.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Saturday, May 14, 2011

မဲဆောက်မှ အမှု.

ခိုးရာပါပစ္စည်းလက်ခံထားသူက ပိုင်ရှင်အား သံလက်သီးဖြင့် ထိုးကြိတ်


သံလက်သီးဖြင့် အထိုးခံရမှုကြောင့် ရရှိသွားသော ဒါဏ်ရာ

ကိုမောင်မောင်မြင့်သည် အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်ပြီး တီဗီ၊ တယ်လီဖုန်း စသည့် အီလက်ထရွန်းနစ် ပစ္စည်းများ ပြင်သည့်ဆိုင်ဖွင့်လှစ်ထားသည်။ သူ၏ဆိုင်မှ အလုပ်သမားတဦးသည် CD စက်တလုံးကိုခိုးယူပြီး အီဆွတ်ထံသို့ သူခိုးဈေးဖြင့် ရောင်းလိုက်သည်။ အီဆွတ်သည် မြန်မာစကားပြောနိုင်သော ထိုင်းနိုင်ငံသား အစ္စလာမ်ဘာသာဝင်ဖြစ်သည်။ အီဆွတ်ဝယ်ယူထားသည့် CD စက်ကို မူလပိုင်ရှင်ဖြစ်သော ကိုမောင်မောင်မြင့်အား လာဝယ်ပါရန် ဖိတ်ခေါ်သဖြင့် သွားရောက်ကြည့်ရာမှ ကိုမောင်မောင်မြင့်က သူပစ္စည်းဖြစ်ကြောင်း၊သူခိုးလက်ခံဖြစ်နိုင်ကြောင်း၊ဝယ်ထားသည့် ဈေးဖြင့်သာ ပြန်ရောင်းပေးစေလိုကြောင်း ပြောကြားတောင်းဆိုလိုက်သည်။ အီဆွတ်က လက်မခံနိုင်ကြောင်း တုံ့ပြန်သဖြင့် ကိုမောင်မောင်မြင့် ပြန်ထွက်လာခဲ့သည်။

အီဆွတ်သည် စက်ဘီးဖြင့် ပြန်ထွက်သွားသော ကိုမောင်မောင်မြင့်နောက်သို့ ဆိုက်ကယ်ဖြင့်လိုက်သွားပြီး သံလက်သီးစွပ်ထားသော လက်ဖြင့်ထိုးကြိတ်လိုက်ရာ ကိုမောင်မောင်မြင့်၏ ဦးခေါင်းကွဲသွားခဲ့သည်။ အီဆွတ်က" ငါ ထိုင်းနိုင်ငံသားပဲကွ၊ ကြိုက်တဲ့အဖွဲ့နဲ့ တိုင်လို့်ရတယ်" ဟု ပြောသည်ကို ကိုမောင်မောင်မြင့်က " ငါတို့ မြန်မာပြည်သားတွေကို ကူညီစောင့်ရှောက်တဲ့ အဖွဲ့အစည်းရှိတယ်၊ အဲဒီအဖွဲ့ကို သွားတိုင်မယ်" ဟု တုံ့ပြန်ပြောဆိုလိုက်သည်။ အခင်းဖြစ်ပွားသည့်နေသည် (၂၂-၃-၂၀၁၁) ရက်နေ့ဖြစ်ပြီး ညနေ ၆ နာရီ ခွဲခန့်တွင်ဖြစ်သည်။

PVA ရုံးသို့လာရောက်တိုင်ကြားသော ကိုမောင်မောင်မြင့်အား ဒါဏ်ရာသွေးတိတ်အောင် ပြုစုပေးပြီး မဲဆောက်ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားပေးလိုက်သည်။ PVA နှင့် အမှုကိုင်ရဲအရာရှိတို့၏ ညှိုနှိုင်းမှုဖြင့် အီဆွတ်အား ကိုမောင်မောင်မြင့်အတွက် ဆေးဝါးကုသစရိတ်နှင့် နစ်နာကြေးပေးရန်  ဖြေရှင်းဆုံးဖြတ်ပေးလိုက်သည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ