.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Tuesday, May 10, 2011

အိန္ဒိယ မှ မြန်မာနိုင်ငံသို့ တရားမ၀င်ခိုးဝင်သူ နိုင်ငံခြားသား ၁၄ ဦးမြန်မာရဲက ဖမ်းဆီး

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှတဆင့်မြန်မာနိုင်ငံ အတွင်းသို့တရားမ၀င်ခိုးဝင်လာသူမူစလင် ကုလားလူမျိုး ၁၄ ဦးကို မေလ ပထမပတ် အတွင်းချင်းပြည်နယ် တီးတိန်မြို့နယ်ရှိမြန်မာ ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်သည်ဟု သိရသည်။
၎င်း ၁၄ ဦးသည် မီဇိုရမ်-ချင်းပြည်နယ် နယ်စပ် တီအို (Tiau) ကျေးရွာမှတဆင့် ဆိုင်ကယ်ဖြင့် ကလေးမြို့သို့ သွားရန်  တောရွာတွင် ပုန်းအောင်းနစဉ်ဖမ်းဆီးခံခဲ့ကြခြင်းဖြစ်သည်။

“နယ်စပ်ချောင်းကနေ ဆိုင်ကယ် ကယ်ရီနှင့် ကလေးမြို့ဘက်ကို အသွား မေလ ၆ရက်နေ့က တီးတိန်မြို့ အနီး Sezang ရွာမှာ သုံးဦး၊ Kaptel ရွာမှာ တဦး၊မေ ၉ ရက်နေ့က Suangpi ရွာနားမှာ သုံးဦးထပ်ဖမ်းတယ်၊ ဒီမနက်မှာတောထဲမှာပုံး နေကြတဲ့ ၇ ယောက်ကို ထပ်ဖမ်းတယ်” ဟု ဒေသခံတဦးက ပြောသည်။

အဆိုပါ မူစလင်ကုလား ၁၄ ဦးသည် မြန်မာနိုင်ငံမှ တဆင့်မလေးရှားနိုင်ငံသို့သွားရောက်မည့်သူများဖြစ်ကြ ကြောင်းနှင့် ပွဲစားမှာချင်းအမျိုးသားဟုသိရပြီး ၄င်းအား တဦးလျှင် ကျပ်ငွေ ၁၀သိန်းစီပေးထားကြောင်း ထပ်မံသိရသည်။

“အဲဒီလူတွေနှင့် ဆက်စပ်မှုရှိတဲ့ ရဲဝန်ထမ်းတဦးကိုလည်း ဖမ်းထားတယ်၊ပွဲစားကိုတော့ အခုထိမဖမ်း နိုင်ကြသေးဘူး” ဟု ဒေသခံ တဦးက ပြောသည်။

အဖမ်းဆီးခံရသည့် ကုလားမူစလင် ၁၄ ဦးမှာ တီးတိန်မြို့ရဲစခန်းတွင်စုံစမ်းစစ်ဆေးမှုပြုလုပ်နေဆဲဟုသိရပြီး ၄င်းတို့သည်အိန္ဒိယ-မြန်မာ-ဘင်္ဂလာဒေရှ့်နယ်စပ်တွင် နေထိုင်ကြသောရို ဟင်ဂျာလူမျိုးများဖြစ်ကြသည်ဟု လည်း တီးတိန်မြို့ခံ တဦး ကပြောသည်။

၎င်းတို့ကို တီးတိန်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး လွတ်မြောက်သွားသောပွဲစားအား ဖမ်းဆီးပြီးမှသာသူတို့ အား ပြန်လွှတ် ဘွယ်ရှိသည်ဟုသိရသည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ