မဲဆောက်သားလေး
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၂
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၂

မဲဆောက်ဒေသတွင် မြန်မာလူမျိုးပိုင် ကွမ်းယာဆိုင်၊ ကုန်စုံဆိုင်၊ လမ်းဘေးဈေးဆိုင်ငယ်များမှစပြီး ကွန်ပြူတာ ဓာတ်ပုံဆိုင်များအထိ ရှိပါ တယ်။ ဒီဆိုင်တွေအားလုံးကို လာမယ့် မတ်လဆန်းတာနဲ့ စပြီး ပိုက်စိုက်တိုက်ဖမ်းဆီးအရေးယူမှာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ထိုင်းတာ ၀န်ရှိသူတစ်ဦးက ရင်နှီးသူမြန်မာမိတ်ဆွေဆိုင်များကို သတိပေးပါတယ်။ (သစ္စာပန်း-စည်ပင်သာယာ) လိုင်စင်ရှိသော်လည်း မရကြောင်း မြန်မာပြည်သားဖြစ်သည့်အတွက် မရကြောင်း ထိုင်းနိုင်ငံသားတို့လုပ်ရမယ့် အလုပ်ကို လုလုပ်တာဘဲဖြစ်တယ်လို့ဆိုပါတယ်။ တစ်ကယ်လို့ ဆိုင်ဖွင့်မယ်ဆိုရင် ထိုင်းနိုင်ငံသားတစ်ဦးအမည်ဖြင့် လုပ်ဆောင်ရမည်ဖြစ်ပြီး နှစ်စဉ် ၀င်ငွေခွန်နှင့် အခြားသတ်မှတ်ထားသောအခွန်အခများ ကိုပေးဆောင်ကြ ရမည်ဖြစ်ပါသည်။ ထိုသို့ပေးဆောင်ရမည်ဆိုလျှင် ရိုးရိုးသာမန်ကွမ်းယာဆိုင်တစ်ဆိုင်ပင် တစ်နှစ်ဘတ် (၃၀၀၀) ခန့်ရှိကြောင်းသိရသည်။ ဆိုင်လိုင်စင်မှာ ထိုင်းလူမျိုးဖြစ်သော်လည်း လုပ်ကိုင်သူမြန်မာများမှာ ထိုထိုင်းလူမျိုး၏ အလုပ်သမားလက်မှတ်ဖြင့် သာ လုပ်ငန်းလုပ်ကိုင်ရမည်ဖြစ်ပြီး ပတ်စ်ပို့ရှိရန်လည်းလိုအပ်ကြောင်းသိရသည်။ မတ်လအတွင်း လက်မှတ်မဲ့များ၊ မြန်မာပိုင်ဆိုင်များ၊ လုပ် ငန်းများကို တိတိကျကျကိုင်တွယ်ဖို့ လုပ်ဆောင်နေပါပြီလို့လည်း သိရပါတယ်။
မူရင်း -http://maesotnews007.blogspot.
No comments:
Post a Comment