဆီယံ-အီးယူ စီးပွားရေးဆွေးနွေးပွဲ၌ ဦးအောင်ခင်မြင့်က ဆွေးနွေးပွဲ၏ အဓိကအကြောင်းအရာများ အနက်တစ်ခုဖြစ်သော အခြေခံအဆောက်အဦကဏ္ဍ ခေါင်းစဉ်အောက်တွင် ပါဝင်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
"အီးယူနဲ့ မြန်မာနိုင်ငံကြားမှာတော့ ရင်းနှီးမြှုပ်နှံမှုက ဒီနှစ်ပိုင်းတွေမှာ ကျဆင်းသွားတယ်။ ၁၉၉၅ ခုနှစ်ကနေ ၁၉၉၈ ခုနှစ် ကြားကာလမှာ မြန်မာနိုင်ငံမှာ အီးယူရဲ့ လာရောက်ရင်းနှီးမြှုပ်နှံမှုက  ၂ ဒသမ ၁ ရာခိုင်နှုန်းရှိနေရာက နေ  ၂၀၀၈ ခုနှစ်မှာတော့ ၁ ဒသမ ၁ ရာခိုင်နှုန်းသာ ရှိတော့တယ်။ အီးယူရဲ့ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတွေကို ပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံက အောက်ကရေတွက်ရင်နံပါတ်သုံးနေရာမှာ ရှိနေပါတယ်''ဟု ဦးအောင်ခင်မြင့်က ဆက်လက်ပြောကြားခဲ့သည်။
ပထမအကြိမ် အာဆီယံ-အီးယူဆွေးနွေးပွဲ၏ အခြေခံအဆောက်အဦကဏ္ဍအောက်၌ ဦးခင်အောင်မြင့်က အာဆီယံနှင့်အီးယူအကြား ကုန်သွယ်မှု ကိန်းဂဏန်းများကို ပြန်လည်သုံးသပ်ခြင်း၊ အခြေခံအဆောက်အဦနှင့် ဆက်သွယ်မှုဆိုင်ရာကိစ္စရပ်များအား တွင်ကျယ်စွာအသုံးပြုနိုင်မည့် ကိစ္စရပ်များတွင် မြန်မာနိုင်ငံ၏ ပထ၀ီအနေအထားကို ဗဟိုပြု၍ ပြောကြားခြင်းတို့ဖြင့် ဆွေးနွေးခဲ့သည်။
ASEAN Intellectual Property Association မှ Councillor  ဦးမင်းတေဇညွန့်တင်က ''အီးယူ-မြန်မာကုန်သွယ်ရေးမှာ ကျွန်တော်တို့ဖက်က အများကြီးပြင်ဖို့လိုတယ်ဗျ။ နံပါတ်(၁)ကအခြေခံက စပြောရမယ်ဆိုရင် အွန်လိုင်းစနစ်အားလုံးကို Perfect ဖြစ်ဖို့လိုတာပေါ့။ Delayတွေ၊ Delay တွေဖြစ်နေတာလေ။ အခု တင်ပဲကြည့်ဗျာ။ UMFCCI က Delegate တွေ ကတ်တွေ မရခဲ့ဘူး။  ရန်ကုန်ကနေ သူတို့ပို့တယ်။ Attachment အနေနဲ့ ဓာတ်ပုံတွေ၊ ပတ်စ်ပို့ကော်ပီတွေ ပို့ရတယ်။ ပို့တဲ့ အခါကျတော့ တစ်ခုခုဖြစ်တော့ ကျွန်တော်တို့လို ကတ်တွေ မရဘူး။ သူတို့သာအဖွဲ့အစည်းမဟုတ်ဘဲနဲ့ဟို တစ်သီးပုဂ္ဂလတစ်ဦးချင်းသာဆိုရင် ဒီကိုရောက်မှာမဟုတ်ဘူး။ နောက် Infrastructure ပေါ့။ ပြီးရင် Hygienic ပေါ့။ နံပါတ်(၂)က Financial ပေါ့။ ပိတ်တာဆို့တာတွေပေါ့။  အဲဒါတွေက လွယ်လာဖို့လိုတယ်။ နောက်ပြဿနာတစ်ခု က Country of Origin ပေါ့။ ကျွန်တော်တို့ထုတ်ပြီး ကျွန်တော်တို့ထုတ်တာမဟုတ်ဘူး ဖြစ်ဖြစ်နေတယ်။ ကျွန်တော်တို့ထုတ်ကုန် သို့သော် Country of Origin ပျောက်ပျောက်နေတာပေါ့။ အဲဒီ Country of Origin တွေ ပျောက်တာကလည်း သူတို့ရဲ့ Senctions တွေ၊ Embargos တွေကို ဖျောက်ယူရတာကိုး။ တစ်ကယ်လို့ အဲဒါတွေအကုန် လုံးကို Liberalized  ဖြစ်အောင် ညှိနှိုင်းလို့ရရင် ကုန်သွယ်မှုက အများကြီးတက်လာနိုင်ပါတယ်''ဟု ဂျကာတာ ကွန်ဗင်းရှင်းစင်တာအတွင်း၌ Weekly Eleven News ဂျာနယ် နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံနှင့် အီးယူကြား ကုန်သွယ်မှုသည် ၂၀၀၆ ခုနှစ်တွင် ယူရို ၃၈၇ သန်း၊ ၂၀၀၇ ခုနှစ်တွင် ယူရို ၄၂၆ သန်း၊ ၂၀၀၈ ခုနှစ်တွင် ယူရို ၂၈၉ သန်း၊ ၂၀၀၉ ခုနှစ်တွင် ယူရို ၂၄၈ သန်း၊ ၂၀၁၀ ပြည့်နှစ်တွင် ယူရို ၂၄၄ သန်း ရှိကြောင်း အီးယူ (ဥရောပသမဂ္ဂ)၏ ထုတ်ပြန်ချက်အရ သိရသည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ