May 12th, 2011 လွတ်လပ်သော မွန်သတင်း အေဂျင်စီ - ထိုင်းအစိုးရ ပြုလုပ်ပေးမည့် တရားဝင် အလုပ်လုပ်ခွင့် လက်မှတ် (work permit) ကိစ္စအား ထိုင်းနိုင်ငံသို့ တရားမဝင် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အထူးစိတ်ဝင်စားလျက် ရှိကြောင်း သိရသည်။
“ကျနော်က အသစ်ရောက်လာတာမို့ဘာလက်မှတ်မှ မရှိဘူး၊ ဒါကြောင့် ဘယ်ကိုမှ မသွားလာရဲဘူး၊ အခု work permit လုပ်ဖို့ စာရင်းသွင်းထားပြီးပြီ၊ ဘယ်လောက်ပဲ ကုန်ကျပါစေ၊ အေးအေးဆေးဆေး နေထိုင်ရဖို့အတွက် လုပ်ကို လုပ်ရမှာပဲ” ဟု အလုပ်လုပ်ခွင့် လက်မှတ် မရှိသေးသူ မင်းဘလိုင်က ပြောသည်။
ရာဘာစေးခြစ် လုပ်သား မင်းခိုင်ဦး ကလည်း “အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ရရှိဖို့ သူဌေးကို ပြောထားပြီးပြီ၊ ဒီလက်မှတ် ရပြီးမှ ပတ်စပို့ လုပ်လို့ရမယ်၊ ပတ်စပို့ ရပြီးရင်တော့ မြို့ကြီးတွေဘက်ကို အလည်တခေါက်လောက် သွားချင်တယ်” ဟု ဆိုသည်။
ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ် လုပ်ကိုင်နေသူများအား တနှစ်သက်တမ်း တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ထုတ်ပေးရန် ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့တွင် ထိုင်းအစိုးရက ဆုံးဖြတ်ချက် ချခဲ့ကြောင်း Bangkok post သတင်းစာ၌ ရေးသား ဖေါ်ပြခဲ့သည်။
လာမည့် ဇွန်လတွင် ပြုလုပ်ပေးမည်ဟု သိရပြီး လက်မှတ် မရှိသေးသော အလုပ်သမား အများအပြား စာရင်းပေးသွင်းထားကြကာ တဦးလျှင် ဘတ်ငွေ ၅၈၀၀ ခန့် ကုန်ကျကြောင်း အလုပ်သမားများထံမှ သိရသည်။
ယခုအကြိမ် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ထုတ်ပေးခြင်းသည် နောက်ဆုံးအကြိမ် ဖြစ်နိုင်သည်ဟု Bangkok post သတင်းစာ၌ ရေးသားဖေါ်ပြသည်။
“work permit မရှိ၊ ပတ်စပို့ မရှိရင် ဘယ်ကိုမှ သွားလို့ မရဘူး။ ရဲတွေ ဖမ်းမိရင် ဒဏ်ငွေ ဘတ်နှစ်သောင်း သုံးသောင်းလောက် ဆောင်ရမယ်၊ မပေးနိုင်ရင်တော့ ပြန်အပို့ခံရမယ်။ ဒါ့ကြောင့် အေးအေးဆေးဆေး အလုပ်လုပ်ပြီး နေထိုင်နိုင်ဖို့ အားလုံးလိုလို လက်မှတ် လုပ်ကြတာချည်းပဲ” ဟု အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ရရှိထားသူတဦးက ပြောသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖွန်ဒေသရှိ ရာဘာခြံ လုပ်သား မင်းဗညားချမ်းကလည်း “ကျနော့် အသိတွေ တော်တော်များများ ပတ်စပို့ ရှိကြတယ်၊ သူတို့နေရပ် ပြန်ရင် ဘတ် ၈၀၀ ပဲ ကုန်တယ်၊ ဒါကြောင့် ဒီအလုပ်လုပ်ကိုင်ခွင့် လက်မှတ်ကိစ္စကို ကျနော် သိပ်စိတ်ဝင်စားတယ်” ဟု ပြောသည်။
အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ရရှိပြီးသူများ တနှစ်တကြိမ် သက်တမ်း တိုးရမည် ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် သက်တမ်းတိုးရန် အလုပ်သမား ၉၃၂ ၂၅၅ ဦး စာရင်း သွင်းထားသော်လည်း ယခုနှစ် ဖေဖေါ်ဝါရီလ ၂၈ ရက် သက်တမ်းတိုး ကုန်ဆုံးချိန်ထိ ၇၀၆ ၄၄၅ ဦးသာ သက်တမ်းတိုးခဲ့ပြီး ၂၂၅ ၈၁၀ ဦး ပျက်ကွက်ခဲ့ကြောင်း လွန်ခဲ့သည့် မတ်လ ၁၀ ရက်နေ့တွင် ထိုင်းအလုပ်သမားရေးရာ ဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထိုင်းနိုင်ငံရှိ နိုင်ငံခြားသား အလုပ်သမားများအနက် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှ အလုပ်သမား ၂ သန်းနှင့် ၃ သန်းကြား ရှိနိုင်ကြောင်း Bangkok post သတင်းစာက ခန့်မှန်းရေးသားခဲ့သည်။
စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Subscribe to:
Post Comments (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
ထားဝယ်သူထားဝယ်သားတို.ခင်ဗျာ ဓါတ်ပုံထဲက ကလေးမလေး ဟာ စိတ်ရောဂါ ရနေတဲ့ကလေးမလေးဖြစ်ပြီး အသက်အရွယ်ငယ်ရွယ် တဲ့အတွက် မသမာသူများရဲ.အန္တရာယ်တွေ.ရှ...
-
စိုင်းစိုင်းခမ်းလှိုင် မွေးသက္ကရာဇ် ၁၉၇၉ ခုနှစ် ဧပြီလ (၁၀) ရက် အမည်ရင်း မိဘအမည် စိုင်းခမ်းလှိုင် +စဝ်ဝေဠုသိဂီ င်္ နိ...
-
စာရင်းအင်း ပညာ စာရင်းအင်း ပညာ (statistics) သည် အချက်အလက်များ (data) ကို စုဆောင်းခြင်း (collection)၊ ဆန်းစစ်ခြင်း (analysis)၊ အဓိပ္ပါယ်ဖော်ထ...
-
စကားဦး အခုရက်ပိုင်းအတွင်းမှာ စင်္ကာပူနိုင်ငံသား အဖြစ် ပြောင်းရေး မပြောင်းရေး ဆွေးနွေးထားတဲ့ စာတမ်းလေးတစ်ခုဖတ်ရပါတယ်။
-
ဆရာတာရာမင်းဝေ၏ကဗျာများ၊စာများကိုတစုတစည်းတည်းဖတ်ရှုနိုင်ကြစေရန်စုဆောင်းတင်ပြထားခြင်းဖြစ်ပါသည်။ ကျနော်တင်ပြထားသည်များအပြင်အခြ...
-
မေး ။ ။လူ.အခွင့်အရေး ဂရုဏာရှင်ကြီးများ ထိုင်းရောက်မြန်မာတွေ အဖမ်းအဆီးခံရမှု.တွေ အခွင့်အရေးဖိနှိပ်မှု.တွေ အတွက် ပါးစပ်လေးတွေ စပါးလံ...
-
(ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး) (ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိ ပွဲစားများ ကျင်လည်ရာ နေရာတစ်ခု) ထိုင်းရောက်မြန်မ...
-
ဖသိုက် လို.ခေါ်တဲ့ ထိုင်းတောင်ပိုင်း အနီ ကိုထောက်ခံတယ်ဆိုတာ မှန်ပါတယ် သို.သော် အားလုံးမဟုတ်ပါ အမဲတွေလဲရှိပါတယ် အနီဆိုတာကတော့ ဖွေ.ထု...
-
၁။ ထိုင်းအာဏာပိုင်တို. လစ်လျူရှု.ခြင်း (ရလျင်သာတွယ်တတ်သည်) ၂။ သူတပါး လူမျိုးခြားကိုယုံကြည်မှု.လွန်ကဲခြင်း ၃။ အစုအဝေးလိုက်မနေထိုင်ခြင်း(...
-
* * ကျီး လဲ မထိုး ခွေးလဲမစား ပြည်ပရောက်မြန်မာအလုပ်သမား * * ထိုင်းက မြန်မာ/လာအို/ ကမ္ဘောဒီးယား နိုင်ငံသားအလုပ်သမားတွေကို နိုင်ငံတော် ...
No comments:
Post a Comment